ထိပ်ဆုံး သတင်း :
Home » » နမ်ဆန်ယန် မြန်မာစစ်စခန်းအား KIA မီးရှို့ ဖျက်ဆီး

နမ်ဆန်ယန် မြန်မာစစ်စခန်းအား KIA မီးရှို့ ဖျက်ဆီး

9/13/2011 10:06:00 PMတွင်ရေးသည်

Nam san yang myenကချင်ပြည်နယ်တောင်ပိုင်း မြစ်ကြီးနား-လိုင်ဇာလမ်းပိုင်းတစ်နေရာ နမ်ဆန်ယန် (Namsan Yang) ကျေးရွာရှိ မြန်မာအစိုးရတပ်စခန်း ၃ ခုအနက် တစ်ခုအား ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က တနင်္လာနေ့ ညပိုင်းတွင် မီးရှို့ ဖျက်ဆီးလိုက်သည်ဟု KIA အရာရှိများအတည်ပြုပြောသည်။

၎င်းကျေးရွာရှိ လဇိန်ကောင် (Lazing Kawng) ပေါ်မှ မြန်မာစစ်တပ်၏ အဓိက တပ်စခန်း အဆောက်အအုံ ၃ ခုသည် ဒေသစံတော်ချိန် ည ၁၀ နာရီခန့်တွင် KIA ၏ ရှို့မီးကြောင့် လုံးဝ ပြာကျသွားသည်ဟု ကျေးရွာသားတစ်ဦး ကချင်သတင်းဌာနသို့ပြောသည်။

ယင်းစခန်းသည် မြစ်ကြီးနား-လိုင်ဇာလမ်းဘေးတွင်တည်ရှိကာ ဖြတ်သန်းသွားလာသူများ အား ရပ်တန့်ကာ ၎င်းတို့သယ်ယူလာသည့်ကုန်ပစ္စည်းများအတွက် ပိုက်ဆံကောက်ခံသည့်အပြင် ခရီးသွားများအား ယင်းစခန်းထဲ ခေါ်သွင်းပြီး မေးမြန်း စစ်ဆေးလေ့ရှိသည်ဟု ထပ်ဆိုသည်။

ယခုအဖြစ်အပျက် မတိုင်ခင် ၅ ရက်အလိုတွင် ၎င်းတပ်စခန်းမှမြန်မာစစ်သားများမှာ ရွာထဲ အခြားစခန်း၂ ခုသို့ ရွှေ့ပြောင်းသွားသည့်အတွက်ကြောင့် မီးရှို့မှုတွင် တစ်စုံတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါဟု ရွာသားများ ပြောသည်။

ဇွန် ၉ ရက်မှစတင်ကာ မြန်မာအစိုးရစစ်တပ်က ဆန်ဂန် KIA စစ်စခန်းကို ထိုးစစ်ဆင်လာပြီးနောက်ပိုင်း နမ်ဆန်ယန်ကျေးရွာသည် စစ်ပွဲဖြစ်ရာ ဒေသထဲ ပါဝင်လာသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"