ထိပ်ဆုံး သတင်း :
Home » » KIO ကုလအတွင်းရေးမှူးချုပ် ထံ စာပို့

KIO ကုလအတွင်းရေးမှူးချုပ် ထံ စာပို့

10/02/2011 01:41:00 PMတွင်ရေးသည်

 http://wscdn.bbc.co.uk/worldservice/assets/images/2011/04/24/110424143657_burma_rebels_kachin_226x170_bbc_nocredit.jpg
ထာဝရ ငြိမ်းချမ်းရေး ကေအိုင်အေ လိုလား
ကေအိုင်အေ ကချင်လွတ်မြောက်ရေး အဖွဲ့က ကချင်ပြည်နယ်မှာ အပစ်အခတ် ချုပ်ငြိမ်းစေမယ့် ထာဝရ ငြိမ်းချမ်းရေး ရဖို့အတွက် စက်တင်ဘာလ၂၆ ရက် နေ့စွဲ နဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပချိန် မှာ ပထမဆုံးအကြိမ် အဖြစ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ထံ ပန်ကြားစာ ပေးပို့လိုက် ပါတယ်။

ပြည်တွင်းမှာ ထာဝရ ငြိမ်းချမ်းရေး ရဖို့ကိစ္စ ကို ပြည်တွင်းမှာ အချင်းချင်းကြား ညှိနှိုင်းလို့ မရဘူးလား ဆိုတော့ ကေအိုင်အေ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလနန်း က ပြည်တွင်းစစ် ဖြစ်ခဲ့တာ နှစ်ပေါင်း ၆ဝ ကျော်လာတဲ့ တိုင်အောင် မပြေလည်ခဲ့ပုံ၊ ဒါကြောင့်မို့ ပြည်ပကနေ ဝင်ရောက်ပြီး သက်သေ အဖြစ် ပါဝင် စေလိုပုံ၊ ဘီဘီစီ ကို ပြောပြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ် ကို လည်း ပြည်တွင်းရေး ဆိုပြီး အိမ်နီးချင်း နိုင်ငံတွေကပါ ဉပက္ခာ ပြုထားလို့ အခြေအနေ ပိုဆိုးလာတာ ကိုလည်း ဦးလနန်း က ထောက်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရဝန်ကြီး ဦးအောင်ကြည် တို့ သောကြာနေ့ က တွေ့ဆုံတဲ့ အခါမှာ ပြည်တွင်းငြိမ်းချမ်းရေး ထာဝရ ရရှိရေး ဆွေးနွေး ကြပေမယ့်လည်း ဒါဟာ အချိန်ကိုက် လုပ်ဆောင်တာ လို့ ဦးလနန်း က ပြောပါတယ်။ မြစ်ဆုံကိစ္စ ကို သမ္မတ က ရပ်တန့်တဲ့ အရေးရယ်၊ မကြာခင်မှာ ဝ သွေးစည်းညီညွတ်ရေး နဲ့ ပြည်ထောင်စု အဖွဲ့ ဆွေးနွေးမယ့် အရေးစတာတွေ ဟာ အစိုးရ လိုချင်တဲ့ ငြိမ်းချမ်းရေး ပုံစံ လို့ ဦးလနန်း က ရှင်းပြပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"