ထိပ်ဆုံး သတင်း :
Home » » ဦးသိန်းစိန် အစိုးရ အပြောနဲ့အလုပ် မညီကြောင်း မစုစုနွေး ဝေဖန်

ဦးသိန်းစိန် အစိုးရ အပြောနဲ့အလုပ် မညီကြောင်း မစုစုနွေး ဝေဖန်

10/13/2011 09:46:00 PMတွင်ရေးသည်

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေး အကျဉ်းသား အမြောက်အများ ထောင်ထဲမှာ ကျန်ရှိနေသေးတာကြောင့် ဦးသိန်းစိန် အစိုးရဟာ အပြောနဲ့အလုပ် မညီဘူးလို့ စစ်ကိုင်းတိုင်း ခန္တီးအကျဉ်းထောင်က မနေ့က ပြန်လည် လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသူ မစုစုနွေးက ဝေဖန် ပြောဆိုလိုက် ပါတယ်။
AFP
နိုင်ငံရေး အကျဉ်းသူ မစုစုနွေးဟ မှတ်တမ်းဓါတ်ပုံ တပုံ ဖြစ်ပါသည်။
အကျဉ်းထောင်က လွတ်မြောက်ပြီးနောက် ခန္တီးမြို့မှာ ရန်ကုန်ကို ထွက်ခွာမယ့် လေယာဉ်ခရီးစဉ်ကို စောင့်ဆိုင်းနေတဲ့ မစုစုနွေးကို RFA က ဒီကနေ့ ဆက်သွယ်ရာမှာ အခုလို ပြောဆိုလိုက်တာပါ။ "တကမ္ဘာလုံးက ကျမတို့အားလုံးက တောင်းဆိုထားတဲ့ အတိုင်း နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးရင် အပြောနဲ့ အလုပ် ညီတယ်လို့ ကျမ ပြောချင်ပါတယ်။" မစုစုနွေးဟာ လာမယ့် တနင်္ဂနွေနေ့မှာ လေကြောင်းခရီးနဲ့ ရန်ကုန်မြို့ကို ရောက်ရှိမယ်လို့ သိရပါတယ်။ ရန်ကုန်ကို ပြန်လည် ရောက်ရှိတဲ့အခါ အကျဉ်းထောင်အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်တဲ့ အထိ လှုပ်ရှား ဆောင်ရွက်သွားမယ်လို့လည်း မစုစုနွေးက ပြောပါတယ်။ "ကျန်နေခဲ့တဲ့ ယုံကြည်ချက်နဲ့ ခံယူချက်နဲ့ အကျဉ်းကျခံနေရတဲ့ ကျမတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး အတွက်ကို ကျမတို့ ကျန်နေတဲ့သူတွေကတော့ အမြန်ဆုံး လွှတ်ပေးအောင်လို့ ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။" ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ထန်းမနိုင်ရွာသူ မစုစုနွေးဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ အတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးအ ထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး တည်းခိုနေတဲ့ ရန်ကုန်မြို့က ဟိုတယ်တခု အနီးမှာ ဆိုင်းဘုတ်ကိုင် ဆန္ဒပြခဲ့မှုကြောင့် အာဏာပိုင်တွေက ဖမ်းဆီးပြီး၊ ထောင်ဒဏ် ၁၂ နှစ်ခွဲ ချမှတ်ခဲ့ပါတယ်။ နောက်ပိုင်း အယူခံ တင်သွင်းမှုကြောင့် ပြစ်ဒဏ်ကို ၈ နှစ်အထိ သက်ဆိုင်ရာက လျှော့ချပေးခဲ့ပြီး၊ အခု ထောင်သက် ၄ နှစ်နီးပါး အကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ မစုစုနွေးကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"