ထိပ်ဆုံး သတင်း :
Home » » ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

8/18/2011 07:25:00 PMတွင်ရေးသည်

dassk
သောကြာနေ့တွင် နေပြည်တော်၌ ကျင်းပမည့် သမ္မတ ဦးသိန်းစိန် တက်ရောက်မည်
ဖြစ်သော နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် တရားဝင် ဖိတ်ကြားထားပြီး ဖြစ်သည်။

အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်မည့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဗုဒ္ဓဟူးနေ့
က သွားရောက်ကာ ဖိတ်စာပေး ဖိတ်ကြားထားခြင်း ဖြစ်သည်။
"ဖိတ်စာ မနေ့က ရပါပြီ၊ စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲပါ၊ ၁၉ ၇က် ၂ဝ ရက်နေ့ နှစ်ရက်အတွက် ဖိတ်တာပါ" ဟု သူ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ တက်ရောက်ပါမည်လား ဆိုသော အမေးကိုတော့ ဦးဥာဏ်ဝင်းက မသိပါကြောင်း ဖြေကြားသည်။

သို့သော် ပါတီတွင်း သတင်းရပ်ကွက် တခုက ဒေါ်အောင်ဆန်းစုကြည်သည် လေ့လာသူ အနေဖြင့် တက်ရောက်ရန် သဘောတူညီပြီး ဖြစ်သည်ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲမှာ သုံးရက် ကြာမြင့်မည် ဖြစ်ကာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပမှာ ဖြစ်သည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၃၇ ပါတီကိုလည်း ဖိတ်ကြားထားပြီး တပါတီလျှင် ၃ ဦးစီ တက်ရောက်ခွင့် ပြုထားသလို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီး နှစ်ဦးစီနှင့် စီးပွားရေး လုပ်ငန်းရှင် ၃ ဦးစီ အထိ တက်ရောက်ရန်လည်း ညွှန်ကြားထားသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"