ထိပ်ဆုံး သတင်း :
Home » » ပဏာမ အဆင့်ဆွေးနွေးပြီးသော်လည်း အစိုးရတပ်ရုပ်သိမ်းခြင်းမရှိ - ယုံကြည်၍ မရသေးဟု အပစ်ရပ်များပြော

ပဏာမ အဆင့်ဆွေးနွေးပြီးသော်လည်း အစိုးရတပ်ရုပ်သိမ်းခြင်းမရှိ - ယုံကြည်၍ မရသေးဟု အပစ်ရပ်များပြော

11/25/2011 12:07:00 AMတွင်ရေးသည်

အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်ကြောင့် ပဏာမ အဆင့်ဆွေးနွေးသွားခဲ့ကြသောတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ များက သဘောတူ လက်မှတ်ရေးထိုး ထားချက်အတိုင်း မြန်မာအစိုးရဖက်မှလက်တွေ့ အကောင်အထည် မဖော်နိုင်သေး သဖြင့်စိတ်မချ ရသေး၊ လက်လွတ်စပယ် နေ၍မရသေးဟုမိုင်းလား အရာရှိများအသိုင်းအဝိုင်းကပြောသည်။

“ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးတာ ၃ လ ရှိတော့မယ်။ ခုချိန်ထိ ကျနော်တို့တောင်းဆိုချက်တွေ အနက် တိုးချဲ့အခြေချ လာတဲ့ ဗမာ့တပ်မတော် တပ်စခန်းတွေ ပြန်ဆုတ်ပေးဖို့ ဆိုတဲ့အချက် ဒီနေ့ထိ ပြန်ဆုတ်တာ မတွေ့ရသေးဘူး။ ဥပမာ တပ်မဟာ ၉၁၁ လှုပ်ရှားတဲ့ မိုင်းယောင်းနယ်ထဲက ဝမ့်ခိုးတပ်စခန်းပုံဟက်တပ်စခန်း တွေ မဆုတ်ဘူး။ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ် မြေထဲကို မကြာခင်က တိုးဝင်လာပြီး လွယ်ကောင်းဆန်း၊ ဟွေ့ဟျိုး၊ ဟွေ့မူးတွေမှာ တပ်စခန်းထပ်ချတဲ့ အပြင်  သတ္တုတူးဖို့ လာကြတဲ့ တရုတ်လောပန်းတွေဆီက ပိုက်ဆံစောင့်ကောက် နေကြတယ်” ဟု မိုင်းလားမှ အရာရှိ တဦးက သျှမ်းသံ တော်ဆင့်အား ပြောပြသည်။
http://www.mongloi.org/burmese/images/stories/newspictures/2011/october/Num_Pook.png
ဝမ့်ဟိုင်းအနီးတဝိုက် မြန်မာတပ်စခန်းချရာနေရာပြမြေပုံကြမ်း
စက်တင်ဘာလဆန်းပိုင်းက မိုင်းလားတပ်ဖွဲ့၊ ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့တို့ မြန်မာအစိုးရ၏ ငြိမ်းချမ်း ရေးဖော် ဆောင်ရေးကော်မတီနှင့်တွေ့ဆုံဆွေးနွေးခဲ့ရပြီး-  ဝ တပ်ဖွဲ့နှင့်တွေ့ဆုံဆွေးနွေးစဉ် လက်ရှိတိုင်းရင်း သား လက်နက်ကိုင် တပ်ဖွဲ့များအား အစိုးရစစ်တပ်က ထိုးစစ်ဆင်နေမှုကိုရပ်တန့်၍ တွေ့ဆုံဆွေးနွေးမှုစတင် သွားရန် ဟူသည့်အချက် ကို လည်းကောင်း၊ မိုင်းလားနှင့် အစိုးရကြား စက်တင်ဘာလကတည်းကသဘောတူညီ မှုရရှိထားသော အစိုးရဖက်မှ မိုင်းလား နယ်မြေထဲသို့ ဝင်ရောက်သည်ဖြစ်စေ၊ မိုင်းလားဖက်မှ အစိုးရနယ်မြေထဲ သို့ ဝင်ရောက်  သည်ဖြစ်စေ လက်နက်ယူဆောင် လာပါက ကြိုတင်အကြောင်းကြားရန်ဟူသည့် အချက်များ အကောင်အထည်ဖော်ခြင်းမရှိသေးကြောင်း အဆိုပါ မိုင်းလားအရာရှိက ထောက်ပြသည်။

“ ဒါကြောင့် ကျနော်တို့ မြန်မာအစိုးရနဲ့ဆွေးနွေးပြီးပြီ အရာရာအဆင်ပြေပြီဆိုပြီး လက်လွတ်စပယ်နေလို့မရဘူး။ သတိ တော့မြဲမြဲရှိနေမှ တော်ကာကျမယ်။ အစိုးရဲ့နဲ့ သဘောတူညီချက်လက်မှတ်ထိုးပြီးတာတောင်မှတပ်ကမ ဆုတ်ပေး သေး ဘူး ဆိုတာဟာ အစိုးရနဲ့ တိုင်းရင်းသားကြားက ယုံကြည်မှုတည်ဆောက်ရေးအတွက် လုံးဝထိ ခိုက်စေတဲ့အချက်ဖြစ်တယ်။ ဆိုတော့ အစိုးရနဲ့ဆွေးနွေးပြီး လက်မှတ်မထိုးရသေးတဲ့ တခြားအဖွဲ့တွေ ပိုပြီး သတိထားသင့်တယ်” ဟု အဆိုပါအရာရှိက ဆက်လက်ပြောသည်။

အလားတူ သျှမ်းပြည်တပ်မတော်  SSPP/SSA  နှင့်  မြန်မာအစိုးရကိုယ်စားလှယ်တို့ အောက်တိုဘာလ ၁၉ ရက်က တွေ့ ဆုံဆွေးနွေးကာ  SSPP ၏ ဝမ့်ဟိုင်းဌာနချုပ်အနီး အခြေချထားသော အဓိက မြန်မာစစ်တပ်၏ တပ်စခန်းများရုပ်သိမ်း ပေးရန် တောင်းဆိုခဲ့သော်လည်း ယနေ့တိုင် တပ်ရုပ်ပေးခြင်းမရှိသေးကြောင်း  SSPP ၏ ကေဒါတဦးကလည်း ပြောသည်။

“ဝမ့်မိတ်၊ နမ့်ပုတ်၊ ၇ မိုင်၊ နမ့်ကိုင်ဖိတ်၊ လွယ်ကုန်လွယ်ကျိုင်း၊ ပါခီးတပ်စတဲ့တပ်တွေ မဆုတ်သေးတဲ့အပြင် တပ်စခန်း တွေ ခိုင်မာအောင်ဆောက်ဖို့ ပိုက်ဆံကောက်နေသေးတယ်။ ဘယ်လိုလုပ်ယုံကြည်နိုင်မလဲ” ဟု ပြောသည်။

မြန်မာအစိုးရနှင့် နေပြည်တော်၌ဆွေးနွေးစဉ်  သျှမ်းပြည်တပ်မတော်မှ ၁- ဝမ့်ဟိုင်းဌာနချုပ်အနီးသို့တိုးဝင်နေ ရာယူသော မြန်မာတပ်စခန်းများ ဆုတ်ခွါပေးရန် ၂- ငြိမ်းချမ်းရေး ဆွေးနွေးရေးအတွက်ဗဟိုကော်မတီအစည်း အဝေးလုပ်ဖို့ အချိန် ပေးရန် ဟူသည့်အချက် ၂ ချက်ကို တောင်းဆိုခဲ့သည်။

“ တခြားတပ်ဖွဲ့တွေကို တင်ပြသလိုဘဲ ကျနော်တို့ကိုလဲ အစိုးရက အချက် ၄ ချက်တင်ပြတယ်။ ဒီအချက်တွေကို ဆုံး ဖြတ် ပြီး   ပြန်ဖြေပေးဖို့ အတွက် အစိုးရစစ်တပ်ရဲ့ တပ်စခန်းတွေ ပြန်ဆုတ်တာကိုစောင့်နေတယ်။ တပ်ဆုတ်ပြီးမှ အဖြေ ပေးမယ်လို့လဲ ကျနော်တို့ ပြောထားတာကိုး” ဟုလည်း  SSPP ၏အကြီးအကဲတဦး က ပြောသည်။

နိုဝင်ဘာ ၁၉ ရက်နေ့က နေပြည်တော်ကိုယ်စားလှယ် မီးရထားဝန်ကြီးနှင့်အဖွဲ့အား   သျှမ်းပြည် တပ်မတော်(တောင်ပိုင်း) တပ်ဖွဲ့ RCSS/SSA အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF တို့ က အပစ်ရပ်ရန် ပဏာမ အဆင့် ဆွေးနွေးသဘောတူညီမှုရခဲ့ပြီး၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ကရင်နီ အမျိုးသားတိုးတက် ရေးပါတီ KNPP တို့ကလည်း ထပ်မံတွေ့ဆုံဆွေးနွေးမည်ဟု သဘောတူညီမှု ရရှိခဲ့သည်။ 

post by သျှမ်းသံတော်ဆင့်
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"