ထိပ်ဆုံး သတင်း :
Home » » စစ်​ရေး​အရဖိအား​ပေး​၍ ရပ်တည်ချက်​ပြောင်း​မည်မဟုတ်ဟု ​ကေအိုင်အို​ပြော

စစ်​ရေး​အရဖိအား​ပေး​၍ ရပ်တည်ချက်​ပြောင်း​မည်မဟုတ်ဟု ​ကေအိုင်အို​ပြော

10/26/2011 10:56:00 PMတွင်ရေးသည်

အစိုး​ရတပ်​ တွေက ​ကေအိုင်အိုကို စစ်​ရေး​အရ ဆက်လက်တိုက်ခိုက်​နေ​ပေမယ့်​ ​ကေအိုင်အိုက မူလကိုင်စွဲထား​တဲ့​ တနိုင်ငံလုံး​အပစ်ရပ်​ရေး​နဲ့​ တပ်​ပေါင်း​စုနဲ့​ ​ဆွေး​နွေး​မယ်ဆိုတဲ့​ ရပ်တည်ချက်ကို ဆက်လက်ကိုင်စွဲသွား​မယ်လို့​ ​ပြောပါတယ်။
နှစ်ဘက်အကြား​ အပစ်ရပ်ပျက်ပြယ်တဲ့​ ဇွန်လဆန်း​ကစလို့​ အစိုး​ရဘက်က ဒီလအတွင်း​ ပွင့်​လင်း​ရာသီမှာ ထိုး​စစ်အတွက် ပြင်ဆင်မှု​တွေလုပ်လို့​ တိုက်ပွဲ​တွေ ​နေ့​စဉ်ရက်ဆက်ဖြစ်ပွား​နေပါတယ်။
အခုအခါ အကြီး​တန်း​စစ်​ခေါင်း​ဆောင်​တွေဦး​စီး​ပြီး​ တိုက်​လေယာဉ်​တွေပါ သုံး​မယ်ဆိုတဲ့​ သတင်း​တွေလည်း​ ကြား​သိထား​ပေမယ့်​ ​ကေအိုင်အိုရပ်တည်ချက်ကို​တော့​ မ​ပြောင်း​ဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။
“ကျ​နော်တို့​က​တော့​ အဲဒီရပ်တည်ချက်ကို ဒီတိုင်း​ပဲ ဆုတ်ကိုင်သွား​ဖို့​ပါ။ တခြား​ပြောင်း​လဲမှု ဘာမှအစီအစဉ်မရှိဘူး​။”
http://burmese.dvb.no/wp-content/uploads/2011/10/kia3-300x232.jpg
အစိုး​ရဘက်က မြစ်ကြီး​နား​နဲ့​ ဗန်း​မော်ကား​လမ်း​ပိုင်း​ကို စိုး​မိုး​နိုင်​ရေး​ကြိုး​ပမ်း​လို့​ ​နေ့​စဉ်လို ဆယ်ရက်ခန့်​ တိုက်ပွဲ​တွေဖြစ်​နေဆဲဖြစ်ပြီး​ တိုး​မ​ပေါက်​သေး​ဘဲဖြစ်​နေဆဲပါ။
ဒီလမ်း​ ကြောင်း​ကို မစိုး​မိုး​နိုင်​သေး​တဲ့​အတွက် အစိုး​ရဘက်က စစ်ဆင်​ရေး​အရှိန် မမြှင့်​နိုင်ဖြစ်​နေတယ်လို့​ ဦး​လနန်း​က သုံး​သပ်ပါတယ်။
အခုချိန်မှာ လိုင်ဇာဌာနချုပ်မှာ လက်ခံ​စောင့်​ရှောက်ထား​တဲက့​ ​ထောင်ချီတဲ့​ စစ်​ပြေး​ ဒုက္ခသည်​တွေကို အ​ပြောင်း​အ​ရွှေ့​မလုပ်​သေး​ပါဘူး​လို့​ ဦး​လနန်း​က ​ပြောပါတယ်။
“တခြား​ရွှေ့​ ပြောင်း​စရာ ​နေရာလည်း​မရှိပါဘူး​။ ဒါက ဒုက္ခသည်​တွေရဲ့​ ​နောက်ဆုံး​နေရာလို့​ ​ပြောရမယ်။ ဒီထက်ပိုပြီး​ ဆိုး​ဝါး​ပြီး​မှ လိုင်ဇာထိ တိုက်ပွဲကြီး​တွေ ဖြစ်ပွား​လာရင်​တော့​ ဒါကတမျိုး​ဖြစ်သွား​မှာ​ပေါ့​။ အခုထက်ထိ​တော့​ ဒုက္ခသည်​တွေက လိုင်ဇာပတ်ပတ်လည်မှာ သူတို့​နေရာချထား​ပေး​တာပဲ ရှိ​သေး​တယ်။”
ကေအိုင်အိုနဲ့ ​ ကူညီကယ်ဆယ်​ရေး​အဖွဲ့​တွေရဲ့​ပြောဆိုချက်အရ စစ်​ပြေး​ဒုက္ခသည် နှစ်​သောင်း​နဲ့​ သုံး​သောင်း​အကြား​ရှိ​နေပြီး​ အများ​စုက က​လေး​နဲ့​ အမျိုး​သမီး​တွေလို့​ ဆိုပါတယ်။
ကေအိုင်အိုဟာ တိုင်း​ရင်း​သား​လက်နက်ကိုင်​တွေစုဖွဲ့​ထား​တဲ့​ ညီညွတ်​သော တိုင်း​ရင်း​သား​လူမျိုး​များ​ ဖက်ဒရယ်​ကောင်စီရဲ့​အဖွဲ့​ဝင်ဖြစ်ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"