ထိပ်ဆုံး သတင်း :
Home » » ကေအိုင်အို ၅၁ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်

ကေအိုင်အို ၅၁ နှစ်ပြည့် အထိမ်းအမှတ် ပြုလုပ်

10/28/2011 07:12:00 AMတွင်ရေးသည်


ကေအိုင်အို အထိမ်းအမှတ်ပွဲ
၂၀၁၁ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကျရောက်သည့် ကေအိုင်အို ၅၁ နှစ်ပြည့် အထိမ်းအမှတ်ပွဲကို လိုင်ဇာမြို့နှင့် အခြားနေရာ အသီးသီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ကေအိုင်အိုဌာနချုပ် လိုင်ဇာမြို့တွင် နံနက် ၁၀ နာရီအချိန်တွင်   လေးနေရာခွဲ ကာ ပြုလုပ်ခဲ့သည်။

ကေအိုင်အို အထိမ်းအမှတ် အခမ်းအနား

ကေအိုင်အို အထိမ်းအမှတ် အခမ်းအနား
ကေအိုင်အို ဥက္ကဌမှ ပြည်သူများနှင့် အမူထမ်းများသို့ ပေးပို့လိုက်သည့် အမှာစကားတွင်  နိုင်ငံရေးတွင် မိမိတို့ရသင့် ရထိုက်သည့် အခွင့်အာဏာ  ရရှိရေးသည် အရေးကြီးကြောင်း၊ ယင်းကဲ့သို့ အခွင့်အာဏာ ရရှိရန်အတွက် တိုက်ပွဲဝင်ရမည်မှာ ကေအိုင်အို အမူထမ်းများ ၏ တာဝန်ဖြစ်ကြောင်း၊ ထို့ကြောင့် ကေအိုင်အိုပါတီသည် ထိုတာဝန်ကို ဦးလည်မသုန် ကြိုးစားထမ်းဆောင် သွားရန်လိုအပ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။
ကေအိုင်အို မူဝါဒများတွင်
၁ – ကေအိုင်အိုသည် ပြည်နယ်သူ ပြည်နယ်သားများနှင့် ကချင်တမျိုးသားလုံး၏ ပါဝင်ထောက်ခံမူဖြင့်  တည်ထောင်ဖွဲ့စည်း ထားသည့် နိုင်ငံရေးအဖွဲ့အစည်းဖြစ်သည်။
၂ – ကေအိုင်အိုသည် ပြည်နယ်သူ ပြည်နယ်သားများနှင့် ကချင်တမျိုးသားလုံး၏ နိုင်ငံရေး  ဦးသျှောင်ဖြစ်သည်။
၃ – ကေအိုင်အိုသည် ပြည်နယ်သူ ပြည်နယ်သားများနှင့် ကချင်တမျိုးသားလုံးကို ကိုယ်စားပြုသည့် အဖွဲ့အစည်းဖြစ်သည်။
၎ – ကေအိုင်အိုသည် ပြည်နယ်သူ ပြည်နယ်သားများနှင့် ကချင်တမျိုးသားလုံး၏ အကျိုးကိုဆောင်သည့် အဖွဲ့အစည်း ဖြစ်သည်။
၅ – ကေအိုင်အိုအဖွဲ့အစည်းသည် မတရားမူကို တော်လှန်သည့် အဖွဲ့အစည်းဖြစ်သည်။
ထို့ကြောင့် ကေအိုင်အိုသည် တမျိုးသားလုံးဖိနှိပ်ခံ ထားရခြင်းမှ လွတ်မြောက်ရန် အတွက်   ကေအိုင်အိုသည် နိုင်ငံရေး၊ စစ်ရေး နည်းအမျိုးမျိုးဖြင့် တိုက်ပွဲဝင်လျက်ရှိသည်။ တဖက်တွင် မိမိဒေသကို ဖိနှိပ်ကျူးကျော်သူများကို စစ်ရေးအရခုခံသကဲ့သို့ တဖက်တွင်လည်း နိုင်ငံ့ရေး နည်းဖြင့် ဖြေရှင်းရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်။
မည်သည့် နည်းနှင့်မဆို ကေအိုင်အိုသည် ရည်မှန်းထားသည့် ပန်းတိုင်ရောက်ရန် အတွက်   ရေကုန်ရေခန်း ကြိုးပမ်းသွားမည်ဖြစ်သည်။ ကေအိုင်အို အမူထမ်းများသည် မိမိ၏မူလ တာဝန် များအပြင် အခြား လုပ်သင့်လုပ်ထိုက်သည်များ၊ ကျရောက်လာသည့် အမျိုးသားရေး တာဝန် များကိုလည်း ကြိုးစားလုပ်ဆောင် သွားကြရန်လည်း ဥက္ကဌ၏ အမှာ စကားတွင် ထည့်သွင်း   ပြောဆိုသွားသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"