Set as favorite
Bookmark
Email this
Hits: 789
Comments (1)
ကိုယ်ချင်းစာပါတယ်
written by ဗူစကူးမ, October 10, 2011
နိုင်ငံရေးအကျဉ်းသား မိသားစုတွေကို ကိုယ်ချင်းစာပါတယ်။ ဒီ့ထက်ပိုပြီးတော့ တောင်ငူက 2001 ဘာသာရေးအဓိကရုဏ်းကြောင့် မတရားအဖမ်းခံရပြီး နှစ်ရှည်ထောင်ဒါဏ်ကျခံနေရတဲ့ အစ္စလာမ်ဘာသာဝင် အကျဉ်းသားတွေနဲ့ မိသားစုတွေကို သနားမိပါတယ်။ သူတို့ကို နိုင်ငံရေးပုဒ်မ (၅)ည အပါအ၀င် ပုဒ်မတွေနဲ့ မတရား ထောင်ချခဲ့တယ်။ သူတို့ကိုတော့ ဘယ်သူ/ဘယ်မီဒီယာကမှ အသိအမှတ်ပြုသံ မကြားရသေးပါ။ ထောင်ကျသွားတဲ့အထဲမှာ (၁၀)ကျော်သက် ပညာရေးတ၀က်တပျက်နဲ့ ပါသွားတဲ့သူတွေတောင် အခုဆို အသက် (၃၀) အရွယ်နား နီးလို့ လာနေပြီ။ မီဒီယာတွေက ဒီလိုလူမျိုးတွေကိုရော ဘာလို့ ဂရုမစိုက်နိုင်ရသေးတာလဲ။ နိုင်ငံတော်ကရော ဘယ်လို သဘောထားနေလဲ။ အကျဉ်းကျနိုင်ငံရေးသမားတွေ လွှတ်ပေးတဲ့အခါ သူတို့ရော ပါလာမှာတဲ့လား။