ထိပ်ဆုံး သတင်း :
Home » » SSA နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတော့မလား

SSA နဲ့ အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးတော့မလား

10/28/2011 02:26:00 PMတွင်ရေးသည်

မြန်မာအစိုးရ နဲ့ တခါမှ အပစ်အခတ် ရပ်ဆဲမှု မလုပ်ခဲ့တဲ့ SSA တောင်ပိုင်း လို့ လူသိများတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ် ဦးဆောင်တဲ့ ရှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် RCSS/SSA ဟာ အခုတလောမှာ ထိုင်းအာဏာပိုင် တွေရော၊ ရှမ်းပြည်သူ့စစ် အဖွဲ့ တို့ရဲ့ ကြားဝင် ဆောင်ရွက် ပေးမှု ကြောင့် မြန်မာ အစိုးရ နဲ့ ပထမဆုံး အကြိမ် အဖြစ် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ပြင်ဆင်နေတဲ့ သတင်း ထွက်နေပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2010/12/06/101206162217_ssa_north_226x170_shan.jpg
ရှမ်းပြည် တပ်မတော်
အဆိုပါ ဆွေးနွေးပွဲ နဲ့ ပတ်သက်ပြီး ရှမ်းပြည်လူထု ရဲ့ ဆန္ဒသဘောထား လည်း ပြီးခဲ့တဲ့ သီတင်းပတ်က စပြီး ကောက်ယူခဲ့ပါတယ်။ ဆွေးနွေးပွဲ အခြေအနေ နဲ့ ပတ်သက် လို့တော့ SSA ရဲ့ ပေးစာ ကို မြန်မာအစိုးရ က အကြောင်း မပြန်သေးတဲ့ အကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ဘီဘီစီ ကို ပြောပါတယ်။

မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန် က အစိုးရ အနေနဲ့ အဖွဲ့အစည်းတိုင်း နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပြုလုပ် လိုတယ်လို့ မကြာခင်က ကြေငြာချက် ထုတ်ပြန်တာကို ကြိုဆို တဲ့ အနေနဲ့ SSA ဖက်ကလည်း ဆွေးနွေးမှု ပြုဖို့ အကြောင်းကြားတဲ့ အကြောင်း၊ ဗိုလ်ချုပ်ယွက်ဆစ် က ရှင်းပြပါတယ်။

အခုဆိုရင် SSA တောင်ပိုင်း၊ မြောက်ပိုင်း ဆိုတာလည်း မရှိတော့တဲ့ အတွက် SSA မြောက် အနေနဲ့ ဆွေးနွေးလည်း အားလုံးကို ကိုယ်စားပြုတာမို့ လက်ခံနိုင်ပုံ ကို ပြောပြပါတယ်။

နိုင်ငံရေးနဲ့ ပတ်သက်ရင် ဘယ်အဖွဲ့အစည်း နဲ့ ပဲ၊ ဆွေးနွေး မြန်မာ့ နိုင်ငံရေး ဟာ တခုတည်းနဲ့ ဆွေးနွေး လို့ မရတဲ့ အကြောင်း၊ အဖွဲ့အစည်း တိုင်း တစုတစည်း နဲ့ ဆွေးနွေး မှ ဖြေရှင်းနိုင်မှာ ဖြစ်ပုံ၊ စစ်ရေး အရတော့ သီးခြားစီ ဆွေးနွေး ရမှာ ဖြစ်တဲ့ အကြောင်း၊ ဗိုချုပ် ယွက်ဆစ်က ဘီဘီစီ ကိုပြောပြ ပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"