မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီ ရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့၊ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း ယာယီရပ်ဆိုင်းထားဖို့ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ အပြုသဘောလုပ်ရပ်ဖြစ်တာမို့ ဒါကို အမေရိကန်ပြည်ထောင်စုက ကြိုဆိုလိုက်ပါတယ်။
မြစ်ဆုံ စီမံကိန်းကြောင့် ဧရာဝတီမြစ်မကြီးရဲ့ ဂေဟစနစ်နဲ့ သဘာဝပတ်ဝန်းကျင်တွေကို ထိခိုက်မှု ရှိစေလိမ့်မယ်ဆိုပြီး ပြည်တွင်းက ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ၊ စာပေအနုပညာရှင်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက တောင်းဆိုနေကြတာပါ။ ဒါပေမယ့် မြန်မာအာဏာပိုင်အချို့က ဒီစီမံကိန်းကို ဆက်လုပ်သွားမယ်ဆိုခဲ့ကြတဲ့အတွက် အဲဒီစီမံကိန်းကို ရပ်ဆိုင်းဖို့ အစိုးရအဖွဲ့သစ် အပေါ် ပြည်တွင်းရော ပြည်ပက ဖိအားတွေ တိုးလာခဲ့ပါတယ်။

နားဆင်ရန်...
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !