ထိပ်ဆုံး သတင်း :
Home » » မဇ္ဈိမ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ဓါတ်ပုံများ

မဇ္ဈိမ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ဓါတ်ပုံများ

9/15/2011 02:04:00 PMတွင်ရေးသည်

U-19 အာဆီယံ ချန်ပီယံဖလားပြိုင်ပွဲအား ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည် :: မြန်မာနှင့် လာအို အသက် ၁၉  နှစ်အောက် ဘောလုံးအသင်းများ ယှဉ်ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၁၄ ရက်၊ ၂ဝ၁၁ ခုနှစ်က ပြုလုပ်ရာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သွားရောက် ကြည့်ရှု့အားပေးခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ U-19 အာဆီယံ ချန်ပီယံဖလားပြိုင်ပွဲအား ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည် :: မြန်မာနှင့် လာအို အသက် ၁၉  နှစ်အောက် ဘောလုံးအသင်းများ ယှဉ်ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၁၄ ရက်၊ ၂ဝ၁၁ ခုနှစ်က ပြုလုပ်ရာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သွားရောက် ကြည့်ရှု့အားပေးခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ ဘောလုံးအဖွဲ့ချုပ်မှ ကြိုဆိုနှုတ်ဆက်သူများနှင့် အတူ :: ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် အသက် ၁၉ နှစ်အောက် အာဆီယံ ချန်ပီယံဖလားပွဲ မြန်မာနှင့် လာအို ဘောလုံးအသင်းတို့   ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၁ ခုနှစ်က ယှဉ်ပြိုင်ကြသည့်ပွဲကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှု့ရာ ဘောလုံးအဖွဲ့ချုပ်မှ ကြိုဆိုနှုတ်ဆက်သူများနှင့် အတူ တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ဒေါ်အောင်ဆန်းစုကြည် U-19 အာဆီယံ ချန်ပီယံဖလားပွဲ သွားရောက်ကြည့်ရှု့ :: ရန်ကုန်မြို့ သုဝဏ္ဏ အားကစားကွင်းတွင် အသက် ၁၉ နှစ်အောက် အာဆီယံ ချန်ပီယံဖလားပွဲ မြန်မာနှင့် လာအို ဘောလုံးအသင်းတို့   ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၁ ခုနှစ်က ယှဉ်ပြိုင်ကြသည့်ပွဲကို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သွားရောက် ကြည့်ရှု့ရာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ကြိုဆိုနှုတ်ဆက်စဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ မြန်မာအစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကူညီ ပံ့ပိုးပေးနေမှုဖြင့် အမေရိကန် နိုင်ငံက စီးပွားရေး ပိတ်ဆို့ အရေးယူမှု စာရင်းတွင် ဦးဇော်ဇော်ကို ထည့်သွင်းထားသည်။ Save the Irrawaddy ဟောပြောပွဲ ဇမ္ဗူသီရိ ကျောင်းတိုက်တွင် ကျင်းပ :: စာရေးဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)၊ ကိုတာနှင့် မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်တို့ ဟောပြောသော Save the Irrawaddy ဟောပြောပွဲကို ရန်ကုနမြို့ မင်္ဂလာဒုံမြို့နယ် ဇမ္ဗူသီရိ ကျောင်းတိုက်တွင် စနေနေ့ စက်တင်ဘာလ ၁ဝ ရက်၊ ၂ဝ၁၁ ခုနှစ်က ကျင်းပရာ တက်ရောက် နားထောင်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဒေါက်တာထွန်းလွင်က ဧရာဝတီမြစ်ဖျားရှိ မြစ်ဆုံတွင် ရေကာတာ တည်ဆောက်ခြင်းကို လုံးဝကန့်ကွက်ကြောင်း ပြောဆိုသွားခဲ့သည်။ Save the Irrawaddy ဟောပြောပွဲ ဇမ္ဗူသီရိ ကျောင်းတိုက်တွင် ကျင်းပ :: Save the Irrawaddy ဟောပြောပွဲကို ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ဇမ္ဗူသီရိ ကျောင်းတိုက်တွင် စနေနေ့ စက်တင်ဘာ ၁ဝ ရက်၊ ၂ဝ၁၁ ခုနှစ်နေ့က ပြုလုပ်ရာ အငြိမ်းစား မြန်မာ့ မိုးလေဝသနှင့် ဇလဗေဒဌာန အရာရှိ ဦးထွန်းလွင်က မြစ်ဆုံရေကာတာ တည်ဆောက်ခြင်းကို လုံးဝ ကန့်ကွက်ကြောင်း ပြောသွားခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။  ဇမ္ဗူသီရိပရဟိတ လူငယ်များက ဦးဆောင်ပြုလုပ်ခဲ့သောပွဲကို လူ ၅၀၀ ခန့် တက်ရောက် နားထောင်ခဲ့သည်။ အဲပုဂံ လေကြောင်းလိုင်းဖြင့် ပြည်တော်ပြန် :: ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ အဲပုဂံ လေကြောင်းလိုင်းဖြင့် ရောက်ရှိလာသည့် လူရွှင်တော် ဂေါ်ဇီလာနှင့် ဇီးသီးတို့ စက်တင်ဘာလ ၁၁ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် အစစ်ဆေးခံနေစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ပြည်တော်ပြန် :: ပြည်တော်ပြန်ဝင်လာသည့် သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင်များဖြစ်သည့် စိန်သီး၊ ဇီးသီး၊ ဂေါ်ဇီလာနှင့် ချောစုမျိုးတို့ကို  ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဆိုက်ရောက် ခန်းမဆောင်မှ အထွက် စက်တာဘာလ ၁၁ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ပြည်တော်ပြန် :: သီးလေးသီးအဖွဲ့ဝင် လူရွှင်တော် စိန်သီးကို သတင်းထောက်များ ဝိုင်းဝန်း မေးမြန်းနေသည်ကို စက်တင်ဘာလ ၁၁ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ပြည်တော်ပြန် :: သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားနေသည့် လူရွှင်တော် ဂေါ်ဇီလာကို စက်တင်ဘာလ ၁၁ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ပြည်တော်ပြန် :: လူရွှင်တော်စိန်သီးနှင့် သူအား နှုတ်ဆက်နေသူ တဦးတို့ကို ဝိုင်းအုံနေသည့် သတင်းထောက်များ အကြား စက်တင်ဘာလ ၁၁ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ပြည်တော်ပြန် :: သီးလေးသီး ဆေးရောင်စုံအငြိမ့်အဖွဲ့မှ မင်းသမီး ချောစုမျိုးနှင့် သူမ၏ မိခင်ဖြစ်သူတို့ကို ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာလ ၁၁ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ပြည်တော်ပြန် :: သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင်များဖြစ်သည့် (ဝဲမှယာ) ဇီးသီး၊ စိန်သီး၊ ဂေါ်ဇီလာနှင့် ချောစုမျိုးတို့ကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထွက် စက်တင်ဘာလ ၁၁ ရက် ၂ဝ၁၁ ခုနှစ် ညနေပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ- မဇ္ဈိမ) ၂ဝ၁၁ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ ဟောပြောပွဲ :: ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်သည့် ၂ဝ၁၁ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ ဟောပြောပွဲ အဝင်ဆိုင်းဘုတ်ကို စက်တင်ဘာလ ၁ဝ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ ) အဆိုပါ ဟောပြောပွဲကို လျှပ်တပြက် သတင်းဂျာနယ်နှင့် Orchid ဟိုတယ်တို့မှ ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။ ၂ဝ၁၁ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ ဟောပြောပွဲ :: (ဝဲမှယာ) နိုင်ငံတော်သမ္မတ အကြံပေး ဦးကိုကိုလှိုင်၊ စာရေးဆရာ လယ်တွင်းသားစောချစ်၊ သခင်တင်မြနှင့် စာရေးဆရာ မောင်စူးစမ်း တို့ကို စက်တင်ဘာလ ၁ဝ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက ၂ဝ၁၁ ခုနှစ် မြန်မာနိုင်ငံရေး အခြေအနေ ဟောပြောပွဲတွင် တွေ့ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ ) ၂ဝ၁၁ မြန်မာနိုင်ငံ နိုင်ငံရေး အခြေအနေ ဟောပြောပွဲ :: နိုင်ငံတော်သမ္မတအကြံပေး ဦးကိုကိုလှိုင် ၂ဝ၁၁ ခုနှစ် မြန်မာနိုင်ငံရေးအခြေအနေ ဟောပြောပွဲတွင် ဟောပြောနေသည်ကို စက်တင်ဘာလ ၁ဝ ရက် ၂ဝ၁၁ ခုနှစ် နေ့လည်ပိုင်းက တွေ့ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိ ) ရန်ကုန်ဆေးရုံကြီး လျှပ်စစ်ခန်း မီးလန့် :: ရန်ကုန် ဆေးရုံကြီးဝင်းအတွင်းရှိ လျှပ်စစ်ခန်းတွင် ကြာသပတေးနေ့ မွန်းလွဲ သုံးနာရီခွဲခန့်က လျှပ်စစ်ဝိုင်ယာကြိုးများ ရှော့ဖြစ်ကာ မီးလောင်ကျွမ်းမှု အနည်းငယ် ဖြစ်သွားခဲ့သည်။ အရေးပေါ် လူနာများထားသည့် အဆောင်အနီးရှိ လျှပ်စစ်ခန်း မီးလန့်မှုကြောင့် လူနာများ အထိတ်တလန့် ဖြစ်ခဲ့ကြသည်။ ဓာတ်ပုံ- မဇ္ဈိမ ပြည်သူ့ခေတ် ဂျာနယ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အပန်းဖြေနားရက်များ ဆောင်းပါး :: ဒေါ်အောင်ဆန်းစုကြည် ရေးသားသည့် ဆောင်းပါး ပုံနှိပ်ဖော်ပြခွင့်ရသည့် ပြည်သူ့ခေတ် ဂျာနယ်ကြော်ငြာ ကပ်ထားသည့် ဂျာနယ် အရောင်းဆိုင်တခုနှင့် ဆောင်းပါးကို ဖတ်ရှုနေသည့် လူငယ်တဦးကို အင်္ဂါနေ့ စက်တင်ဘာလ ၆ ရက်၊ ၂ဝ၁၁ ခုနှစ် နံနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)  နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ပုဂံမြို့ဟောင်းသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးသားသည့် မြန်မာပြည်ကရေးတဲ့စာ (အပန်းဖြေနားရက်များ- ၁) ဆောင်းပါးပါ စာပိုဒ်အချို့ကို ဖြတ်တောက်ရန် စာပေစိစစ်ရေးက ညွှန်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် မူရင်းအတိုင်း ထုတ်ဝေခွင့် ပေးခဲ့သည်။ ပြည်သူ့ခေတ်ဂျာနယ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အပန်းဖြေနားရက်များ ဆောင်းပါး :: ပြည်သူ့ခေတ် ဂျာနယ် အတွင်းစာမျက်နှာရှိ ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်းပါးကို ပြသနေသည့် ဂျာနယ် အရောင်းသမားတဦးကို အင်္ဂါနေ့ စက်တင်ဘာလ ၆ ရက်၊ ၂ဝ၁၁ ခုနှစ် မနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)  မြန်မာပြည်ကရေးတဲ့စာ (အပန်းဖြေနားရက်များ- ၁) ခရီးသွား ဆောင်းပါးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသားခြင်းဖြစ်ပြီး ဂျပန်သတင်းစာ Mainichi တွင် ဇူလိုင်လ ၁၉ ရက်နေ့က ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာများဖြင့် ဖော်ပြခဲ့ပြီး ဖြစ်သည်။ ပြည်သူ့ခေတ်ဂျာနယ်မှ ဒေါ်အောင်ဆန်းစုကြည်၏ အပန်းဖြေနားရက်များ ဆောင်းပါး :: ပြည်သူ့ခေတ် ဂျာနယ်များ လိုက်လံ ရောင်းချနေသည့် ဂျာနယ်လက်ပွေ့ အရောင်းသမား တဦးကို အင်္ဂါနေ့ စက်တင်ဘာလ ၆ ရက် ၂ဝ၁၁ ခုနှစ် မနက်ပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) ယနေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးသွားဆောင်းပါးအပြင် လွန်ခဲ့သည့် ၂၅ နှစ် (၁၉၈၆၊ မတ်လ)က အတွေးအမြင် စာစောင်တွင် ဦးဝင်းတင် ရေးသားခဲ့သည့် ပဉ္စမ မဏ္ဍိုင် အမည်ရှိ ဆောင်းပါးကိုပါ ပြန်လည်ရိုက်နှိပ် ဖော်ပြခွင့်ရခဲ့သည်။ ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် ဒေါ်အောင်ဆန်းစုကြည် :: ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅၀ ပြည့် အထိမ်းအမှတ် ပန်းချီပြပွဲသို့ လာရောက်သည့် မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြု ရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည် :: မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို တနင်္လာနေ့ စက်တင်ဘာလ ၅ ရက်၊ ၂ဝ၁၁ ခုနှစ်က ရန်ကုန်မြို့ အိန္ဒိယသံရုံးတွင် ပြုလုပ်သည့် စာပေ နိုဗယ်ဆုရှင် ဘင်္ဂါလီ စာရေးဆရာကြီး ရာဘိန္ဒြာနသ်တဂိုး နှစ် ၁၅ဝ ပြည့် အထိန်းအမှတ် ပန်းချီပြပွဲတွင် တွေ့မြင်ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။  ။ စက်တင်ဘာ ၂ ရက်နေ့မှ ၈ ရက်နေ့အထိ တဂိုး၏ ပန်းချီလက်ရာ ပုံတူများနှင့် မြန်မာပန်းချီဆရာများ ဂုဏ်ပြုရေးဆွဲထားသော တဂိုး၏ ပုံတူပန်းချီများ ပြသထားသည်။ အိန္ဒိယ သံအမတ်ကြီး H.E. Dr. V.S.Seshadri နှင့် ဒေါ်အောင်ဆန်းစုကြည် :: (ဝဲမှယာ).. ဦးခွန်သာမြင့်၊ ဒေါက်တာ တင်မျိုးဝင်း၊  မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Dr. V.S.Seshadri ၊ ဒေါ်အောင်ဆန်းစုကြည်၊ သံအမတ်ကြီးကတော် (ဖြူ)၊ ဒုတိယ သံအမတ် Ms. Sripriya Ranganathan (ဝါ) တို့နှင့် အတူ တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ) ဒေါ်အောင်ဆန်းစုကြည်ကို လာရောက်စောင့်ဆိုင်းနေသူများ :: ရန်ကုန်မြို့ အိန္ဒိယသံရုံးသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေကြောင်း ကြားသိသဖြင့် လာရောက် စောင့်ဆိုင်းနေသူများကို သံရုံးမျက်နှာစာရှေ့တွင် တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ ICT Expo 2011 ကို မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ :: တတိယအကြိမ် ကွန်ပျူတာနှင့် သတင်း အချက်အလက် နည်းပညာပြပွဲ ICT Expo 2011 ကို မန္တလေးမြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနှင့် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်းကျင်းပသည့် ထိုပြပွဲတွင် ကုမ္ပဏီ ၄၄ ခုမှ ပြခန်း ၇၁ ခန်း ပြသခဲ့သည်။ ICT Expo 2011 ကို မန္တလေးမြို့၊ မြို့တော်ခန်းမတွင် ကျင်းပ :: တတိယအကြိမ် ကွန်ပျူတာနှင့် သတင်း အချက်အလက် နည်းပညာပြပွဲ ICT Expo 2011 ကို မန္တလေးမြို့၊ မြို့တော်ခန်းမတွင် စက်တင်ဘာ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ကျင်းပခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ။ မန္တလေးတိုင်း ဒေသကြီး ကွန်ပျူတာ ပညာရှင်အသင်းနှင့် ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့ ပူးပေါင်းကျင်းပသည့် ထိုပြပွဲတွင် ကုမ္ပဏီ ၄၄ ခုမှ ပြခန်း ၇၁ ခန်း ပြသခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး ရထားပို့ဆောင်ရေး ဝန်ကြီး လာရောက်ကြည့်ရှု့စစ်ဆေး :: ရထားတွဲ တိမ်းမှောက်ခြင်းမှာ ပြင်ပ ပရောဂ မပါဘဲ သဘာဝအလျောက် ဖြစ်တာပါဟု ရန်ကုန်တိုင်း စစ်တိုင်းမှူးက သတင်းထောက်များကို ပြောကြားသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်ဘက်ဝင်လာသော မြို့ပတ်ရထားသည် ကြာသပတေးနေ့ စက်တင်ဘာ ၁ ရက်၊ ၂ဝ၁၁ ခုနှစ်က ကမာရွတ်နှင့် လှည်းတန်းဘူတာအကြားတွင် နောက်ဆုံးတွဲက ပြုတ်ထွက် တိမ်းမှောက်ရာ ခရီးသည် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည် ရန်ကုန်တိုင်းဒေသကြီး ရထားပို့ဆောင်ရေး ဝန်ကြီး လာရောက်ကြည့်ရှု့စစ်ဆေး :: ခရီးသည်လေးဦး ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သော မြို့ပတ်ရထား တိမ်းမှောက်ရာသို့ လာရောက်ကြည့်ရှု့စစ်ဆေးသော ရန်ကုန်တိုင်းဒေသကြီး ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်ခင်ကို တွေ့ရစဉ်။ ရန်ကုန်ဘက်ဝင်လာသော မြို့ပတ်ရထားသည် ကြာသပတေးနေ့ စက်တင်ဘာ ၁ ရက်၊ ၂ဝ၁၁ ခုနှစ်က ကမာရွတ်နှင့် လှည်းတန်းဘူတာအကြားတွင် နောက်ဆုံးတွဲက ပြုတ်ထွက် တိမ်းမှောက်ရာ ခရီးသည် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: တိမ်းမှောက်သွားသော ရန်ကုန်မြို့ပတ် ရထားတွဲကို ခရီးသည်များနှင့် အနီးပတ်ဝန်းကျင်လူများက ကြည့်ရှု့နေသည်ကို ကြာသပတေးနေ့ စက်တင်ဘာလ ၁ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ကမာရွတ် ဘူတာနှင့် လှည်းတန်း ဘူတာအကြား မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က နောက်ဆုံးတွဲ ပြုတ်ကျကျန်ပြီး  တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: တိမ်းမှောက်သွားသော ရန်ကုန်မြို့ပတ် ရထားတွဲကို ခရီးသည်များနှင့် အနီးပတ်ဝန်းကျင်လူများက ကြည့်ရှု့နေသည်ကို ကြာသပတေးနေ့ စက်တင်ဘာလ ၁ရက်၊ ၂၀၁၁ ခုနှစ်က တွေ့ရစဉ်။ ကမာရွတ် ဘူတာနှင့် လှည်းတန်း ဘူတာအကြား မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က နောက်ဆုံးတွဲ ပြုတ်ကျကျန်ပြီး  တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ။ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: ရန်ကုန်ဘက်သို့ ပြန်ဝင်သော မြို့ပတ်ရထား (စက်ခေါင်းအမှတ် DT-၉၃၆) သည် ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က ကမာရွတ်ဘူတာနှင့် လှည်းတန်းဘူတာ အကြားတွင် နောက်ဆုံးတွဲက ပြုတ်ထွက်ပြီး တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦးပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ ရန်ကုန်မြို့ပတ် ရထားတွဲ ကမာရွတ်နှင့် လှည်းတန်း ဘူတာအကြား တိမ်းမှောက် :: မြို့ပတ်ရထားတွဲ တိမ်းမှောက်မှုကြောင့် ဒဏ်ရရသွားခဲ့သော ခရီးသည် တဦးကို တိမ်းမှောက်သွားသော တွဲအနီး တွေ့ရစဉ် ။ ဓာတ်ပုံ- မဇ္ဈိမ။ကမာရွတ် ဘူတာနှင့် လှည်းတန်း ဘူတာအကြား မွန်းလွဲ ၁ နာရီ ၅၅ မိနစ်က နောက်ဆုံးတွဲ ပြုတ်ကျကျန်ပြီး  တိမ်းမှောက်မှု ဖြစ်ပွားသဖြင့် ခရီးသည် လေးဦး ဒဏ်ရာပြင်းထန်စွာ ရရှိသွားသည်။ ဓာတ်ပုံ- မဇ္ဈိမ။
U-19 အာဆီယံ ချန်ပီယံဖလားပြိုင်ပွဲအား ကြည့်ရှုနေသော ဒေါ်အောင်ဆန်းစုကြည် :: မြန်မာနှင့် လာအို အသက် ၁၉ နှစ်အောက် ဘောလုံးအသင်းများ ယှဉ်ပြိုင်ပွဲကို ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ဗုဒ္ဓဟူးနေ့ စက်တင်ဘာ ၁၄ ရက်၊ ၂ဝ၁၁ ခုနှစ်က ပြုလုပ်ရာ အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း သွားရောက် ကြည့်ရှု့အားပေးခဲ့သည်။ ဓာတ်ပုံ- မဇ္ဈိမ

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"