
နံနက် ၄ နာရီိခွဲ တွင် နှစ်ဘက်တိုက်ပွဲ စတင်လာပြီးနောက် မြန်မာတပ်သားအလောင်း ၃ လောင်းကို ခ၀န်ဘန် (Hka Wan Bang)နှင့် လော့ဒန် (Law Dan) ကြား လမ်းမပေါ်တွင်တွေ့ရကြောင်း မျက်မြင်များ ကချင်သတင်းဌာန သို့ပြောသည်။
KIA ဘက်မှလည်း စစ်သားတစ်ဦး ကိုယ့်မိုင်း မတော်တဆပေါက်ကွဲမှုတစ်ခုတွင် သေဆုံးခဲ့သည်ဟု လော့ဒန် ရွာသားတစ်ဦး ပြောသည်။
မြန်မာစစ်တပ်သည် မန်မော်-လွယ်ဂျေ လမ်းကို ထိန်းချုပ်ရန် ရည်ရွယ်ချက်ဖြင့် ယခုလို ခ၀န်ဘန် (Hka Wan Bang) ဘက်သို့ စစ်အင်အား ၁၀၀၀ နီးပါးဖြင့် ထိုးစစ်ဆင်ခြင်းဖြစ်သည်ဟု ဒေသခံ စစ်ရေးသုံးသပ်သူများ ပြောသည်။
ပြီးခဲ့သည့် ဇွန် ၉ ရက်နေ့ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အား စတင်တိုက်ခိုက်ပြီးနောက် မန်မော်-လွယ်ဂျေ တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းအား KIA မှ ထိန်းချုပ်လိုက်သည်။
No comments:
Post a Comment