ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ်တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီးဦးအောင်ကြည် စတုတ္ထအကြိမ်တွေ့ဆုံ

10/31/2011 01:58:00 AMတွင်ရေးသည်

(မဇ္ဈိမ) ။   ။ အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက်တွေဆုံမှုအဖြစ်
 ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့ ယနေ့မွန်းလွဲပိုင်းက စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ၌ တွေ့ဆုံခဲ့ရာ စီးပွားရေး၊ ငွေကြေးကိစ္စ၊ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအပြီး ရန်ကုန်မြို့စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ အတွင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ကို အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)
အစိုးရသစ်လက်ထက် စတုတ္ထအကြိမ်မြောက် တွေ့ဆုံမှုအပြီး ရန်ကုန်မြို့စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ အတွင်းမှ ထွက်လာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ဝန်ကြီး ဦးအောင်ကြည်တို့ကို အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ)


တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးဦးအောင်ကြည် ဖတ်ကြားသည့် နှစ်ဘက်ပူးပေါင်းထုတ်ပြန်သည့် သတင်းထုတ်ပြန်ချက်နှင့် သတင်းထောက်များ၏ မေးမြန်းချက်များနှင့် ပြန်လည် ဖြေကြားချက်များကို မဇ္ဈိမ စာဖတ်သူများကို တင်ပြလိုက်ပါသည်။

ဝန်ကြီး ဦးအောင်ကြည် - “ကျနော့်အနေနဲ့ သတင်းထုတ်ပြန်ချက်ကို ဦးစွာဖတ်ပြပါမယ်။”

“ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဖိတ်ကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် စိမ်းလဲကန်သာ အစိုးရ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား ၂၀၁၁ ခုနှစ်ေ အာက်တိုဘာလ ၃၀ ရက် မွန်းလွဲ ၁၃း၀၀ နာရီမှ ၁၃း၅၅ နာရီအထိ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့ တွေ့ဆုံရာတွင် ယခင်ဆွေးနွေးခဲ့မှုများအပေါ် နိုင်ငံတော်က လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနေသည့် အခြေအနေ၊ တိုင်းပြည်စီးပွားရေး ဖွံဖြိုးတိုးတက် လာစေရန်အတွက် လွတ်လပ်စွာကုန်သွယ်ခွင့်၊ ကူးသန်းရောင်းဝယ်ခွင့်ရရှိရေးနှင့် လွတ်လပ်စွာ ငွေကြေးလည်ပတ်သုံးစွဲခွင့် ရရှိရေးတို့၏ အရေးကြီးမှုနှင့် ပတ်သတ်၍ အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် နိုင်ငံတော်က ဆောင်ရွက်ပေးနေမှုများ၊ တိုးတက်ဖြစ်ထွန်းမှု အခြေအနေများနှင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်သူများ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သွားရန် သဘောတူညီခဲ့ကြပါသည်။”

ဒီလောက်ပါပဲ။

မေး - ဦးအောင်လှထွန်း (ရိုက်တာ) ။      ။ မမစုကို မေးချင်ပါတယ်။ လက်ရှိ မြန်မာ့နိုင်ငံရေး အခင်းအကျင်းမှာ နည်းနည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတွေ မကြာသေးခင်က တွေ့ခဲ့ရပါတယ်။ ဥပမာအားဖြင့် နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးတာ၊ အလုပ်သမားအဖွဲ့ ဖွဲ့စည်းခွင့်ပေးတယ်၊ ဆန္ဒပြခွင့်ပေးတယ်၊ နောက်ဆုံးကတော့ ပါတီမှတ်ပုံတင်ဥပဒေပေါ့။ ဒီဥစ္စာတွေက အန်အယ်လ်ဒီပါတီ ပြန်လည်မှတ်ပုံတင်ဖို့အတွက် လုံလောက်တဲ့ လိုအပ်ချက်များ ဖြစ်ပါသလား။

 ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့ ကိစ္စက ဒီဥပဒေအပေါ်မှာ မူတည်ပါတယ်။ ဒီဥပဒေ အတည်ပြု့ပီးတော့ ထွက်လာတဲ့အထိ စောင့်ပြီးမှ ပြောနိုင်မယ့် ကိစ္စ ဖြစ်ပါတယ်။ ကျမတို့ ဒီဥပဒေ ထွက်လာပြီဆိုရင် အစည်းအဝေးခေါ်ရမှာပေါ့။ ကျမတို့ ပါတီစည်းကမ်းအရ အစည်းအဝေးခေါ်ပြီးမှ ဆုံးဖြတ်ချက်ကို ချရပါလိမ့်မယ်။

မေး - ဦးအောင်လှထွန်း (ရိုက်တာ) ။      ။ ဥပဒေပါအကြောင်း အဓိကသုံးချက်က သိထားပြီးပါပြီ။ အန်အယ်လ်ဒီက ဥပဒေပညာရှင်တချို့လဲ  သိထားပြီးပြီ ထင်ပါတယ်။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်။ ဒါပေမယ့် ကျမတို့က တိကျတယ်လေ။ ဥပဒေကို ကြည့်ပြီးမှ ပြောနိုင်မှာပါ။ မကြည့်ရသေးပဲ၊ ကျမ မမြင်ရသေးပဲ မပြောနိုင်ပါဘူး။

မေး - ဦးတင်မောင်အေး (အဆာဟိရှင်ဘွန်း) ။   ။ ကျနော်တို့ဒီမှာ ဝန်ကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့တာ လေးခါရှိပါပြီ။ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာတွေကို အများအားဖြင့် သိရပါတယ်။ အဲ့တာ ဘယ်နေရာတွေမှာ ဘယ်လိုပေါ့နော် နည်းနည်းအသေးစိတ်လေး ပြောလို့ရမယ်ဆိုရင် ပြောပေးပါလို့ မေတ္တာရပ်ခံပါတယ်။

ဖြေ - ဦးအောင်ကြည် ။ ။ ကျနော်တို့ သြဂတ်စ်တုန်းက ထုတ်ပြန်ခဲ့တဲ့ သတင်းထုတ်ပြန်ချက်ကလေး ရှိပါတယ်။ အဲ့ဒီအထဲမှာ ကျနော်တို့ ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုလုပ်ငန်းတွေသာမက နိုင်ငံရေး စီးပွားရေး လူမှုရေး နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်ကြမယ်လို့ ကျနော်တို့ သဘောတူညီထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဥစ္စာ တော်တော်လေး ပြည့်စုံလုံလောက်တဲ့ အဖြေဖြစ်မယ်လို့ ကျနော်ယူဆပါတယ်။
suu-kyi-and-aung-kyi-fourth-meet-2
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ကို အောက်တိုဘာလ ၃၀ ရက် ၂၀၁၁ ခုနှစ် မွန်းလွဲပိုင်းက ရန်ကုန်မြို့စိမ်းလဲ့ကန်သာ နိုင်ငံတော်ဧည့်ဂေဟာ သတင်းစာရှင်းလင်းပွဲတွင် တွေ့မြင်ရစဉ်။ (ဓါတ်ပုံ-မဇ္ဈိမ) အစိုးရသစ်လက်ထက် လေးကြိမ်မြောက်အဖြစ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံခဲ့မှုတွင် တိုင်းပြည်စီးပွားရေး၊ ငွေကြေးဆိုင်ရာ ကိစ္စများ၊ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်းချမ်းသာခွင့် စသည့် အရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

မေး - ကျော်စွာမင်း (ရန်ကုန်တိုင်းမ်စ်) ။  ။ အခုတွေ့ဆုံဆွေးနွေးမှုမှာ ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ NLD ပါတီမှတ်ပုံတင်ဖို့ကိစ္စ၊ နိုင်ငံရေးအကျဉ်းသားတွေ ဆက်လက်လွှတ်ပေးရေး ကိစ္စ၊ နောက်တခါ အန်တီစုနဲ့ နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံဖို့အတွက် ဆွေးနွေးဖြစ်ခဲ့တာရော ရှိပါသလားခင်ဗျ။

ဖြေ - ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျမတို့ ဒီကိစ္စတွေ အားလုံးကို ဆွေးနွေးပါတယ်။ အမြဲတမ်းလဲ ကျမတို့ တွေ့တိုင်းလဲ ဒီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါကျမတို့ ပေါင်းဆောင်ရွက်ရေးနဲ့ ဆက်နွယ်နေတဲ့ ကိစ္စတွေ မို့လို့ပါ။

မေး - ဒေါ်အေးအေးဝင်း (အေပီ) ။ ။ ငွေရေးကြေးရေးနဲ့ ပတ်သတ်တယ်ဆိုတာ ဘာများလဲဆိုတာ နည်းနည်းလောက် ရှင်းပြပေးပါလား။ IMF နဲ့ ပတ်သတ်လို့ ဆွေးနွေးတာမျိုးလား။

ဖြေ - ဦးအောင်ကြည် ။ ။ ခုန ဒီအထဲမှာ ကျနော်တို့ ပါသွားပြီးပါပြီ။ တော်တော်လေး ပြည့်ပြည့်စုံစုံလဲ ပါသွားပြီးပါပြီ။ သေသေချာချာလေး ဖတ်ကြည့်ရင် ခင်ဗျားတို့ တွေ့မှာပါ။ ငွေကြေးလည်ပတ်သုံးစွဲရေးနဲ့ ပတ်သတ်ပြီး အရေးကြီးမှုဆိုတာကတော့ အများကြီးပါပါတယ်။

မေး (သတင်းထောက်တဦး) - နိုင်ငံရေး အကျဉ်းသားများ ဆက်လွှတ်ဖို့ ရှိပါသေးလားခင်ဗျ။ မကြာခင်ပေါ့။

ဖြေ - ဦးအောင်ကြည် ။ ။ လုပ်ငန်းစဉ် တရပ်ကို လုပ်တဲ့ အခါမှ ကျနော်တို့ တလှမ်းပီး တလှမ်း ဆောင်ရွက်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဒါ အားလုံးလဲသိတဲ့အတိုင်းပါပဲ။ ကျနော်တို့က စုံလဲ မခုန်ပါဘူး။ ရပ်လဲ မနေပါဘူး။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"