ထိပ်ဆုံး သတင်း :
Home » » NLD နည်းပရိယာယ်သစ် ချမှတ်ရန် ဗကပ အကြံပြု

NLD နည်းပရိယာယ်သစ် ချမှတ်ရန် ဗကပ အကြံပြု

9/27/2011 09:35:00 PMတွင်ရေးသည်

http://www.irrawaddy.org/bur/images/stories/supporters-aung-san-suu-kyi-ap.gif
နယူးဒေလီ (မဇ္ဈိမ) ။       ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် နည်းပရိယာယ်ပေါင်းစုံ ကျင့်သုံး ဆောင်ရွက်သင့်ကြောင်း ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ)က အကြံပြု ပြောကြားလိုက်သည်။

တနင်္လာနေ့က ဖြန့်ချိလိုက်သည့် ဗကပ အာဘော် ‘အရေးတော်ပုံ’ ဂျာနယ်တွင်  “NLD က အကြမ်းမဖက်ရေးကို အသေစွဲ ကိုင်ထားလျှင် မှားလိမ့်မည်ဟု ယူဆပါသည်။ … နည်းပရိယာယ် လမ်းစဉ်သစ် ချမှတ်ဖို့ လိုပြီဟု ယူဆပါသည်” ဟု ဖော်ပြ ပါရှိသည်။

အာဏာရ အစိုးရဘက်မှ အကြမ်းဖက်မှုဆိုသည်မှာ အချိန်မရွေး ဖြစ်ပေါ်လာနိုင်သဖြင့် မိမိဘက်မှ စတင် ပြင်ဆင်
ထားသင့်ကြောင်း “သေသေချာချာ ခုချိန်ကတည်းက ပြင်ဆင်သင့်တယ်လို့ထင်တယ်။ အကယ်၍ ဗိုလ်သိန်းစိန် အစိုးရက ခြေလှမ်းတခု ယူလိုက်ရင် အလစ်အငိုက် မခံရဖို့ အရေးကြီးတယ်။ ကိုယ့်ကိုယ်ကို တုပ်နှောင်ထားရာ
ကျမယ့် ဘာတော့ မလုပ်ဘူး၊ ဘာပဲလုပ်မယ်လို့ ပြောလိုက်ရင် အကာအကွယ်မဲ့သွားမယ်လို့ထင်တယ်။ အဲဒါကို စိုးရိမ်လို့ ကျနော်တို့က ထုတ်ပြောတာပါ” ဟု ဗကပ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းက မဇ္ဈိမကို ပြောသည်။

သို့သော် မည်သည့် နည်းပရိယာယ်များ ချမှတ် ကျင့်သုံးသင့်သည်ကိုမူ ၎င်းက တိတိကျကျ ပြောဆိုခြင်း မရှိပေ။

‪NLD အနေနှင့်မူ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ချမှတ်ထားသည့် မူအတိုင်း ငြိမ်းချမ်းစွာ ပြောင်းလဲမှုကိုပဲ ယုံကြည်စွာ ဆက်လက် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း ပြောခွင့်ရ ဦးအုန်းကြိုင်က တုန့်ပြန် ပြောဆိုလိုက်
သည်။

“အကြံပြုတဲ့ စေတနာကိုတော့ ဘာမှပြောစရာမရှိပါဘူး။ ကျနော်တို့ကလည်း ကျနော်တို့ အခြေအနေနဲ့ လုပ်ကိုင်
ဆောင်ရွက်နေရတဲ့ အခြေအနေ အပေါ်မှာ ဓမ္မဓိဋ္ဌာန်ကျကျ ချဉ်းကပ် သုံးသပ်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဤကာလများအတွင်း ရုတ်တရက်အသိအမှတ်ပြုနေခြင်းမှာလည်း သူမ၏ပါတီ
NLD နှင့် ခွဲခြားပစ်ရန် ကြိုးပမ်းမှုများဖြစ်ကြောင်းရဲဘော်ဖိုးသံချောင်းက “ဒေါ်အောင်ဆန်းစုကြည်ကို ဗြုန်းစားကြီး အသိအမှတ်ပြုလာတာ၊ အင်မတန် တော်တဲ့အကြောင်း၊ ဉာဏ်အမြော်အမြင်ကြီးတဲ့ အကြောင်း မြှောက်ပင့်
ပြောလာတာ။ ရိုးရိုးသားသားဆို ဒါမျိုးပြောနေစရာ မလိုဘူးလေ။ ဒီလို အိနြေ္ဒမရတဲ့၊ တည်တည်ကြည်ကြည် မရှိတဲ့ လုပ်ရပ်တွေကြောင့် ကျနော်ကတော့ သူတို့အပေါ်မှာ လုံးဝသံသယရှိတယ်” ဟု ရဲဘော်ဖိုးသံချောင်းက ဆိုသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"