မြန်မာ့အလင်းသတင်းစာ
ဒီကနေ့ သတင်းစာထဲမှာ မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ တဖွဲ့ချင်း အလိုက် သက်ဆိုင်ရာ ပြည်နယ် အစိုးရတွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးကြဖို့ ကြေညာချက် ထုတ်ပြန် ထားပါတယ်။
၂၀၁၁ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ပါရှိသော ဦးသိန်းစိန် အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကမ်းလှမ်းသည့် ကြေညာချက် ဖြစ်ပါသည်။
ဒါနဲ့ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဖယ်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေး အတွက် ဖွဲ့စည်ထားတဲ့ တိုင်းရင်းသား တပ်ပေါင်းစု UNFC အနေနဲ့ ဗဟိုအစိုးရနဲ့ပဲ တိုက်ရိုက် ဆွေးနွေးမယ်လို့ အကြောင်းပြန် ထားပါတယ်။ အဲဒီ UNFC အဖွဲ့ထဲမှာ ပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ရဲ့ စစ်ရေးတာဝန်ခံ ပူးဆော်လမွန်းက သူတို့အနေနဲ့ ပြည်နယ်အစိုးရနဲ့ ဒီပြဿနာကို မဆွေးနွေး နိုင်ဘူးလို့ ပြောပါတယ်။ "ပြည်နယ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲတာဟာ တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို အာမခံချက်မရှိ ပါဘူး။ ကျနော်တို့ အဖွဲ့တွေ အချင်းချင်း UNFC အနေနဲ့ပဲ ဦးသိန်းစိန် အစိုးရနဲ့ ဆွေးနွေးဖို့ သဘောတူ ထားပါတယ်။ တိုင်းရင်းသားတွေမှာ သမိုင်းအရ အလိမ်ခံရတာ များပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ကြားဝင် ညှိနှိုင်းပေးမယ် ဆိုရင် ကျနော်တို့ ဆွေးနွေး နိုင်မှာပါ" UNFC အဖွဲ့ဝင်မဟုတ်တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်တဲ့ ALP ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ ကလည်း ဗဟိုအစိုးရနဲ့သာ သူတို့က ဆွေးနွေးနိုင်မယ်လို့ ပြောပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့တဲ့ ချင်းအမျိုးသားပါတီ CNP ရဲ့ ဥက္ကဌ ပူးဇိုးဇံ ကတော့ သူတို့ အနေနဲ့ ညီနောင် တိုင်းရင်းသား ပါတီတွေနဲ့အတူ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ပေး နိုင်ကြောင်း သဘောထား ထုတ်ပြန်ထားသလို ကြားလူအနေနဲ့ ဆောင်ရွက်ပေး နိုင်ကြောင်း ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဦးခင်မောင်စိုးမင်း က တင်ပြထားပါတယ်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !