ထိပ်ဆုံး သတင်း :
Home » » ခ၀န်ဘန် နံနက်တိုက်ပွဲတွင် မြန်မာစစ်သား ၃ ဦး သေ

ခ၀န်ဘန် နံနက်တိုက်ပွဲတွင် မြန်မာစစ်သား ၃ ဦး သေ

10/18/2011 09:54:00 PMတွင်ရေးသည်


sinlum-oct18myenအောက်တိုဘာ ၁၈၊ ယနေ့ နံနက်ပိုင်း ကချင်ပြည်နယ် မန်မော် (ဗန်းမော်)ခရိုင်၊ အင်မောက်ကျေးရွာ အနီးတွင် မြန်မာအစိုးရတပ်နှင့် KIA ကြား တိုက်ပွဲဖြစ်ခဲ့ရာ အစိုးရစစ်သား ၃ ဦး သေဆုံးကြောင်း ဒေသခံ မျက်မြင်များ ပြောသည်။

နံနက် ၄ နာရီိခွဲ တွင် နှစ်ဘက်တိုက်ပွဲ စတင်လာပြီးနောက် မြန်မာတပ်သားအလောင်း ၃ လောင်းကို ခ၀န်ဘန် (Hka Wan Bang)နှင့် လော့ဒန် (Law Dan) ကြား လမ်းမပေါ်တွင်တွေ့ရကြောင်း မျက်မြင်များ ကချင်သတင်းဌာန သို့ပြောသည်။

KIA ဘက်မှလည်း စစ်သားတစ်ဦး ကိုယ့်မိုင်း မတော်တဆပေါက်ကွဲမှုတစ်ခုတွင် သေဆုံးခဲ့သည်ဟု လော့ဒန် ရွာသားတစ်ဦး ပြောသည်။

မြန်မာစစ်တပ်သည် မန်မော်-လွယ်ဂျေ လမ်းကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ယခုလို ခ၀န်ဘန် (Hka Wan Bang) ဘက်သို့ စစ်အင်အား ၁၀၀၀ နီးပါးဖြင့် ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု ဒေသခံ စစ်ရေးသုံးသပ်သူများ ပြောသည်။

ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား စတင်တိုက်ခိုက်ပြီးနောက် မန်မော်-လွယ်ဂျေ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းအား KIA မှ ထိန်းချုပ်လိုက်သည်။

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"