ထိပ်ဆုံး သတင်း :
Home » » The Lady ရုပ်ရှင်ကား ရောမ ရုပ်ရှင်ပွဲတော်မှာ စတင်ပြသ

The Lady ရုပ်ရှင်ကား ရောမ ရုပ်ရှင်ပွဲတော်မှာ စတင်ပြသ

10/28/2011 12:15:00 PMတွင်ရေးသည်

ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ ဖြတ်သန်းမှု ပုံရိပ်တွေကို ရိုက်ကူးထားတဲ့ "They Lady" ရုပ်ရှင်ကားကို အီတလီနိုင်ငံ ရောမမြို့မှာ မနေ့က စတင် ဖွင့်လှစ်လိုက်တဲ့ (၆) ကြိမ်မြောက် ရောမရုပ်ရှင် ပွဲတော်မှာ စတင် ပြသလိုက်ပြီ ဖြစ်ပါတယ်။
Toronto International Film Festival
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဘဝနှင့် နိုင်ငံရေး လှုပ်ရှားမှုအကြောင်း ပြင်သစ်လူမျိုးဒါရိုက်တာ Luc Basson ရိုက်ကူးသည့် The Lady ရုပ်ရှင်ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်သူ မင်းသမီး Michelle Yeoh ။ (Toronto International Film Festival)
The Lady ရုပ်ရှင်ကားဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဘ၀ထက် ပုဂ္ဂိုလ်ရေး ဘ၀တွေကို ဦးစားပေး ရိုက်ကူးထားတယ်လို့ ဆိုပါတယ်။ ဒီဇာတ်ကား ရိုက်ကူးသူ ဒါရိုက်တာ Luc Besson က သူဟာ ရုပ်ရှင်ဇာတ်လမ်းကို ဖတ်လိုက်ရတဲ့ အချိန်မှာ မျက်ရည်လည်ခဲ့ရကြောင်း၊ ဒါကြောင့် ရုပ်ရှင် ရိုက်ကူးခဲ့တဲ့ တနှစ်ခွဲ ကာလ အတွင်း တခြား အလုပ်တွေ ဖျက်ပြီး ဒီရုပ်ရှင် ကိုပဲ အာရုံထား ရိုက်ကူးခဲ့တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါရိုက်တာ Luc Besson ဟာ နာမည်ကြီး ရုပ်ရှင်ကားတွေ ဖြစ်တဲ့ The Fifth Element နဲ့ Leon ရုပ်ရှင်ကားတွေနဲ့ နာမည်ကြီးခဲ့သူ ဖြစ်ပါတယ်။ အခု The Lady ဇာတ်ကား ဟာ အော်စကာဆု အတွက် ရွေးချယ်ခံ စာရင်းထဲ ၀င်တယ် ဆိုရင်ပဲ သူ့အနေနဲ့ ကျေနပ်ပါပြီလို့ ဒါရိုက်တာ Luc Besson က ပြောပါတယ်။ The Lady ဇာတ်ကားကို နိုင်ငံတချို့ က ရုပ်ရှင် ပွဲတော်တွေမှာ နမူနာ အပိုင်းကလေးတွေ ပြသခဲ့ပါတယ်။ အခု ရောမ ရုပ်ရှင် ပွဲတော်မှာတော့ The Lady ဇာတ်ကားကြီးကို ပြသပြီး တခြားရုပ်ရှင်ကားတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ရောမ ရုပ်ရှင်ပွဲတော် စီစဉ်သူတွေက ဒီဇာတ်ကားဟာ အမှန်တရား၊ တရားမျှတမှု နဲ့ ညီညွတ်မှု တွေနဲ့သာ အာဏာသုံး ဖိနှိပ်မှုတွေကို တွန်းလှန်နိုင်တယ် ဆိုတာ ဖေါ်ကျူးတဲ့ ဇာတ်ကား ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ The Lady ရုပ်ရှင်ကား ကို ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"