ထိပ်ဆုံး သတင်း :
Home » » ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှ အခြေအနေများ

ကချင် ပြည်နယ် မြစ်ကြီးနားမြို့မှ အခြေအနေများ

10/28/2011 10:55:00 PMတွင်ရေးသည်

Kachin IDPs
K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့အကြား တိုက်ပွဲစတင်ခဲ့ရာ အချိန်ကြာလာသည်နဲ့ အမျှ စစ်အစိုးရ စစ်တပ်ဘက်မှ အကျအဆုံး များပြားလာသည်နဲ့အညီ မစားရတဲ့ အမဲ သေးနှင့်ပက် ဆိုသလို K.I.A နှင့် စစ်တိုက်တာ အဆင်မပြေတော့ ပြည်သူလူထုကို ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ မိန်းကလေးများကို မဒိန်းကျင့်ပြီး သတ်ပစ်ခြင်း၊ ကလေးသူငယ်များကို သတ်ဖြတ်ခြင်း စတဲ့ … စတဲ့… လူ့ကျင့်ဝတ်နှင့် မညီသော လုပ်ရပ်များကို အမြဲ ပြုလုပ်လျက်ရှိနေပါတယ်။

ယခုချိန်တွင်လည်းဘဲ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အတွင်းရှိ ပြည်သူများကို စစ်အစိုးရ စစ်တပ်တို့မှ ပေါ်တာ ဖမ်းဆီး နေကြောင်း ကြားသိနေရပါတယ်။ တစ်ရပ်ကွက်လျှင် စစ်မြေပြင် ရှေ့တန်းသို့ ပို့ရန်အတွက် ပေါ်တာ အယောက် (၁၀၀) … (၅၀) .. စသည်တို့ သတ်မှတ်ကာ တောင်းခံနေကြောင်း မြို့ခံများမှ စုံစမ်းသိရှိရပါတယ်။

မြစ်ကြီးနား ဒူကထောင် ရပ်ကွက်တွင် စစ်အစိုးရ စစ်တပ်မှ တောင်းခံထားတဲ့ ပေါ်တာ အယောက် (၅၀) ၊ စီတာပူ ရပ်ကွက်ကို အယောက် (၁၀၀)၊ တပ်ကုန်းရပ်ကွက်ကို အယောက် (၁၀၀) … စသည်ဖြင့် လူဦးရေ သတ်မှတ်ကာ တောင်းခံနေကြောင်း မြို့ခံများရဲ့ ပြောကြားချက် အရ သိရှိရပါတယ်။  ဒါပေမယ့် ဘယ်ရပ်ကွက်မှ မပို့ပေးတဲ့ အတွက် စစ်အစိုးရ စစ်တပ်တို့မှာ သူတို့ကိုယ်တိုင် ညပိုင်းများတွင် လိုက်လံ ဖမ်းဆီးပြီး မိတဲ့ သူများကို ရှေ့တန်းသို့ စေလွှတ်နေကြောင်း၊ ယခုချိန်တွင် မြစ်ကြီးနားမြို့အတွင်း ည ၇း၀၀ နာရီ နောက်ပိုင်းတွင် ပြည်သူများ အပြင်ထွက်ခြင်းမပြုတော့ သဖြင့် တမြို့လုံး တိတ်ဆိတ် နေကြောင်း သိရှိရပါတယ်။

စစ်ပွဲကြောင့် ထွက်ပြေးနေရတဲ့ စစ်ပြေးဒုက္ခသည်များဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြား လာနေကြောင်း သိရှိနေရပါတယ်။ မနေ့က အောက်တိုဘာလ ၂၇ ရက်နေ့မှာလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဂျန်မိုင်ကောင် ရပ်ကွက်တွင် စစ်ပြေးဒုက္ခသည် (၄၀၀) ကျော် ရောက်ရှိလာကြောင်း မြို့ခံ များမှ သိရှိရပါတယ်။ ယင်း စစ်ပြေးဒုက္ခသည်များကို ခရစ်ယာန် ဘုရားကျောင်းများတွင် နေရာ ချပေးပြီး အသင်းသူ အသင်းသားများနှင့် ရပ်ဖိရပ်ဖ များက တတ်နိုင်သမျှ ကြည့်ရှု စောင့်ရှောက် နေရကြောင်း သိရှိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"