Monday, October 17, 2011

KIA ဋ္ဌဌာနချုပ်အနီး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေ

KIA ဋ္ဌဌာနချုပ်တည်ရှိရာ တရုတ်နယ်စပ် လိုင်ဇာမြို့ အနီးသို့ အစိုးရစစ်ကြောင်းများ အလုံးအရင်းဖြင့် ချဉ်းကပ်လာရာ နှစ်ဘက်တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း KIA စစ်ဘက်သတင်းရပ်ကွက်မှ သျှမ်းသံတော်ဆင့်သို့ပြောသည်။

ယမန်နေ့ ညနေပိုင်းမှ ယနေ့အထိ လိုင်ဇာမြို့မှ ၁၀ မိုင်ကျော်ခန့် ကွာဝေးသော မြစ်ကြီးနား - ဗန်းမော်ကား လမ်းဘေးရှိ နမ်ဆန်ယန်ရွာအနီးတွင် နှစ်ဘက်တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

“နမ်ဆန်ယန်ရွာနားမှာ မနေ့ညနေပိုင်း ၃ နာရီလောက်ကနေ စဖြစ်တယ် ဒီနေ့အထိ ကြိုကြားကြိုကြား ဖြစ်နေ တုန်း ပဲ တပ် မ ၃၃ ၊ ၆၆ အဲဒီတပ်တွေပါတယ် မန္တလေး၊  စစ်ကိုင်းဘက်ကတပ်တွေလည်းညှပ်ပြီးထည့်ထား တာပေါ့” ဟု KIA ရှေ့တန်းသတင်းရပ်ကွက်မှ ပြောသည်။http://www.mongloi.org/burmese/images/stories/newspictures/2011/october/crossed-kachin-swords.jpg
ဗန်းမော်ဘက်မှ လိုင်ဇာအနီးသို့ ချဉ်းကပ်လာသော အစိုးရတပ် အင်အား ၄၀ဝ ကျော်ခန့်ရှိပြီး အဆိုပါ စစ်ကြောင်း နှင့် KIAတို့ လိုင်ဇာမှ ၁၀ မိုင်ခန့်ဝေးသော မန်မော်ရွာအနီးတွင် ယခုလ ၁၄ ရက်နေ့ကတိုက်ပွဲဖြစ်ပွားခဲ့သေး ကြောင်းသိရ သည်။


အလားတူ မြစ်ကြီးနား - လိုင်ဇာကားလမ်း ရွေညောင်ပင်အနီးတွင် KIAနှင့် အစိုးရတပ်တို့ ယမန်နေ့က အထိ ၄ ရက် ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး အစိုးရတပ်ဘက်မှ အထိအခိုက် အကျအဆုံးများပြားကြောင်း သိရသည်။


တရုတ်နယ်စပ် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောက - “တပ်တွေအလုံးအရင်းနဲ့ပို့နေတာ လိုင်ဇာကို ထိုးဖို့အစီ အစဉ် ရှိပုံရတယ် လက်နက်ကြီးတွေကို လားနဲ့တင်တယ် ၁၂၀ မမပေါ့ ၁၅၅ တို့ ၁၀၅ တို့ကျတော့ လားနဲ့တင်ဖို့မဖြစ် နိုင်ဘူးလား၊ အကောင်ရေ ၃၀ဝ လောက်ရှိတယ် တချို့ကအရပ်ဝတ်တွေနဲ့လာတာ” - ဟု ဆိုသည်။


တိုက်ပွဲအတွင်း အစိုးရတပ်ဘက်မှ လူ့အခွင့်အရေးချိုးဖေါက်နေပြီး ယခုလ ၁၆ ရက်နေ့က နမ်ဆန်ယန်ရွာ ကစ်သလစ် ဓမ္မဆရာ ဦးအောင်လီကို အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIA သတင်းရပ်ကွက်အဆိုအရသိရ သည်။

No comments:

Post a Comment