ထိပ်ဆုံး သတင်း :
Home » » ရိက္ခာဝယ်ဖို့ KIA က အကောက်ခွန်နှစ်ဆတိုးကောက်

ရိက္ခာဝယ်ဖို့ KIA က အကောက်ခွန်နှစ်ဆတိုးကောက်

10/28/2011 10:33:00 PMတွင်ရေးသည်

ဝိုင်းမော် ဆဒုံး ကန်ပိုက်တီး လမ်းပေါ်မှာ သွားနေတဲ့ကုန်တင်ကားတွေကို ကေအိုင်အေကချင်အဖွဲ့ရဲ့ အကောက်ခွန်ဂိတ်တတစ်ခုဖြစ်တဲ့ လုကြည်ဂိတ်ဟာ ကေအိုင်အေအဖွဲ့အတွက် ရိက္ခာများ ၀ယ်ယူဖို့ပိုက်ဆံ တိုးမြင့်ကောက်ခံနေကြောင်း ၀ိုင်းမော်မှလာသော သတင်းများအရသိရပါတယ်။

“ဟိုင်းလတ်တစ်စီးကို အရင်က နှစ်သောင်းပေးရတယ် အခု လေးသောင်း ဒိုင်နာတစ်စီးကို အရင်က လေးသောင်းပေးရတယ် အခု ရှစ်သောင်းပေးရတယ် ကုန်ကားကြီးတစ်စီးကို အရင်က ခြောက်သောင်း အခု တစ်သိန်းနှစ်သောင်းပေးရတယ် ကားငယ်ဆိုရင် အရင်က ၃၀၀၀ အခု ၆၀၀၀ ပေးရတယ်၊ မပေးနိုင်ရင်သွားလို့မရဘူး ဖမ်းထားမယ်ပြောတယ် ကားကိုမီးရှို့ပစ်မယ်လည်းပြောတယ် ကြောက်လို့ ပေးခဲ့ရတယ် နောက်တစ်ခေါက်သွားဖို့
မကိုက်နိုင်တော့ဘူး”  ဟု ၀ိုင်းမော်မြို့မှ ကားသမား ဦးအယ်ခွန်အောင်မှ ပြောပြပါတယ်။
လုကြည်ဂိတ်သည် ကေအိုင်အေ အတွက်ရံပုံငွေအများဆုံး ရရှိတဲ့ ဂိတ်ဖြစ်လို့အခုလို တိုးမြှင့်ကောက်ခံတာဖြစ်ပြီး ကေအိုင်အေအတွက် ရိက္ခမရှိတော့တဲ့အတွက် ရိက္ခာဝယ်ယူစုဆောင်းနိုင်အောင် အခုလိုတိုးကောက်ရတာဖြစ်ကြောင်း ဂိတ်တာဝန်ခံအရာရှိမှလည်း ပြောပြပါတယ်။
ဝိုင်းမော ဆဒုံး ကန်ပိုက်တီးလမ်းဟာ KIA တပ်ဖွဲ့အတွက် အခွန်များစွာရရှိသောအဓိက အားထားရာ လမ်းကြောင်းဖြစ်သည်။

မိုးညှင်းမြို့တွင် ဒုတိယ ကမ္ဘာစစ်အတွင်းက ဗုံးသီးဟောင်း ၄၀၀၀ ခန့်အားတူးဖော်တွေ့ရှိ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZl2ZKNGcWbAY_AchFiSvJlEZQKoMk1rUqV2Cx2myAoT50yHLg-IyrDhrLDBuNqaHZCo-HYv1QwAnEvJPw7tvcnmwMeQAHte1A09AqJM9VxMKZjNO9-zBgp8QOoNE8CGol-jK3oWP450kv/s1600/photo.jpg
မိုးညှင်း၊ အောက်တိုဘာလ  ၂၆ ရက်
 ကချင်ပြည်နယ်၊ မိုးညှင်းမြို့ အရှေ့စုရပ်ကွက်ရှိ ဌာနဆိုင်ရာ ရုံးများကြားတွင်ဒုတိယ ကမ္ဘာစစ်အတွင် က အသုံးပြုသော ဗုံးသီးလက်ကျန်များကို တူးဖော်ရ ရှိခဲ့ ပါ သည်။ အောက်တိုဘာလ ၁၉ ရက်နေ့က အဆိုပါရုံး အ တွင်းရှိကုက္ကိုလ်ပင်အားရုံးနှင့် မလွတ်သောကြောင့် ခုတ် လှဲရန် အမြစ်အားတူးဖော်ရာမှစတင်တွေ့ရှိခဲ့ပြီး သက် ဆိုင် ရာသို့အကြောင်းကြားခဲ့ပါသည်။ ယနေ့အထိ တူးဖော် ရရှိသောဗုံးသီးဟောင်းများမှာ ၃၉၁၄ လုံးဖြစ်ပြီးသက် ဆိုင်ရာမှ လာရောက်တူးဖော် စစ်ဆေးပြီး သိမ်းဆည်းသွားတယ်လို့ သိရပါတယ်။ ဗုံးသီးများမှာအမျိုး အစားစုံလင်ပြီး လက်ရှိအခြေအနေတွင် အန္တရာယ်မရှိကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပါတယ်။


ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"