ထိပ်ဆုံး သတင်း :
Home » » အမေရိကန် ကိုယ်စားလှယ် အစိုးရအဖွဲ့ ၀င်တွေနဲ့ တွေ့ဆုံ

အမေရိကန် ကိုယ်စားလှယ် အစိုးရအဖွဲ့ ၀င်တွေနဲ့ တွေ့ဆုံ

9/09/2011 11:50:00 PMတွင်ရေးသည်

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ ကိုယ်စားလှယ် Mr. Derek Mitchell ဟာ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ ဒီနေ့ တွေ့ဆုံခဲ့သလို မနက် ၉ နာရီ ကျော်လောက်မှာ အမျိုးသား လွှတ်တော်ကို သွားပြီး လွှတ်တော် ဥက္ကဌ အပါအဝင် အမတ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ် အဖြစ် သမ္မတ အိုဘားမား အဆိုပြုထားသော အာရှနဲ့ ပစိဖိတ် ရေးရာ ဒုတိယ လက်ထောက် ကာကွယ်ရေး ၀န်ကြီး Derek Mitchell ဖြစ်ပါသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာကို ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဥက္ကဌလည်းဖြစ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တဦးလည်း ဖြစ်တဲ့ ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။ “Mr. Derek Mitchell နဲ့ လွှတ်တော်ဥက္ကဌကြီးနဲ့ အပြန်အလှန် ဆွေးနွေးကြတယ်။ သူက လွှတ်တော်နဲ့ ပတ်သက်တဲ့ ဥပဒေပြုရေး အဆင့်ဆင့်ကို မေးမြန်းတာ ရှိပါတယ်။ ဒီဘက်က လွှတ်တော်ရဲ့ ဥပဒေပြုရေးနဲ့ ဖွဲ့စည်းပုံတွေ အကုန်လုံးကို ရှင်းပြပါတယ်။ သူ့ဘက်ကလဲ မြန်မာပြည်ရဲ့ လတ်တလော ပြောင်းလဲ လာတာတွေကို လက်ခံတဲ့ အကြောင်း ရှင်းပြပါတယ်။ နောက်ပြီး ဒီလိုမျိုး ဆက်ဆံ ဆွေးနွေးချင်တာတွေကို ပြောပြပါတယ်။ ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး ရှိပါတယ်” မစ္စတာ ဒီရက် မစ်ခ်ျရှဲဟာ လာမယ့် တနင်္လာနေ့မှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စီစဉ်ထားသလို၊ ရန်ကုန် အခြေစိုက် နိုင်ငံရေး ပါတီတွေက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ အမေရိကန် အစိုးရက မြန်မာ့အရေး ကူညီဖို့ အစိုးရရဲ့ ကိုယ်စားလှယ်အဖြစ် မစ္စတာ ဒီရက် မစ်ခ်ျရှဲကို ပြီးခဲ့တဲ့ ဇွန်လက တရားဝင်ခန့်အပ်လိုက်တာပါ။ ဒါကြောင့် အခုခရီးဟာ သူရဲ့ ပထမဆုံးခရီးဖြစ် ပါတယ်။ အမေရိကန် အစိုးရ ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်ဟာ တစုံတရာ အကျိုးရှိလာ နိုင်ဖွယ်ရှိ တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်က သုံးသပ်ပါတယ်။ အမေရိကန် အစိုးရ ကိုယ်စားလှယ်ရဲ့ အခုခရီးစဉ်အပေါ် နိုင်ငံရေး ခေါင်းဆောင် တချို့ရဲ့ အမြင်တွေကို ကိုနေရိန်ကျော်က တင်ပြထားပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"