မိုးမောက်မြို့မှ ခ၀မ်ဘန် ( ကျောက်စခန်း ) သို့သွားသည့် လမ်းတွင်ထောင်ထားသည့် မိုင်းဖြစ်သည်။ ခ၀မ်ဘန်ကျေးရွာသည် မိုးမောက်မြို့အနီးတွင်ရှိပြီး မိုးမောက်မြို့ခံများ ပိုင်ဆိုင်သည့် လယ်မြေ၊ တောင်ယာအများစုမှာ ယင်းကျေးရွာအနီးတ၀ိုက်ရှိသည်။
ခ၀မ်ဘန် ( ကျောက်စခန်း ) ကျေးရွာတွင် မြန်မာအစိုးရစစ်တပ် ခလရ ၅၆၊ ခလရ ၇၄၊ ခမရ ၆၀၁ တို့ဝင်ရောက် တပ်စွဲလျက်ရှိသည်။ ကျေးရွာတွင်းဝင်ရောက် တပ်စွဲထားသည့် တပ်များသည် ကျေးရွာသားများပိုင် ပစ္စည်းများကို ခြိမ်းခြောက်လုယက်ခြင်း၊ ခိုးယူခြင်း၊ ရွာသားများအား ဖမ်းဆီးနိပ်စက်ခြင်းများ ပြုလုပ်လျက်ရှိသည့် သတင်းများ ထွက်ပေါ်လျက် ရှိသောကြောင့် ကွင်းဆင်းစစ်ဆေးရန် ကချင်ပြည်နယ် စာပေနှင့် ယဉ်ကျေးမှုဝန်ကြီး ဒေါ်ဘောက်ဂျာသည် အောက်တိုဘာ ၂၈ ရက်နေ့တွင် သွားရောက်ခဲ့သော်လည်း ကျောက် စခန်းထိ သွားရောက် မည့်အစီအစဉ်ကိုမူ ဖျက်သိမ်းခဲ့သည်။
ပြည်နယ်ဝန်ကြီးဒေါ်ဘောက်ဂျာ မိုးမောက်မြို့မှ ပြန်လည်ထွက်ခွာသွားပြီး နာရီပိုင်းအတွင်း တွင် ကားလမ်းပေါ်တွင်ထောင်ထားသည့် မိုင်းကွဲခြင်းဖြစ်သည်။
မိုင်းကွဲထားသည့် နေရာအနီးတ၀ိုက်တွင် မြန်မာအစိုးရစစ်တပ်မှ နေရာယူထားသည့် နေရာဖြစ်ကြောင်း အလောင်းကောက်သွားသည့် ဒေသခံများမှ သိရသည်။
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !