မကြာသေးခင်က မြစ်ကြီးနားအကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဟာသ ပညာရှင်  လူရွှင်တော် ဇာဂနာနဲ့ ပဲခူးတိုင်း အနောက်ခြမ်းက လူငယ်ကွန်ယက် အဖွဲ့တွေရဲ့  လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်လို့ အမြင်သဘောထား ဆွေးနွေး  ဖလှယ်ပွဲကို ဒီကနေ့ ကျင်းပမှာ ဖြစ်ပါတယ်။
      
      ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး အတွက် ကိုဇာဂနာရဲ့ သတ္တိရှိရှိ  တိုက်ပွဲဝင်မှုကို လူငယ်တွေ အနေနဲ့ အားကျ လေးစားမိတာကြောင့် အခုလို ဖိတ်ခေါ်  ဆွေးနွေးပွဲ ကျင်းပတာ ဖြစ်ကြောင်း၊ လူငယ်တွေ အနေနဲ့ တိုင်းပြည်  တည်ဆောက်ရေး လုပ်ငန်းမှာ ပါဝင်နိုင်တဲ့ အခန်းကဏ္ဍကို အဓိက ဆွေးနွေးကြမှာ  ဖြစ်ကြောင်း ဦးဆောင် စီစဉ်သူ တစ်ဦးဖြစ်တဲ့ ကိုမင်းမင်းက အာအက်ဖ်အေကို  ပြောပါတယ်။  တွေ့ဆုံပွဲမှာ ကိုဇာဂနာနဲ့ အတူ ဗေဒါသင်တန်းကျောင်း ညွန်ကြားရေးမှူး ကိုမျိုးရန်နောင်သိန်းလည်း ပါဝင် ဆွေးနွေးမယ်လို့ သိရပါတယ်။  ဧရာဝတီမြစ် ရှင်သန်ရေး၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး၊ အမျိုးသား  ရင်ကြားစေ့ရေးကို ရည်စူး ဆန္ဒပြုတဲ့ အနေနဲ့ ဧရာဝတြီမစ် အတွင်း ညနေပိုင်းမှာ  ဆီးမီးမျှောပွဲ ကျင်းပဖို့ စီစဉ်ထားတယ်လို့ ကိုမင်းမင်းက ပြောပါတယ်။ 
အကျဉ်းကျခံနေရဆဲ ၈၈  မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏ ၂၀၁၁ ခုနှစ် အောက်တိုဘာလ  ၁၈ ရက်နေ့တွင် ကျရောက်သော ၄၉ နှစ်မြောက်မွေးနေ့ပွဲတွင် မကြာသေးမီက  ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသူရ (ခေါ်) ဇာဂနာက  ကိုမင်းကိုနိုင် အကြောင်း ပြောဆိုနေစဉ်။













0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !