ထိပ်ဆုံး သတင်း :
Home » » မြန်မာ့အရေး ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ကလည်း ကြေညာချက်ထုတ်

မြန်မာ့အရေး ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေးအဖွဲ့ကလည်း ကြေညာချက်ထုတ်

10/18/2011 01:03:00 PMတွင်ရေးသည်

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ၊ လူမျိုးစုနယ်မြေတွေမှာ ထိုးစစ်တွေ ရပ်ဆိုင်းရေး နဲ့ လူ့ အခွင့်အရေး ချိုးဖေါက်မှုတွေ အဆုံးသတ်ရေး အတွက် ကမ္ဘာ့ ခရစ်ယာန်များ သွေးစည်းညီညွတ်ရေး အဖွဲ့ CSW က တိုက်တွန်းလိုက်ပါတယ်။
Photo: Courtesy of Free Burma Rangers
မြန်မာအစိုးရတပ်၏ လိုက်လံတိုက်ခိုက် သတ်ဖြတ်ခြင်း၊ ရွာမီးရှို့ခြင်း၊ အဓမ္မပေါ်တာဆွဲ ခိုင်းစေခြင်း၊ ဖမ်းဆီးမုဒိမ်းကျင့်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက် ရက်စက်မှုများကြောင့် တောတောင်များတွင် ထွက်ပြေး ပုန်းရှောင်နေကြသည့် ကရင်ရွာသူရွာသားများ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)
သမ္မတ ဦးသိန်းစိန် အစိုးရ စတင် အသက်ဝင်ခဲ့ ကတည်းက တိုင်းရင်းသား နယ်မြေတွေမှာ ဆင်နွှဲခဲ့တဲ့ ထိုးစစ်တွေ အတွင်း အနည်းဆုံး အဓမ္မပြုကျင့်မှုပေါင်း (၃၀) လောက် ရှိပြီး၊ စစ်သားအဖြစ် အဓမ္မ စုဆောင်းခံရသူ ကလေးငယ်ပေါင်း (၄၀၀) လောက် ရှိတယ်လို့ CSW ရဲ့ကြေညာချက်မှာ ဖေါ်ပြ ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၂) ရက်နေ့ က အကျဉ်းသားပေါင်း ခြောက်ထောင်ကျော်ကို အစိုးရက လွှတ်ပေးခဲ့ရာမှာ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်သာ ပါဝင်ခဲ့တဲ့ အကြောင်းနဲ့ မြန်မာအစိုးရ အနေနဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ရှိတယ်ဆိုတာ လက်ခံဖို့ လိုအပ်တယ်လို့ လည်း ဖေါ်ပြထားပါတယ်။ လာမယ့် သီတင်းပတ်တွေ အတွင်း ကုလသမဂ္ဂ ညီလာခံကနေ မြန်မာနိုင်ငံ ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ထုတ်ပြန်တဲ့အခါမှာလည်း မြန်မာနိုင်ငံ ဆိုင်ရာ လူ့ အခွင့်အရေး အထူး ကိုယ်စားလှယ် Tomas Ojea Quintana တောင်းဆိုထားတဲ့ မြန်မာနိုင်ငံတွင်း လူ့ အခွင့်အရေး ချိုးဖေါက်မှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေး ကိစ္စကို ထောက်ခံ အတည်ပြုပေးဖို့လည်း CSW အဖွဲ့ က တောင်းဆိုထားပါတယ်။ နိုင်ငံရေး အကျဉ်းသားတချို့ လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးတာ၊ မြစ်ဆုံ ရေကာတာ ရပ်ဆိုင်းထားတာ စတဲ့ ဆုံးဖြတ်ချက်တွေကိုတော့ CSW က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ တကယ့် ပြောင်းလဲမှုတွေ ဆက်လက် လိုအပ်နေသေးတယ်လို့ CSW အဖွဲ့ ရဲ့ ကြေညာချက်မှာ ဖေါ်ပြ ပါရှိပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"