ထိပ်ဆုံး သတင်း :
Home » » ကချင်လူမျိုး နို့စို့ ကလေးအမေဆွမ်းလွတ်ရွယ်ဂျား ခမရ ၃၂၁ ဗမာလူမျိုးစစ်သားများ တယောက်ပြီးတယောက်

ကချင်လူမျိုး နို့စို့ ကလေးအမေဆွမ်းလွတ်ရွယ်ဂျား ခမရ ၃၂၁ ဗမာလူမျိုးစစ်သားများ တယောက်ပြီးတယောက်

11/24/2011 11:57:00 PMတွင်ရေးသည်

ကချင်လူမျိုး နို့စို့ ကလေးအမေဆွမ်းလွတ်ရွယ်ဂျား ခမရ ၃၂၁ ဗမာလူမျိုးစစ်သားများ တယောက်ပြီး တယောက် ......၂၅ ရက်ရှိသွားပြီ .....
ဇော်ရှန် (မချမ်းဘော့)  24 11 2011 .....
ဒီနေ့ဟာ အင်းမောက်မြို့ ခိုင်ဘန့် ကျေးရွာမှ နို့စို့ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျားကို စစ်အစိုးရစစ်တပ် ခမရ (၃၂၁) ရှေ့တန်း စစ်တပ်ဖြစ်တဲ့ မုဘွမ် အခြေစိုက် တပ်တို့မှ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ရာ နိုဝင်ဘာလ ၁၈ ရက်နေ့ အထိဆိုရင် ရက်ပေါင်း (၂၅) ရက် ရှိသွား ပါပြီ။ ယနေ့ အချိန်ထိ နို့စို့ ကလေးအမေ ဆွမ်းလွတ် ရွယ်ဂျားဟာ အသက် ရှင်နေသေး သလား.. သေသွားပြီလား.. ဆိုတာ တိတိကျကျ မသိရတဲ့ အခြေ အနေဖြစ်နေ ပါတယ်။
လွန်ခဲ့သည့် သုံးလခန့် ကချင်လူမျိုး အမျိုးတစ်ဦးအား စစ်အစိုးရ စစ်တပ်မှ ပုံထဲကလို မဒိန်းကျင့်သတ်ခဲ့ ခေါ်ဆောင်သွားခဲ့သည့် နေရာ

နို့စို့ ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျားအား စစ်အစိုးရစစ်တပ် ခမရ (၃၂၁) မုဘွမ် အခြေစိုက် တပ်ရင်းမှ စစ်သား (၆) ဦးတို့က အောက် တိုဘာလ ၂၈ ရက် ၂၀၁၁ ညနေပိုင်း ၃း၀၀ နာရီနှင့် ၄း၀၀ နာရီကြားမှာ ခိုင်ဘန့်ကျေးရွာ အနီးမှ ဆွမ်းလွတ် ရွယ်ဂျား မိသားစု၏ စိုက်ခင်းမှ ဖမ်းဆီးခေါ်ဆောင် သွားခြင်း ဖြစ်ပါတယ်။ ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ အထဲမှာ ဆွမ်းလွတ်ရွယ်ဂျာရဲ့ ခင်ပွန်းဖြစ်သူ မရိုဒေါင်လွမ်းနှင့် အသက် ၇၀ ဝန်းကျင်ရှိ မရိုဒေါင်လွမ်းရဲ့ ဖခင်ဖြစ်သူ မရိုဇယ်ဒေါင် တို့လည်း ဖမ်းဆီး ခံခဲ့ ရပါတယ်။

မရိုဒေါင်လွမ်းနှင့် မရိုဇယ်ဒေါင်တို့ သားအဖဟာ လမ်းခုလတ်မှ အသက်ကို လုကာ ထွက်ပြေးရာ စစ်အစိုးရ စစ်သားများမှ သေနတ်နဲ့ လိုက်ပစ် ခဲ့ပေမယ့် မထိမမှန်ဘဲ လွတ်မြောက် ခဲ့ပါတယ်။ နို့စို့ ကလေး မိခင် ဆွမ်းလွတ် ရွယ်ဂျားလည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ရာ အခွင့်မသာ ခဲ့ခြင်းကြောင့် နောက်ဆုံးတွင် မုဘွမ် စစ် စခန်းသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရခြင်း ဖြစ်ပါတယ်။

ဆွမ်းလွတ် ရွယ်ဂျား ပြန်လည် လွတ်မြောက် လာနိုင်ဖို့ ကျနော်တို့ ဆွေမျိုး အတိုင်း အဝိုင်းများ၊ ကျေးရွာ အမျိုးသမီးများလည်း တတ်နိုင်တဲ့ ဘက်ကနေပြီး ကြိုးစား ခဲ့ပြီးပါပြီ။ နို့စို့ ကလေး အမေ ဆွမ်းလွတ်ရွယ်ဂျားရဲ့ ယောက္ခထီး ကလည်း ကချင်ပြည်နယ် အစိုးရဆီသို့ အမြန်ဆုံး ပြန်လွတ်ပေးဖို့ အတွက် တိုက်ရိုက် တောင်းဆိုတဲ့ စာရေးခဲ့ ပါတယ်။ ဒါပေမယ့် ကချင်ပြည်နယ် အစိုးရ ဝန်းကြီး ကနေပြီး စုံစမ်းမေးမြန်ခဲ့ရာ G-1 ဗျူဟာမှူး တစ်ယောက် ကနေပြောကြား ခဲ့တာတော့ ခမရ (၃၂၁) စစ်တပ် အတွင်းမှာ ယင်း နို့စို့ ကလေး မိခင် ဆွမ်းလွတ် ရွယ်ဂျား မရှိဘူးလို့ ပြောတဲ့ သတင်းဘဲ ရရှိခဲ့ပါတယ်။  ဒီလုပ်ရပ်တွေဟာ မျက်စိဖွင့်ပြီးမှ လိမ်နေခြင်းသာ ဖြစ်ပါတယ်။

ဆွမ်းလွတ် ရွယ်ဂျားကို ဖမ်းဆီး ခေါ်ဆောင်သွားတဲ့ နေ့မှာဘဲ ယင်းစစ်တပ် အတွင်းမှာ အင်္ကျီအနီ ကွက်ကြားနဲ့ အမျိုးသမီး တစ်ယောက် စစ်စခန်း အတွင်းသို့ ခေါ်ဝင် သွားတာ ကိုလည်း တွေ့ခဲ့ ပါတယ်။ အောက်တိုဘာလ ၂၉၊ ၃၀ ရက်နေ့ မှာလည်း သူ့ကို ဖမ်းဆီး သွားတဲ့နေ့မှာ ဝတ်တဲ့ အဝတ် အနီ ကွက်ကြားကို အပြင်မှာ နေထွက်လှန်းတာ၊ သူအပြင်မှာ ထွက်ပြီး နေပူဇာ လုံနေ တာကို တွေ့ခဲ့ပါတယ်။ စစ်သားများ အားလုံး သူ့ကို လာဆွဲလိုက် ဖက်နမ်း လိုက်နဲ့ နည်း အမျိုးမျိုး လုပ်နေတာကိုလည်း တွေ့ခဲ့ပါတယ်။

ကျမတို့ အမျိုး သမီးအဖွဲ့မှလည်း ကိုယ့်မျက်စိနဲ့ တွေ့နိုင်ဖို့ အတွက် အောက်တိုဘာလ ၃၁ ရက်နေ့ တနေကုန် စောင့်ကြည့် ခဲ့ရာ အဲ့ဒီနေ့မှာလည်း စစ်တပ် စခန်းထဲမှာ တွေ့ခဲ့ပါသေးတယ်။ ဒါပေမယ့် အင်္ကျီတော့ လှဲလိုက်ပါပြီ.. သူ့အင်္ကျီ အစား စစ်သား အင်္ကျီ အစိမ်းရောက်ကို ဝတ်ထားတာ တွေ့ခဲ့ပါတယ်။ ဒီလိုမျိုး မျက်မြင် သက်သေတွေ အများကြီး ရှိနေတာတောင်မှ မဖမ်းထားဘူး၊ မရှိ ဘူးလို့ ငြင်းပယ်နေတာဟာ သင်္ကာမကင်း စရာဖြစ်နေပါပြီ။

နိုဝင်ဘာလ ၁ ရက်နေ့ ကနေ စပြီးတော့ သူ့ကို စစ်စခန်း အတွင်း မတွေ့ရတော့ ပါဘူး။ ဒီနေ့ အထိ အရိပ်အယောင်တောင် မတွေ့ ရတော့ ပါဘူး။ အပြင် မထွက်ခိုင်းတော့ တာလာ..? သို့မဟုတ် ပစ်သတ် လိုက်ပြီလား…? ဒီနှစ်မျိုးထဲကနေ တစ်မျိုး မျိုးတော့ လုံးဝ သေချာ နေပါတယ်။

သို့ပါ၍ ကျနော်တို့ ကချင် ညီအစ်ကို မောင်နှမများခင်များ ကိုယ်နေထိုင်နေတဲ့ နေရာ၊ ကျေးရွာ၊ မြို့၊ အလုပ် အမျိုးမျိုး ကနေပြီး ဝိုင်းဝန်း ကူညီပေးဖို့ အနိုးအညွတ် တောင်းဆို လိုက်ပါတယ်။ ကျနော်တို့ စည်းလုံး ညီညွတ်မှုကို သက်သေပြကြရအောင်။ ကျနော် အိမ်သူ အိမ်သားများကို မေးမြန်းထားတဲ့ အသံဖိုင်၊ ဓါတ်ပုံ၊ မုဘွမ် စစ်စခန်းမှာ တွေ့ခဲ့တဲ့ ဆွမ်းလွတ် ရွယ်ဂျားရဲ့ အဝေးကြည့် မှန်ဘီလူး ဓါတ်ပုံများ၊ ဗီဒီယိုများကို သက်သေအဖြစ် ရရှိထားပါတယ်။

ပြီးတော့ လွန်ခဲ့တဲ့ အောက်တိုဘာလ ၁၇ - ၁၈ - ၁၉ ရက် ညမှာ မြစ်ကြီးနားမြို့မှ ကချင်လူငယ် အယောက် (၂၀) ကိုမြောက်ပိုင်း တိုင်း စစ်ဌာနချုပ် စစ်တပ် စစ်အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်တပ်မှ ပေါ်တာ အဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပါတယ်။ တခြား မသိနိုင်သေးတဲ့ စစ်ကြောင်းထဲမှာ ဘယ်လောက် အဖမ်း ခံနေကြရတယ် ဆိုတာကို မတွေးဝံ့ စရာဖြစ်ပါတယ်။ ယနေ့ ယင်းစစ်တပ်မှ ထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ ကချင်လူငယ် (၅) ဦးထဲမှ တစ်ဦးကို ကျနော်ကိုယ်တိုင် တွေ့စုံ မေးမြန်း ခဲ့ပါတယ်။ ယင်းထွက်ပြေး လွတ်မြောက်လာခဲ့တဲ့ လူငယ်လေးမှာ အရမ်းကြောက်ရွံ့ ထိတ်လန့်မှု ခံစားနေရ သဖြင့် ဘယ်သူနဲ့မှ မေးဖြေ လုပ်နိုင်ရန် အဆင်သင့် မဖြစ်သေးပါ။

သူပြောပြရာ ပေါ်တာအဖြစ် ဖမ်းဆီး ခေါ်ဆောင် သွားတဲ့ လူငယ် (၂၀) ထဲမှာ အသက် ငယ်သေးတဲ့ မိန်းကလေး (၂) ယောက်လည်း ပါကြောင်း သိရပါတယ်။ သူတို့ အားလုံးဟာ စစ်သားများရဲ့ ကြိုက်သလို ကန်ကြောက်ခြင်း၊ အမျိုးမျိုး ညှင်းပန်း နှိပ်စက်ခြင်းကို ခံရသည်သာမက အသက် ငယ်သေးတဲ့ မိန်းကလေး (၂) ယောက်ဟာ နေ့ည မပြက် တပ်ရင်းမှူး (Officers) များမှ မဒိန်းကျင့်ခြင်း၊ အဝတ်မပါဘဲ စစ်သားများရဲ့ အလယ်၊ ရှေ့မှာ အတင်း အဓိမ္မ ရေချိုး ခိုင်းခြင်း၊ ရေချိုးပြီးတာနဲ့ တပ်ရင်းမှူး (Captain) မှ မဒိန်းကျင့်၊ ပြီးတာနဲ့ ကျန်စစ်ဗိုလ် Officers များမှ ကြိုက်သလို တညလုံးလုံး မဒိန်းကျင့် … ပြောတောင် မပြောပြ တတ်တော့ဘူး .. ခံနေ ရပါတယ်။ Captain ကနေပြီး သူ့ရဲ့ လက်အောက် ငယ်သားများရဲ့ ရှေ့မှာ ယင်းအသက် ငယ်သေးတဲ့ ကချင် မိန်းကလေး (၂) ယောက်ကို အတင်း အဓိမ္မ ရေချိုးခိုင်း၊ အငယ်မကိုတော့ ရေလောင်းခိုင်း ရေချိုး ပြီးတာနဲ့ Captain မှ ရေသုတ်ပေးခြင်းနှင့် အသွင်းခံ ဘောင်းဘီကို ဝတ်ပေးခြင်းများ စသည်စည် အမျိုးမျိုး လုပ်နေတာကို ခံနေရပါတယ်။

တစ်နေ့မှာ နည်းနည် အသက် ပိုကြီးတဲ့ မိန်းကလေးကို မဒိန်းကျင့် အပြီးမှာ ယင်းမိန်းကလေးဟာ အပြင်ထွက်ပြီး ဘုရားသခင်ထံ ဒူးထောက် ဆုတောင်းရာ “ ဒီနေရာဟာ ဆုတောင်းမယ့် နေရာ မဟုတ်ဘူး၊ မင်းတို့ ဘုရားသခင်ဟာ ဘာမှ မလုပ်နိုင်၊ မတတ်နိုင်ဘူး၊ ကြည့် မင်းတို့ကို ကယ်တင်နိုင်လို့လား” ဆိုပြီး ယင်းမိန်ကလေးရဲ့ လည်ပင်းမှာ နှာရင်း အုပ်လိုက်ရာ မိန်းကလေးမှာ မြေကြီးပေါ်မှာ ပစ်လှဲ သွားပါတယ်။ မိန်းကလေးဟာလည်း စစ်ဗိုလ်ကြီးကို တံတွေး ထွေးလိုက်ရာ စစ်ဗိုလ်ကြီးမှ ပါး ပြန်ရိုက် လိုက်ရာ သွားပါ ကျွတ်ထွက် သွားပါတယ်။

ယနေ့ အထိ ယင်းအသက် ငယ်သေးတဲ့ မိန်းကလေး (၂) ယောက်နှင့် ကျန် ကချင် လူငယ် (၁၃) ယောက်တို့ဟာ ပြန်လည် လွတ်မြောက်လာ ခြင်းမရှိသေး ပါဘူး။ အယောက် (၂၀) မှ (၅) ယောက်ဘဲ ထွက်ပြေး လွတ်မြောက် လာခဲ့ပါသေးတယ်။ သို့ဖြစ်ပါ၍ ဒီလူငယ်လေးများရဲ့ သတင်းကို ဝိုင်းဝန်း စုံစမ်း ကယ်တင်ကြရမယ့် တာဝန်ဟာ ကျနော်တို့ ဝန်ပေါင် ကချင်များရဲ့ တာဝန် ဖြစ်နေပါပြီ..။

နမ်လင်းပါ ကျေးရွာမှာလည်း အောက်တိုဘာလ ၁၁ ရက်နေ့မှာ ပေါ်တာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရတဲ့ ပြည်သူ (၉) ယောက်ကိုလည်း အောက်တိုဘာ ၂၈ ရက်မှဘဲ ပြန်လည် လွတ်ပေး ခဲ့ပါတယ်။ ယင်း ၉ ယောက်ကိုလည်းဘဲ အမျိုးမျိုး ညှင်းပန်းနှိပ်စက် ခဲ့ပါတယ်။ လက်နှစ်ဖက် စလုံးမှာ ကြိုးသုတ် ထားပြီး ပစ္စည်းများ သယ်ခိုင်းခြင်း၊ ညမှာ ဆိုရင်လည်း အမှောင်သိုက်မှာ ထည့်ထားခြင်းကို ခံကြရပါတယ်။ ရိုက်နှက်ပြီး သွေးထွက်ရင်တော့ အချင်းချင်း လျှာနှင့် ပြန်လျက် စားခိုင်တယ်။ အဲ့တာဟာ စစ်အစိုးရ စစ်တပ် ခမရ (၄၇) တပ်မှ ပြုလုပ်ခြင်းဖြစ်တယ်။

ဒီအဖြစ် အပျက်ကို သိပြီးဗန်းမော်ခရိုင် လွှတ်တော် အမှတ် ဖောင်လား ကမ်ဖန်ကို အကြောင်းကြား ခဲ့ပြီးသူမှ တဆင့် စစ်ဗျူ ဟာမှူးကို တောင်းဆိုပေးပြီး ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်တယ်။

ဘယ်နည်းနဲ့ဖြစ်ဖြစ် ကျမတို့ နည်းအမျိုးမျိုးဖြင့် လုပ်ဆောင် သွားရင်တော့ အဖြေတစ်ခုခုတော့ ထွက်လာမယ်လို့ ယုံကြည် ပါတယ်။ ကျမတို့ ကြောက်လေလေ ညှင်းပန်း နှိပ်စက်လေလေ ဖြစ်နေ ပါတယ်လို့ မြင်မိ ပါတယ်။ တရားနည်းလမ်း ကျကျနဲ့ လုပ်ဆောင် သွားရင်တော့ အောင်မြင်မယ်လို့ ယုံကြည် ပါတယ်။ တမျိုးမျိုး အဖြေထွက်အောင်တော့ လုပ်ဆောင်ဖို့ လိုနေပါပြီ။

သို့မဟုတ်ပါက ဒီပေါ်တာ ဆွဲသွားခံရတဲ့ လူငယ် (၁၅) ယောက်နှင့် နို့စို့ ကလေးအမေ ဆွမ်းလွတ်ရွယ်ဂျား နှင့်ဆိုရင် (၁၆) ယောက် အတွက်ရော မသိရှိရသေးတဲ့ သူတွေ အတွက်ပါ ကျနော်တို့ ကြိုးစား သွားရအောင်လို့ နိုးဆော် လိုပါတယ်။
ဒီတခါတော့ စစ်အစိုးရတို့ လိမ်လို့ မရတော့ပါဘူး။
လွန်ခဲ့သည့် သုံးလခန့် ကချင်လူမျိုး အမျိုးသမီး တဦးအား စစ်အစိုးရ စစ်တပ်မှ ပုံထဲကလို မဒိန်းကျင့်သတ်ခဲ့...
လွန်ခဲ့တဲ့ အချိန်တုန်းက အဖြစ်အပျက်တွေ အားလုံးကိုလည်း စစ်အစိုးရ သူတို့ မဟုတ်သလို မသိသလို လုပ်ခဲ့တာတွေ အများကြီး ခံခဲ့ပြီး ပါပြီ။ ဒါကြောင့် ယခုစစ်အစိုးရ စစ်တပ်ရဲ့ လုပ်ဆောင်နေမှုတွေကို ဝန်ပေါင် ကချင် ညီအစ်ကို မောင်နှမ အားလုံး စည်းစည်း လုံးလုံး ဝိုင်းဝန်း တောင်းဆို လုပ်ဆောင် သွားရအောင်။ လွတ်ပေးပါလို့ ပါးစပ်နဲ့ ပြောရုံနဲ့ လုံလောက် ပြီလား..? ကျနော်တို့ တခြား နည်းလမ်းတွေဖြင့် လုပ်ဆောင်လို့ မရတော့ ဘူးလား..? နိုင်ငံတကာ လူ့အခွင့် အရေး အဖွဲ့သို့လည်း တိုင်တန်း အစီရင်ခံဖို့ လုပ်ဆောင် နေပါတယ်။

တခြား လုပ်ဆောင်နိုင်တဲ့ နည်းလမ်း ဘာရှိသေးလဲ ဆိုတာ ဝိုင်းဝန်း စဉ်းစားပြီး လုပ်ဆောင် သွားကြရအောင်။

ဒီတခေါက် ကျနော်တို့ရဲ့ မျက်စိအောက်မှာဘဲ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ညှင်းပန်း နှိပ်စက် မဒိန်းကျင့် နေတာကို သိနေလျက်၊ မြင်နေလျက် သားနဲ့ ဒီတိုင်းဘဲ ငြိမ်ငြိမ်လေး ခေါင်းငုပ် ခံနေတော့ မှာလား..? ဒီတိုင်းသာ ဆက်သွား ရင်တော့ စစ်အစိုးရ စစ်တပ်မှ ပိုပြီး လက်ဝါးကြီးအုပ် စိုးမိုး လာမှာ ဖြစ်ပါတယ်။ တရားဥပဒေ နည်းလမ်း ကျကျဖြင့် အားလုံး ဝိုင်းဝန်းလုပ်ဆောင် သွားကြပါစို့လို့ တိုက်သွန်းနိုးဆော် လိုက်ရ ပါတယ်။

ဝန်ပေါင် ကချင် အမျိုးသမီးအဖွဲ့ (မိခင်နိုင်ငံတော်)

 post by ဇော်ရှန် (မချမ်းဘော့)
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"