မူဆယ် ၊ အောက်တိုဘာလ ၂၈ ရက်
အောက်တိုဘာလ ၂၆ ရက်နေ့၊ ညနေ ၃ နာရီခန့် တွင် ကေအိုင်အေ မှ ကွတ်လုံမြို့နယ်မှူး မရန်တန် ဂွန်း နှင့် အင် အား ၂၀ ခန့်သည် နောင်မွန်းလမ်းဆုံ သို့ရောက်လာပြီး တရုတ်နိုင်ငံအတွင်း သွားလာဝင် ထွက် နေသော ဒေသခံ ရှမ်းလူမျိုးများအား စစ်ဆေးနေပြီး နမ့်ခမ်းရေအားလျှပ်စစ်ရုံသို့ သွား လာနေသော တရုတ် နိုင်ငံသားများကို မူဆယ်- နမ့် ခမ်းလမ်းမှသာ သွားရန်ပြောကြားခဲ့ပြီး ည ၁၀ နာ ရီကျော်တွင် ထွက်ခွာသွားတယ်လို့ တရုတ်ပြည် ကနေ ပြန်လာတဲ့ ဦးအိုက်ပီးက ပြောကြားခဲ့ပါတယ်။
၎င်းနေ့တွင်ပင် အူတူလန်ပါမြို့နယ် အုပ်ချုပ်ရေးမှူး လနူးဦးစီး ပြည်သူ့စစ် ၂၀ ခန့်သည် ကောင်းမုယန်မှ ထွက်ခွာလာပြီး တပ်ရင်း ၂၇ မှ ဇော်မွန်းအဖွဲ့နှင့် ပူးပေါင်းကာ နေရာယူထားတယ်လို့ ပြောပါတယ်။ “ အစိုးရ တပ်တွေ ရှမ်းမြောက်ဘက်ကနေ မူဆယ်-နမ့်ခမ်းဘက်ကို တက်လာမယ်လို့ သတင်းရတယ်လေ။ ဒါကြောင့် အင်အားတွေကို စုနေတာ ” လို့ ပြည်သူ့စစ်တစ်သီးမှ ပြောကြားခဲ့ပါတယ်။

0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !