ထိပ်ဆုံး သတင်း :
Home » » အကူအညီများကို မြန်မာအစိုးရ ပိတ်ပင်ဟု ကချင်ပြော

အကူအညီများကို မြန်မာအစိုးရ ပိတ်ပင်ဟု ကချင်ပြော

8/17/2011 10:10:00 PMတွင်ရေးသည်

ကချင် စစ်ပြေးဒုက္ခသည်များအား နိုင်ငံတကာ အကူအညီများ မပေးနိုင်အောင် မြန်မာအစိုးရက ပိတ်ပင်ထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် ကချင်အဖွဲ့အစည်းတခုက ပြောဆိုလိုက်သည်။ 

မြန်မာနိုင်ငံတွင် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)၊ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် ပြည်တွင်း NGO အများအပြား ရှိသော်လည်း ဒုက္ခသည်များအရေး ဆောင်ရွက်ပေးရန် ဆက်သွယ်ကမ်းလှမ်းလာခြင်း မရှိကြောင်း ကချင် အမျိုးသမီး အစည်းအရုံး - ထိုင်းနိုင်ငံ (KWAT) အဖွဲ့မှ မွန်နေလီက ဧရာဝတီသို့ ပြောသည်။

268676_159199510819783_100001892050224_368043_4438500_n
အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် KIO တို့ ဇွန်လကုန်ပိုင်းက ပထမအကြိမ် တွေ့ဆုံစဉ် (ဓာတ်ပုံ – ဧရာဝတီ)
"အဲဒါကို ကြည့်ချင်အားဖြင့် ဒီလောက် ဒုက္ခရောက်နေတာကို တွေ့မြင်နေတဲ့ကြားကနေ ဘာမှ အကူအညီ မပေးနိုင်ဘူး ဆိုတာကတော့ အစိုးရက ပိတ်ပင်ထားတယ်ဆိုတာ သေချာတယ်" ဟု မွန်နေလီက ပြောသည်။

ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူပေါင်း ၂၀၀၀၀ ကျော် ရှိကြောင်း၊ ထွက်ပြေးလာသည့် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြကြောင်း သိရသည်။

တချို့ဒုက္ခသည်များသည် မြစ်ကြီးနား၊ ၀ိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြပြီး ဘာသာရေးအဆောက် အအုံများတွင်လည်း အများစု နေထိုင်ကြသည်ဟု မွန်နေလီက ပြောသည်။

ယင်းတို့ကို KIA အပါအ၀င် ဒေသခံ ဘုရားကျောင်းနှင့် အဖွဲ့အစည်းတချို့တို့မှ ကောက်ခံရရှိထားသော အလှူငွေများဖြင့် ထောက်ပံ့ပေးထားရကြောင်း သိရသည်။

"ရေရှည်မှာကျတော့ ဒုက္ခသည်တွေအတွက် အလှူငွေတွေ ကောက်ခံပြီး ထောက်ပံ့နေမယ်ဆိုရင် စိုးရိမ်စရာရှိပါတယ်" ဟု မွန်နေလီက ပြောသည်။
ဒုက္ခသည်များအတွက် အကူအညီများပေးမည့် အဖွဲ့အစည်းများကို အစိုးရက အခွင့်အရေးပေးလာရန် နိုင်ငံတကာ အနေဖြင့် ဖိအားပေးစေလိုကြောင်း ၎င်းက ဆိုသည်။ 

ကချင်ဒေသ တိုက်ပွဲများနှင့် ပတ်သက်၍ ကချင်ပြည်နယ်ရှိ ရှမ်းမျိုးနွယ်စု ကိုယ်စားလှယ် ၁၂ ဦးတို့က စုပေါင်း လက်မှတ်ရေးထိုးကာ ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် အသနားခံတင်ပြခြင်း ခေါင်းစဉ်ဖြင့် စာတစောင်ကို သမ္မတ ဦးသိန်းစိန်ထံ ဇူလိုင်လ ၂၄ ရက်နေ့က ပေးပို့ခဲ့ကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ဖော်ပြထားသည်။

"နှစ်ဖက်ခေါင်းဆောင်များမှ မေတ္တာ၊ ဂရုဏာ ရှေ့ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးပါရန် ကချင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော ရှမ်းတိုင်းရင်းသား မျိုးနွယ်စုများမှ အထူးအသနားခံ တင်ပြအပ်ပါသည်" ဟု ပေးစာတွင် ရေးသားထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ၏ စစ်တပ် KIA သည် ၁၉၆၁ ခုနှစ်မှစ၍ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရရှိရေးအတွက် အစိုးရနှင့် တိုက်ပွဲများ ဖြစ်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အပစ်ခတ်ရပ်စဲရေး စာချုပ်ကို သဘောတူခဲ့သည်။ ပြီးခဲ့သည့် ဇွန်လ အတွင်း နှစ်ဖက် တိုက်ပွဲများ ဖြစ်ပွာခဲ့ပြီးနောက် အဆိုပါသဘောတူစာချုပ် ပျက်ပြယ်သွားခဲ့သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"