ထိပ်ဆုံး သတင်း :
Home » » အထူးအကျဉ်းသားကို လွှတ်ရန် ပြင်ဆင်ပြီး ပေါင်းတည်ထောင်တွင် ဆက်လက်ထိန်းသိမ်း – Kyaw Kyaw Lwin is still in Paung De prison

အထူးအကျဉ်းသားကို လွှတ်ရန် ပြင်ဆင်ပြီး ပေါင်းတည်ထောင်တွင် ဆက်လက်ထိန်းသိမ်း – Kyaw Kyaw Lwin is still in Paung De prison

10/30/2011 01:23:00 PMတွင်ရေးသည်

မိုးမခအထောက်တော် အမှတ် ဝဝ၈
အောက်တိုဘာ ၃၀၊ ၂၀၁၁
အောက်တိုဘာ ၂၃ ရက်နေ့ ပေါင်းတည်ထောင်ရှေ့ မြင်ကွင်း (ဓာတ်ပုံ – ဇာဂနာFacebook)

အောက်တိုဘာ ၁၂ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည်ဟု သတင်းထွက်နေသော NLD အဖွဲ့ဝင် ကျော်ကျော်လွင်သည် ပေါင်းတည်ထောင်တွင် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၁၁ တွင် အာဏာပိုင်တို့က ပေါင်းတည်ထောင်ရှိ အထူး အကျဉ်းသားများဖြစ်သော ကျော်ကျော်လွင် နှင့် ထောက်လှမ်းရေးဟောင်း ၇ ယောက်ကို သွားရောက် တွေ့ ဆုံပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ခဲ့သေးသည်။
လွှတ်ပေးသောအခါ ကျော်ကျော်လွင် မဟုတ်ဘဲ သူနှင့် အမည် ဆင်တူသူ သာမန် အကျဉ်းသားတဦးဖြစ်နေသည်ဟု သိရသည်။
“နိုင်ငံရေးအကျဉ်းသား လွတ်စာရင်းထဲမှာ ပေါင်းတည်ထောင်က လွတ်တယ် ဆိုပြီး ပါတာမှာ နာမည်မှာ ကျော်ကျော် လွင်နဲ့  ကျော်ကျော်လင်းလွဲနေတာက လွဲလို့ အမှုတွဲ ရော..ဖမ်းခံရတဲ့ နေ့ ရော..အဖေနာမည် ကိုယ်ရေး အချက် အလက်တွေရော တူနေလို့ ..။ သူ့ အိမ်ကတော့ ပြည်ထဲရေးကို ဆက်စုံစမ်းမယ် တဲ့ ။ လွတ်ဖို့ အကုန်သေချာပြီးမှ ကျန်ခဲ့ တာ” ဟု ထောင်ဝန်ထမ်းတို့နှင့် စကားပြောခဲ့သူတဦးက ရှင်းပြသည်။
“သူ့ကိုလွတ်တော့မယ် ထင်ပြီး ထောင်ဝါဒါတွေကလဲ အဲဒီကောင်လေးဆီက ပစည်းတွေ ဘာတွေတောင်းယူတဲ့ လူကယူနဲ့။ တချို့ ထောင်ဝန်ထမ်းတွေက စိတ်မကောင်းလို့ သူ တခုခု လုပ်မှာစိုးလို့  သွားပြီး စကားပြော အားပေး လုပ်တော့ သူ့ ဖာသာ တရားထိုင်နေတယ် တဲ့ ” ဟု သူက ဆက်ပြောသည်။
AAPP အသင်း၏ စာရင်းအရ NLD အဖွဲ့ဝင် ကျော်ကျော်လွင်သည် ထောင်ဒဏ် ၁၃ နှစ် ကျခံနေရသူဖြစ်ကြောင်း သိရသည်။
ပေါင်းတည်ထောင်မှ လွတ်လာသော ထောက်လှမ်းရေးဟောင်း ၇ ယောက်သည် ထိုနေ့တွင် ကြိုဆိုသူ မိသားစုဝင်များ မရှိကြောင်း သိရသည်။
အမည်တူပြဿနာကြောင့် ဂျာနယ်တစောင်ရှိ လွတ်စာရင်းတွင် ပြန်လည် ပြင်ဆင်ချက် ထည့်သွင်းရသည်

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"