ထိပ်ဆုံး သတင်း :
Home » » အမျိုးသမီး နိုင်ငံရေး အကျဉ်းသား နှစ်ဦး ကျန်းမာရေး ဆိုးရွား

အမျိုးသမီး နိုင်ငံရေး အကျဉ်းသား နှစ်ဦး ကျန်းမာရေး ဆိုးရွား

10/28/2011 12:16:00 PMတွင်ရေးသည်

ချင်းမိုင်(မဇ္စျိမ) ။        ။ ရန်ကုန် အင်းစိန်ထောင်အတွင်း ထောင်ဒဏ် တသက်တကျွန်း ကျခံနေရသည့် အမျိုးသမီး အကျဉ်းသား အသက် ၄၅ နှစ်အရွယ် မသန္တာနှင့် ထောင်ဒဏ် ၁၇ နှစ်ချခံနေရသူ မခင်ခင်နုတို့သည် ကျန်းမာရေး ဆိုးရွားနေသည်ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။

အလုံမြို့နယ်၊ အိမ်မဲမြို့နယ် NLD ပါတီ၏ စည်းရုံးရေးမှူး မသန္တာသည် ကျောက်ကပ်၊ သွေးချို၊ ဆီးချို၊ နှလုံး စသည့်
ရောဂါများ ခံစားနေရသဖြင့် လမ်းလျှောက်၍ မရဘဲ ဖြစ်နေပြီး ၉၀ ရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ် ဘူးသီးထောင် လွတ်တော် ကိုယ်စာလှယ်၏ သမီး မခင်ခင်နုသည်လည်း အသည်းရောဂါ ခံစားနေရသည်ဟု ကြာသပတေးနေ့က
ထောင်ဝင်စာ ပို့ခဲ့သူ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် တဦးထံမှ သိရခြင်း ဖြစ်သည်။
inseinprison
“မသန္တာက တကျွန်းကျထားတာ။ သူ့ကို စကျ ကတည်းကနေ တိုက်ပိတ်ထားတာ ခုထိ တိုက်ထဲကနေ မထွက်ရသေး ဘူး။ ခုက ချိသလို ဖြစ်နေတာ။ အခု လမ်းလျှောက်လို့တောင် မရဘူးလို့ သိရတယ်”ဟု မသန္တာ၏ မိတ်ဆွေတဦးက
ပြောသည်။

"ဆေးရုံတင်ထားရတယ်။ လိုအပ်တဲ့ ပစ္စည်းလေးတွေ ယူလာပေးပါလို့ ပြောတယ်။ ပြီးခဲ့တဲ့ စနေနေ့ကလည်း သူ့အမ သွားတွေ့တာတောင် နှလုံးကျပ်တယ်လို့ ပြောတယ်။ ဒီနေ့တော့ နှလုံးဖေါက်လာလို့ပေါ့။ ဖြစ်နေတာတော့ ကြာပါပြီ။ အင်းစိန်ဆေးရုံကို ပို့ထားတယ်" ဟု အလုံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုလူမော်က ပြော သည်။

မသန္တာသည် လွန်ခဲ့သော ၁၀ ရက်ခန့်က ဆေးကုသခွင့်ရရန် တောင်းဆိုထားသော်လည်း ယနေ့ထိ မရှိရှိသေးပေ။

၂ဝဝ၇ ခုနှစ် ဧပြီလ ၁၆ ရက်နေ့မှာ ထိုင်း-မြန်မာနယ်စပ် မြန်မာနိုင်ငံသို့ အပြန် မြဝတီ စစ်ဆေးရေး ဂိတ်တွင် အာဏာပိုင်များ ဖမ်းဆီးခံရပြီးနောက် စစ်အစိုးရမှ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ တရားမဝင်အသင်းနှင့် ဆက်သွယ်မှု၊ နိုင်ငံတော် အကြည်ညို ပျက်စေမှုတို့ဖြင့် ထောင်ဒဏ် ၂၉ နှစ် ချမှတ်ခံနေရသည်။ သူ၏ ခင်ပွန်းဖြစ်သူ သည် ပြည်ပနေ အတိုက်အခံ တက်ကြွ လှုပ်ရှားသူတဦး ဖြစ်သည်။

သူနှင့်အတူ ဖမ်းဆီးခံရသူ ကိုဘညွန့်နှင့် ဦးတင်ရီတို့သည် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ ထောင်ဒဏ် ရှစ်နှစ်ကျခံရာမှ အောက်တိုဘာ ၂ဝ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်သွားပြီ ဖြစ်သည်။

မခင်ခင်နုမှ ၉၀ ခုနှစ် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား လူ့အခွင့်အရေး ဒီမိုကရေတစ် ပါတီမှ အမတ် ဦးကျော်မြင့်၏ သမီးဖြစ်ကာ ၂၀၀၅ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် အဖမ်းခံရပြီး လဝက အက်ဥပဒေ ပုဒ်မ (၁၈)၊ နိုင်ငံတော် လုံခြုံရေး အက်ဥပဒေ ပုဒ်မ (၅) ညတို့ဖြင့် ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံနေရသူ ဖြစ်သည်။ လက်ရှိ အင်းစိန်ထောင် တွင် အကျဉ်းကျခံနေရသည်။

ထိုင်းနိုင်ငံ အခြေစိုက် အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) AAPP က အောက်တိုဘာ၂ဝ ရက်နေက ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ တဝန်းရှိ အကျဉ်းထောင်များမှ  နိုင်ငံရေး အကျဉ်းသား ၁၂၂ ဦးမှာ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေပြီး လုံလောက်သည့် ဆေးကုသမှု ပေးရန် တောင်းဆိုထားသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"