ထိပ်ဆုံး သတင်း :
Home » » အစိုးရ နှင့် KIO ဒုအကြိမ် ညှိနှိုင်း

အစိုးရ နှင့် KIO ဒုအကြိမ် ညှိနှိုင်း

8/01/2011 10:06:00 PMတွင်ရေးသည်

http://www.irrawaddymedia.com/bur/images/stories/268676_159199510819783_100001892050224_368043_4438500_n.jpg
ကချင်ဒေသ စစ်ပွဲများ ရပ်စဲရေးအတွက် အစိုးရ နှင့် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) ကိုယ်စားလှယ်များ ယနေ့ ထပ်မံ တွေ့ဆုံ ညှိနှိုင်းကြသည်ဟု သိရသည်။

ဇွန်လ ၃၀ ရက်နေ့က ပထမအကြိမ် ဆွေးနွေးပွဲ ပြုလုပ်သည့် လဂျားယန်ဒေသတွင်ပင် တွေ့ဆုံကြခြင်း ဖြစ်သည်ဟု KIO တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီသို့ ပြောသည်။  

“အဓိကတော့ ကျနော်တို့ဘက်က ပြောတာပေါ့။ သူတို့က နားထောင်ရုံသက်သက်ပါပဲ”  ဟု ဦးလနန်က ပြောသည်။
ယနေ့ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစာချုပ် မူကြမ်းအကြောင်း KIO က ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း၊ အစိုးရ ကိုယ်စားလှယ်တို့က အထက်သို့ တင်ပြအစီရင်ခံပေးမည်ဟု ပြန်လည် ပြောဆိုခဲ့ကြောင်း ဦးလနန်က ရှင်းပြသည်။

ငြိမ်းချမ်းရေးစာချုပ် မူကြမ်းတစောင်ကို KIO က ပြုစုပြီး ကြာသပတေးနေ့တွင် အစိုးရသို့ ပေးပို့ထားသည်။ လက်မှတ် ရေးထိုးပြီးပါက  နှစ်ဘက် တပ်ဖွဲ့များ အပစ်ရပ်ရေးကို ၄၈ နာရီ အတွင်း အကြောင်းကြား လိုက်နာစေရမည်ဟု  မူကြမ်းတွင် ဖော်ပြထားသည်။
ကချင်ဒေသတွင်သာမက နိုင်ငံအတွင်း တိုက်ပွဲအားလုံး ရပ်ဆိုင်းပြီး နိုင်ငံရေးဆွေးနွေးမှုများ ပြုလုပ်မည့် အစီအစဉ်များကို အစိုးရက  ၁၅ ရက် အတွင်း ကြေညာချက် ထုတ်ပြန်ပေးရမည်ဟုလည်း ဖော်ပြထားသည်။  အပစ်ရပ်ပြီး တနှစ်ပြည့်ချိန်တွင်  ထိုစာချုပ်ကို ပြန်လည် သုံးသပ်မည် ဟုလည်း မူကြမ်းတွင် ရေးထားသည်။

ယနေ့ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ကချင်ပြည်နယ် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်ပြီး  KIO ကိုယ်စားလှယ်အဖွဲ့တွင် ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော် ဦးဆောင်သည်ဟု သိရသည်။

အပစ်ရပ်ရေး နှစ်ဘက် ဆွေးနွေးနေကြနေကြချိန်မှာပင် ယမန်နေ့ကအထိ ပစ်ခတ် တိုက်ခိုက်မှုများ ရှိနေဆဲဖြစ်သည်ဟု ဦးလနန်က ဧရာဝတီကို ပြောသည်။

တိုက်ပွဲများမှာ ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ၏ နောက်ဆက်တွဲအဖြစ်  နေရပ်ကို စွန့်ခွာ ထွက်ပြေးရသူပေါင်း  နှစ်သောင်းခန့် ရှိနေကြောင်း ကချင် စစ်ပြေးဒုက္ခသည်များ ကူညီ ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ ဒုက္ခသည်များကို KIO အပါအ၀င် ဒေသခံ ဘုရားကျောင်းတချို့နှင့် အဖွဲ့အစည်းတချို့တို့က ကူညီနေသော်လည်း လုံလောက်မှု မရှိဟု ဆိုသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် KIO ၏ စစ်တပ် ကချင်လွတ်လပ်ရေးတပ်မတော် KIA သည် မြန်မာ့တပ်မတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄ တွင်  ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုပြီး နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။

အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းရှိ KIA ထိန်းချုပ်သည့် ဒေသများတွင် ပဋိပက္ခတချို့ ဖြစ်ပွားခဲ့ သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ  ထိန်းသိမ်းထားနိုင်ခဲ့သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"