ထိပ်ဆုံး သတင်း :
Home » » ဆွမ်းလွတ် ရွယ်ဂျားဟာ အသက် ရှင်နေသေး သလား.. သေသွားပြီလား

ဆွမ်းလွတ် ရွယ်ဂျားဟာ အသက် ရှင်နေသေး သလား.. သေသွားပြီလား

11/25/2011 03:49:00 PMတွင်ရေးသည်

ဒီနေ့ဟာ အင်းမောက်မြို့ ခိုင်ဘန့် ကျေးရွာမှ နို့စို့ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျားကို စစ်အစိုးရစစ်တပ် ခမရ (၃၂၁) ရှေ့တန်း စစ်တပ်ဖြစ်တဲ့ မုဘွမ် အခြေစိုက် တပ်တို့မှ ဖမ်းဆီး ခေါ်ဆောင် ခဲ့တာ ရက်ပေါင်း (၂၅) ရက် ရှိသွား ပါပြီ။ ယနေ့ အချိန်ထိ နို့စို့ ကလေးအမေ ဆွမ်းလွတ် ရွယ်ဂျားဟာ အသက် ရှင်နေသေး သလား.. သေသွားပြီလား.. ဆိုတာ တိတိကျကျ မသိရတဲ့ အခြေ အနေဖြစ်နေ ပါတယ်။
နို့စို့ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျား နှင့် ပါတ်သက်ပြိး WPN ကနေပြိး ၂၃ ရက်နေ့ စုံစမ်းတွေ့ ဆုံမေးမြန်ချက်ဖြစ်ပါတယ် ။

မေး ။  ။ ဆွမ်းလွတ်ရွယ်ဂျား အခြေအနေ ဘယ်လိုလဲ အခု ။

ဖြေ  ။    ။ သေပြီထင်တယ် ။ အခုတလော မတွေ့ တော့ဘူးလို့ ပြောတယ်။

မေး ။     ။ ကချင်အမျိုးသမီးအဖွဲ့ နဲ့ကေအိုင်အေက မလိုက်ဘူးလား ။

ဖြေ ။   ။ လိုက်လို့မရဘူး  ။တပ်ကိုတော့ အဝေး ကနေ မြင်တော့မြင်ရတယ် ။

မေး  ။    ။   နို့စို့ ကလေးပါ ခေါ်သွားလေးယောက် ကော ။မလွတ်သေးဘူးလား ကြားမိလား ။

ဖြေ ။       ။ မဟုတ်ပါဘူး ။ သူရယ် သူ့ယောက်င်္ကျား  ယောက္ခထီး
တူတူဖမ်းခံရ ယောင်္ကျား ယောက္ခထီး လွတ်သွား တယ် ။ သူ့ကိုတော့ လွတ်မပေးဘူး ။ဖမ်းထားတယ် ။
သူပဲကျန်ခဲ့တယ် ။ ဗမာစစ်သားတွေ မုဒိန်းကျင့် ၊ တယောက်ပြီးတယောက် ကျင့် နေမှာပေါ့   ။

မေး  ။    ။  တယောက်ပြီး တယောက် ကျင့်တယ်ဆိုတာ မင်းက ဘယ်လို လုပ်ပြီးသိသလဲ ။ သူ့ကို တပ်ထဲမှာ မဟုတ်လား ဖမ်းထားတာက ။

ဖြေ ။         ။ ဟုတ်တယ် ။ အဝေးကနေ မြင်နေရတယ် သူ့ဘေးနား က နေပြီး သူ့ကိုဖက်နေတာ ၊ တယောက်လာလိုက် ဖက်လိုက် နမ်းလိုက် နဲ့ လုပ်ပြနေတယ် ။ ဘေးနားက နေ

ဖက်တာ တွေလုပ် ။ သူအောက်ပိုင်းက အ၀တ်မပါဘူး ။ စဉ်းစား ကြည့်ပေါ့ တာကတော့ ။

မေး  ။     ။  ဒါဆို မ င်း တို့မြင်နေရတဲ့ ကေအိုင်အေတပ် စခန်းနဲ့ ဖမ်းထားတဲ့ နေရာ ဘယ်လောက်ဝေးသလဲ။ နယ်မြေ အနေ အထားကော ။

ဖြေ ။      ။ ဟိုဘက်တောင် ဒီဘက်တောင် ။ ကြားမှာ မြေပြန့်  ။ဟုတ်တယ် ။ အဲ့လို..

မေး  ။ ။ ဒါဆို အနေအထားကို နည်းနည်းရှင်းပြပါအုံး ။

ဖြေ ။   ။ အစိုးရစစ်တပ်တွေ စခန်းက တောင်ပေါ်မှာ ။ သူတို့ ကို လက်နက်ကြီးနဲ့ ပစ်လို့မရဘူး ဘာကြောင့်ဆိုတော့ အဲ့ဒီတောင်က တရုတ်နယ် နမိတ်နဲ့ ကပ်နေတော့ ဒီဘက်က ပစ်လိုက်ရင် တရုတ်ဘက်ကို ရောက်သွားတယ် ။ အဲ့ဒီတောင် နောက်မှာ တရုတ်နယ်စပ် လက်နက်ကြီး ပစ်ရင် တရုတ်ဘက်ကျသွားတယ် ။
အဲ့လိုမျိုး..

မေး ။           ။  ဒီမိန်းကလေးရဲ့ ရွာကကော ဘယ်လောက်ဝေးလဲ ။ စခန်းနဲ့ နီးတယ်လို့ပြောတယ် ။ ရွာရဲ့အနေအထားကိုပြောပါအုံး ။

ဖြေ။          ။  ဗမာ တပ်နဲ့ နယ်စပ်ကပ် ။ ကချင်တပ် လဲတောင်ပေါ်မှာ ကြားမှာ ချောင်းလေး နဲ့ ရွာ လယ်လုပ်စားတဲ့လူ ၊ တောင်ယာ သီးခြံတွေပေါ့  တောင်ခြေ နယ်စပ်ဆို ဗမာစစ်တပ်က မိုင်းတွေ အပြည့်ဘဲ ထောင်ထားတာ သွားလို့ ကိုမရဘူး အ၀းက ဒီဘက်ကေအိုင်အေ တပ် ရွာကိုကျော်ပြီး ပစ်ရင်လည်း တရုတ်ဘက်ကို ရောက်သွားကြတယ် ။ နှစ်ဘက်က မိုင်းတွေ ထောင်ထားတော့ ရွာသားတွေက အခုဆို လယ်လုပ်စားလို့ မရတော့ဘူး ။ တောင်ခြေ တောင်ယာတွေမှာ ဗမာတပ် မိုင်းထောင်
ရွာသားတွေ လုပ်စားမရ ။

မေး  ။  ။  မိုင်းတွေအများကြီး ထောင်ထားတယ်ဆိုတော့ ရွာသားတွေ က ဒုက္ခရောက်နေမှာပေါ့ ။

ဖြေ ။       ။  ဒီဟာက ပါးပါးလေးဘဲရှိသေးတယ် ။ ဗမာစစ်တပ်က ဆိုးတာ ။ ဒါ့ထက်ဆိုးတာတွေအများကြီး .............. .နောက်ပုံပို့ပေးမယ် ......

post by   WPNG ဇော်ရှန် 

ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"