ထိပ်ဆုံး သတင်း :
Home » » KIO အဖွဲ့တွင်း နိုင်ငံရေးရှင်းလင်းပွဲ ပြုလုပ်

KIO အဖွဲ့တွင်း နိုင်ငံရေးရှင်းလင်းပွဲ ပြုလုပ်

8/29/2011 09:09:00 PMတွင်ရေးသည်


http://kachinnews.com/burmese/images/stories/KIOKIA/KIO4_group.jpg
သြဂုတ် ၂၇၊ Alen Bum စစ်ဌာနချုပ်တွင် ပြုလုပ်သော နိုင်ငံရေးရှင်းလင်းပွဲတွင် KIO/KIA အဖွဲ့ဝင် ၁၀၀၀ ကျော်တက်ရောက်ခဲ့သည်။
မြန်မာအစိုးရသစ် နေပြည်တော်တွင် ပြည်ထောင်စုလွှတ်ပြုလုပ်နေချိန် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) က မိမိဖွဲ့အတွင်း နိုင်ငံရေးရှင်းလင်းပွဲများကို သြဂုတ် ၂၇၊ စနေနေ့က ပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် KIO ဗဟိုဌာနချုပ် လိုင်ဇာ Alen Bum (အလဲန်ဘွမ်) စစ်ဌာနချုပ်တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွန်ထန်ဂမ်ရှောင်က လက်ရှိ KIO နှင့် မြန်မာအစိုးရသစ်ကြားရှိ နိုင်ငံရေး၊ စစ်ရေးအခြေအနေများကို ရှင်းလင်းပြောဆိုသွားသည်။

ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း (၅)နှင့် တပ်ရင်း (၁၅) ဒေသသို့ မြန်မာအစိုးရ စစ်ကြောင်းများ ထိုးဖောက်ဝင်ရောက်လာသည့်အတွက် ဇွန် ၉ ရက်မှ စတင်ကာ စစ်ပွဲများဖြစ်လာခြင်းဖြစ်ကြောင်းနှင့် ဆက်ပြီး မြန်မာတပ်မှ ထိုးစစ်ဆင်လာပါက ခုခံသွားရန် စစ်ဦးစီးချုပ်က ရှင်းပြခဲ့သည်။

(၁၇) နှစ်ကြာ နိုင်ငံရေးဖြေရှင်းခြင်းမပါသည့် ငြိမ်းချမ်းရေးကာလကြောင့် ကချင်အမျိုးသားများ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး အရ နှစ်နာဆုံးရှုံးမှုတွေကို သင်ခန်းစာယူကာ ပြည်သူများ အကြံပေးချက်များနှင့် အညီ KIO ဗဟိုကော်မတီက နိုင်ငံရေးခြေလှမ်း မမှားစေရန် လေးလေးနက်နက် သတိထား လျှောက်လှမ်းသွားမည်ဟု စစ်ဦးစီးချုပ်မှ ၀န်ခံ ကတိပြုခဲ့သည်။

“KIO က တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ပေါင်းစုံပါဝင်သည့် ညီညွှတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC)အနေဖြင့်သာ နိုင်ငံရေးဆွေးနွေးရန်နှင့် ဘုရားသခင်ထံ ဆုတောင်းခွန်အားယူပြီး KIO ဗဟိုကော်မတီဦးဆောင်မှုကို ယုံကြည်လျက်  မိမိကျရာတာဝန်များကို ထမ်းဆောင်ကြရန်” ဗိုလ်ချုပ်ဂမ်ရှောင် တိုက်တွန်း ပြောဆိုသွားသည်။

KIO သည် ၁၉၈၈ နှောင်းပိုင်းမှ ကချင်ပြည်သူများ၏ အားပေးထောက်ခံမှု တဖြည်းဖြည်းကျဆင်းလာခဲ့ကာ (၁၇) နှစ်တာ မြန်မာစစ်အစိုးရနှင့် ပြုလုပ်သောငြိမ်းချမ်းရေးကာလသည် အနိမ့်ဆုံး အခြေအနေဖြစ်သည်။

သို့သော် မြန်မာစစ်အစိုးရ၏ နယ်ခြားစောင့်တပ် (Border Guard Force) အသွင်ကူးပြောင်းရေးကို KIO က လက်မခံသည့်အတွက် ကချင်ပြည်သူများ၏ထောက်ခံမှု ပြန်လည်ရရှိလာသည်။

နိုင်ငံရေးရှင်းလင်းပွဲများကို လိုင်ဇာ KIO အရပ်ဘက်ဌာနများနှင့် ဒုက္ခသည်စခန်းများတွင် တရက်ထဲ ပြုလုပ်ခဲ့သည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"