ထိပ်ဆုံး သတင်း :
Home » » ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးလိုလားကြောင်း ဗမာတိုင်းရင်းသားများ တောင်းဆို

ကချင်ပြည်နယ် ထာဝရငြိမ်းချမ်းရေးလိုလားကြောင်း ဗမာတိုင်းရင်းသားများ တောင်းဆို

8/19/2011 07:05:00 PMတွင်ရေးသည်

yashipiကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗမာတိုင်းရင်းသားကိုယ်စားလှယ် (၁၆) ဦးက နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ ကချင်ပြည်နယ်တွင်း ထာရ၀ငြိမ်းချမ်းရေးဖော်ဆောင်ပေးရန်တင်ပြစာ ပေးပို့ကြသည်။

ကချင်ပြည်နယ်အတွင်း "ကချင်မျိုးနွယ်စု၊ ရှမ်းမျိုးနွယ်စုများနှင့် ဘိုးဘောင်စဉ်ဆက် အတူတကွနေထိုင်ခဲ့ကြ သော ဗမာတိုင်းရင်းသားများက နိုင်ငံတော်အစိုးရနှင့် KIA (ကချင်လွတ်မြောက်ရေးတပ်ဖွဲ့) တို့က ကချင်ပြည်နယ်လူထု တစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသော ထာဝရငြိမ်းချမ်းရေးရရှိအောင် ဖော်ဆောင်ပေးရန် မေတ္တာရပ်ခံပါသည်" ဟု သြဂုတ် ၁၈ အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

ဗမာတိုင်းရင်းသားကိုယ်စားလှယ် (၁၆) ဦးတွင်ပါဝင်သည့် ဦးခင်မောင်လှက KIA ဖက်သို့လည်း ထာဝရ ငြိမ်းချမ်းရေး ဖော်ဆောင်ပေးရန်မေတ္တာရပ်ခံစာ ပေးပို့ထားကြောင်း ကချင်သတင်းဌာနသို့ အတည်ပြုပြောသည်။

အလားတူ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စုနှင့် ကချင်မျိုးနွယ်စု လီဆူတိုင်းရင်းသားများကလည်း ထာဝရ ငြိမ်းချမ်းရေးအတွက် သမ္မတဦးသိန်းစိန်ထံ တင်ပြစာကို အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

သို့သော်ကျန်ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဗမာတိုင်းရင်းသားအပါအ၀င် အခြားတိုင်းရင်းသား ကိုယ်စားလှယ်များ၏ ထာဝရငြိမ်းချမ်းရေးဖော်ဆောင်ရန် သမ္မတကြီးထံတင်ပြစာအား အစိုးရ သတင်းစာများတွင် ဖော်ပြခြင်းမျိုး သြဂုတ် ၁၉၊ သောကြာနေ့အထိ မတွေ့ရသေးပါ။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"