Tuesday, November 22, 2011

ပညာ​ရေး​ကွန်ရက် ​ဈေး​ရောင်း​ပွဲ ပရိသတ်​သောင်း​ချီ တက်​ရောက်အား​ပေး

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်ရဲ့​ ဒီမိုက​ရေစီကွန်ရက်တခုဖြစ်တဲ့​ ပညာ​ရေး​ကွန်ရက် တနှစ်ပြည့်​ ​ဈေး​ရောင်း​ပွဲဖွင့်​ပွဲကို ​ဒေါ်​အောင်ဆန်း​စုကြည် တက်​ရောက်အား​ပေး​ပြီး​ မိန့်​ခွန်း​ပြောကြား​ခဲ့​ရာမှာ ပရိသတ် ​သောင်း​နဲ့​ချီ လာ​ရောက်ခဲ့​ကြပါတယ်။
ဈေးရောင်းပွဲတော်ကို လာရောက် အားပေးသည့် ပရိသတ်များ
ဈေး​ရောင်း​ပွဲဖွင့်​ပွဲကို ရန်ကုန်မြို့​ ပြည်လမ်း​က ယုဒသန်ရိပ်သာခန်း​မဝင်း​မှာ ဒီက​နေ့​ ပြုလုပ်ခဲ့​တာပါ။
ဖွင့်​ပွဲမှာ ပညာ​ရေး​အ​ရေး​ပါပုံကို ​ဒေါ်​အောင်ဆန်း​စုကြည်က “ကျမတို့​ နိုင်ငံသူနိုင်ငံသား​အား​လုံး​က ပညာ​ရေး​ကို စိတ်ဝင်စား​ပြီး​တော့​ ပညာ​ရေး​ကို ​ထောက်ခံအား​ပေး​မှ ကျမတို့​နိုင်ငံတိုး​တက်နိုင်မှာပါ။ တခြား​ ဘာပဲ ကျမတို့​အချင်း​ချင်း​ တ​ယောက်နဲ့​ တ​ယောက် သ​ဘောမတူတာရှိ​ပေမယ့်​လည်း​ ပညာ​ရေး​နဲ့​ပတ်သက်လို့​ တသ​ဘောတည်း​လို့​ ကျမထင်ပါတယ်။ အား​လုံး​ဟာ ကျမတို့​နိုင်ငံမှာ ပညာ​ရေး​ဖွံ့​ဖြိုး​စေချင်တယ်။ ကျမတို့​ရဲ့​လူငယ်​တွေဟာ ကမ္ဘာ့​အဆင့်​အတန်း​နဲ့​ မီ​အောင်လို့​ ပညာ​တွေရ​စေချင်တယ်။ ဒါက​တော့​ ဘယ်သူကမှ ငြင်း​မယ်လို့​မထင်ပါဘူး​။ အဲ့​ဒီလို ပညာ​တွေရဖို့​အတွက် ကျမတို့​လုပ်​နေတဲ့​အခါမှာ ဒီမိုက​ရေစီကွန်ရက်က လူငယ်​တွေက ကိုယ့်​နည်း​ကိုယ့်​ဟန်နဲ့​ အမျိုး​မျိုး​အား​ပေး​တာဟာ ကျမတို့​အနာဂတ်အတွက် အင်မတန်မှ​ကောင်း​တဲ့​ လက္ခဏာပါပဲ။”
ဒေါ်​ အောင်ဆန်း​စုကြည် လွတ်​မြောက်ခဲ့​ပြီး​တဲ့​နောက် ဖွဲ့​စည်း​ခဲ့​တဲ့​ ပညာ​ရေး​ကွန်ရက် တနှစ်ပြည့်​ ​ဈေး​ရောင်း​ပွဲမှာ ရန်ကုန်တိုင်း​အတွင်း​ ပညာ​ရေး​ ကွန်ရက်​အောက်မှာ ပါဝင်​နေတဲ့​ ​ကျောင်း​ပေါင်း​ ၂၅ ​ကျောင်း​က ဆိုင်ခန်း​ပေါင်း​ ၂၅ ခန်း​ ဖွင့်​လှစ် ​ရောင်း​ချခဲ့​တာပါ။
ဗိုလ်ချုပ်​ အောင်ဆန်း​နဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်ပုံပါ ပြက္ခဒိန်၊​ တီရှပ်နဲ့​ စာအုပ်စာတမ်း​မျိုး​စုံ၊​ အစား​အ​သောက်မျိုး​စုံတို့​ ​ဈေး​ရောင်း​ပွဲမှာ ​ရောင်ချခဲ့​ပြီး​ ​ရောင်း​ချရတဲ့​ ရန်ပုံ​ငွေအား​လုံး​ကို ပညာ​ရေး​ကွန်ရက်ကို လှူဒါန်း​သွား​မယ်လို့​ ပညာ​ရေး​ကွန်ရက်များ​ ဖွဲ့​စည်း​နိုင်​ရေး​ ကူညီ​ဆောင်ရွက်​ပေး​နေတဲ့​ ၈၈ မျိုး​ဆက် ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။
ပြည်သူလူထုအ​နေနဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည် အား​ထား​တဲ့​ပညာ​ရေး​ကဏ္ဍကို အား​ပေး​တာ ​တွေ့​ရတယ်လို့​ ကိုဖြိုး​မင်း​သိန်း​က ​ပြောပါတယ်။
“ပြည်သူလူထုရဲ့ ​ ​ထောက်ခံမှု​ကြောင့်​လည်း​ ဒီ​ဈေး​ရောင်း​ပွဲ​တော်က ​အောင်မြင်တယ်​ပေါ့​ဗျာ။ ပညာ​ရေး​ကွန်ရက် အခုလို​ဆောင်ရွက်နိုင်မှုအ​ပေါ်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ပညာ​ရေး​လမ်း​ကြောင်း​ပေါ်မှာ အား​ထား​မှုအ​ပေါ်မှာ ပြည်သူလူထုကလည်း​ ​ထောက်ခံမှုရပါတယ်။ ဒီ့​အပြင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် တရား​ဝင်ရပ်တည်မှု ပြန်လည်​ဆောင်ရွက်လာမှု အ​ပေါ်မှာလည်း​ လူထူရဲ့​ ပါဝင်နိုင်မှုက ပိုပြီး​ ရဲရဲတင်း​တင်း​ ပါဝင်လာတယ်လို့​ ကျ​နော်ထင်ပါတယ်။”
ပညာ​ရေး​ ကွန်ရက် ​ဈေး​ရောင်း​ပွဲကျင်း​ပတဲ့​ ယုဒသန်ခန်း​မထဲမှာ ​ဆောင်း​ဦး​လှိုင်၊​ အနဂ္ဂ၊​ သံသာဝင်း​၊​ ​ချောစုခင်၊​ ကဗျာဘွဲ့​မှူး​၊​ မီး​မီး​ခဲ စတဲ့​ ​တေး​သံရှင်​တွေက ​ဈေး​ရောင်း​ပွဲလာပရိသတ်​တွေကို ​တေး​သီချင်း​တွေနဲ့​ ​ဖျော်​ဖြေခဲ့​ကြပြီး​ မျက်လှည့်​၊​ ဟာသပညာရှင်​တွေကလည်း​ ​ဖျော်​ဖြေ တင်ဆက်ခဲ့​ကြပါတယ်။
ဒေါ်​ အောင်ဆန်း​စုကြည် လွတ်​မြောက်ခဲ့​ပြီး​တဲ့​နောက် ပညာ​ရေး​၊​ ကျန်း​မာ​ရေး​နဲ့​ သဘာဝ​ဘေး​စတဲ့​ ဒီမိုက​ရေစီကွန်ရက်​လေး​ခု ဖွဲ့​စည်း​ပြီး​ လူထုအကျိုး​ပြုလုပ်ငန်း​တွေ ​ဆောင်ရွက်​နေတာ ဖြစ်ပါတယ်။ 
@ by http://burmese.dvb.no/archives/18108

No comments:

Post a Comment