ထိပ်ဆုံး သတင်း :
Home » » သမ္မတ သတင်း​စာရှင်း​လင်း​ပွဲအဓိပ္ပာယ် ဘာလဲ

သမ္မတ သတင်း​စာရှင်း​လင်း​ပွဲအဓိပ္ပာယ် ဘာလဲ

11/25/2011 04:00:00 PMတွင်ရေးသည်


 
ပြီး ​ခဲ့​တဲ့​ နိုဝင်ဘာ ၁၉ ရက် ညပိုင်း​က ဘာလီမှာ​ရောက်​နေတဲ့​ သမ္မတ ဦး​သိန်း​စိန်ဟာ အဲဒီကို သတင်း​ယူဖို့​ ​ရောက်​နေတဲ့​ မြန်မာသတင်း​ထောက်​တွေကို သီး​သန့်​ သတင်း​စာရှင်း​ပွဲတခု လုပ်​ပေး​ခဲ့​ပါတယ်။ ဒါဟာ စစ်အစိုး​ရ လက်ထက်က​ရော လက်ရှိ အရပ်ဝတ်အစိုး​ရ လက်ထက်မှာပါ နိုင်ငံ့​နံပါတ် ၁ ​ခေါင်း​ဆောင် တ​ယောက်အ​နေနဲ့​ ပထမဦး​ဆုံး​အကြိမ်အဖြစ် သတင်း​ထောက်​တွေ ​မေး​မြန်း​တာကို ​ဖြေကြား​တာ ဖြစ်ပါတယ်။
ဒီလို ​မေး​တာ ​ဖြေတာ​တွေကို ဘီဘီစီ၊​ ဗွီအို​အေ၊​ အာရ်အက်ဖ်​အေ၊​ ဒီဗွီဘီ အသံလွှင့်​ဌာန​တွေက အသံလွှင့်​ထုတ်ခဲ့​လို့​ ပြည်တွင်း​က ​ရေဒီယို နား​ထောင်သူ​တွေ ကြား​ခဲ့​ကြရပါတယ်။ ​နောက်ပိုင်း​ ရန်ကုန်တိုင်း​မ် ဂျာနယ်က ပုံနှိပ်​ဖော်ပြလို့​ ဖြတ်​တောက်ထား​တာ တချို့​တ​လေကလွဲပြီး​ အများ​စုကို စာဖတ်သူ​တွေ ဖတ်ခွင့်​ရခဲ့​ကြပါတယ်။ အဲဒီမှာ သမ္မတ ဦး​သိန်း​စိန် ဘာ​တွေ ​ပြောခဲ့​လဲ။ အရင် သူ​ပြောခဲ့​တဲ့​ မိန့်​ခွန်း​တွေနဲ့​ နှိုင်း​ယှဉ်ရင် ဘာ​တွေ ကွာခြား​ချက် ရှိ​နေသလဲ ဆိုတာကို ​ဆွေး​နွေး​တင်ပြသွား​မှာ ဖြစ်ပါတယ်။
ရန်ကုန်မှာ​ တော့​ ဒီ သမ္မတရဲ့​ ​ဖြေကြား​ချက်​တွေကို ကြား​ခဲ့​ရသူ အများ​စုက​တော့​ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ​တွေ့​ရပါတယ်။ အရင် စစ်အာဏာရှင်လက်ထက်က ဝန်ကြီး​ချုပ်ရာထူး​ ရယူခဲ့​တဲ့​ ဗိုလ်ချုပ်ကြီး​ဟောင်း​တ​ယောက်ရဲ့​ မူလ ဇာတ်ရုပ် ​ပေါ်လာပြီလို့​ ​ဝေဖန်သူ​တွေကလည်း​ ​ဝေဖန်ကြပါတယ်။ တချို့​က​တော့​ သူ့​သ​ဘောထား​ အရင်း​ခံက​တော့​ အခု သတင်း​ထောက်​တွေကို ​ဖြေထား​တဲ့​ အတိုင်း​ပါပဲ။ အရင်အကြိမ်​တွေတုန်း​က​တော့​ ကြိုတင်​ရေး​ထား​တာကို ဖတ်တဲ့​အတွက် အ​တော်​လေး​ယဉ်​ကျေး​နေတာ ဖြစ်ပါလိမ့်​မယ် ဆိုပြီး​ မှတ်ချက်​ပေး​တာမျိုး​လည်း​ ရှိပါတယ်။ ဆို​တော့​ သမ္မတ ဘာ​တွေ ​ဖြေခဲ့​သလဲ ဆိုတာ ကြည့်​ကြရ​အောင်ပါ။
သမ္မတ ဦး​သိန်း​စိန် ​ဖြေထား​တဲ့​ဆီမှာ ပြည်သူ​တွေ သိချင်​နေကြတဲ့​ အဓိက အချက်ကြီး​ ၃ ချက်​လောက် ပါပါတယ်။ ပထမ တချက်က​တော့​ နိုင်ငံ​ရေး​အကျဉ်း​သား​တွေ ထပ်လွှတ်ဦး​မှာလား​။ ​နောက်ထပ် ဘယ်​တော့​လောက် လွှတ်​ပေး​ဦး​မှာလဲ ဆိုတာ။ လက်ရှိ ​ကေအိုင်​အေ အပါအဝင် တိုင်း​ရင်း​သား​တွေနဲ့​ ဖြစ်ပွား​နေတဲ့​ စစ်ပွဲနဲ့​ ပတ်သက်ပြီး​ ထား​ရှိတဲ့​ သ​ဘောထား။ ​နောက်ဆုံး​တခုက​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ​နောက်ထပ် ​တွေ့​ဆုံကြဦး​မလား​ ဆိုတာ​တွေပဲ ဖြစ်ပါတယ်။
ယုံကြည်ချက်​ ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေကို ထပ်လွှတ်​ပေး​မလား​လို့​ ​မေး​တာကို ​ဖြေပုံက ရှင်း​ပါတယ်။ သူ့​စကား​လုံး​ အတိအကျဆိုရင် ယုံကြည်ချက်​ကြောင့်​ဆိုတဲ့​ဟာက​တော့​ ​ပြောရမှာခက်တယ်။ ကျ​နော်တို့​က ယုံကြည်ချက် ဆိုတာက​တော့​ လက်မခံဘူး​။ ဥပ​ဒေတခုခုကို ကျူး​လွန်ထား​တဲ့​အတွက်​ကြောင့်​ ကျ​နော်တို့​က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။ သူ့​လိုပဲ ပြစ်မှု ကျူး​လွန်ထား​တဲ့​သူ​တွေလည်း​ အကျဉ်း​ထောင်ထဲမှာ အများ​ကြီး​ရှိတယ်။ ဒီအဖွဲ့​အတွက်ပဲ ခင်ဗျား​တို့​ပြောမယ်ဆိုရင် ကျန်တဲ့​အဖွဲ့​တွေအတွက်ပါ ခင်ဗျား​တို့​ ကိုယ်ချင်း​မစာရာ ကျမယ် ဆိုပြီး​ ​ဖြေသွား​ပါတယ်။
သူ​ဖြေတာ ရှင်း​ပါတယ်။ ဒါ့​အပြင် သူတို့​ ​ရှေ့​မှာ လုပ်ခဲ့​ကိုင်ခဲ့​သမျှဟာလည်း​ သူတို့​ ​ပြောတဲ့​အတိုင်း​ပဲ ဆိုတာ ရှင်း​ပါတယ်။ ​နောက်ဆုံး​ လွတ်လာတဲ့​ နိုင်ငံ​ရေး​အကျဉ်း​သား​ ၂၀၀ ​ကျော်ထဲမှာ ကိုဇာဂနာ၊​ ဗိုလ်ချုပ်​ဆေထင်နဲ့​ မစုစု​နွေး​ တို့​ ၃ ဦး​ကလွဲရင် ကျန်သူ​တွေအား​လုံး​ဟာ မတရား​ ချမှတ်ထား​တဲ့​ ​ထောင်ဒဏ်​တွေကို အနည်း​ဆုံး​ တဝက်ကျခံပြီး​မှသာ အခြား​ရာဇဝတ်သား​တွေနည်း​တူ လွတ်လာတာပါ။ အများ​စုဆိုရင် ​ထောင်ထဲမှာ နှစ်ရှည်လများ​ ဒုက္ခခံခဲ့​ပြီး​မှ လွတ်လာသူ​တွေ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတရဲ့​ ဒီ​ပြောဆိုချက်​ကြောင့်​ နိုင်ငံ​ရေး​အကျဉ်း​သား​ မိသား​စု​တွေ​ရော၊​ နိုင်ငံ​ရေး​သမား​တွေ အပါအဝင် ပြည်သူ​တွေကို စိတ်ပျက်​စေပါတယ်။ ဒါကိုကြည့်​ခြင်း​အား​ဖြင့်​ လက်ရှိ ဦး​သိန်း​စိန် အစိုး​ရဟာ အမျိုး​သား​ ပြန်လည်စည်း​လုံး​ညီညွတ်​ရေး​ကို လုပ်​ဆောင်မ​နေဘူး​ဆိုတာ ​ပေါ်လွင်​စေပါတယ်။
နောက်တချက်က​ တော့​ လက်နက်စွဲကိုင် ​တော်လှန်​နေတဲ့​ တိုင်း​ရင်း​သား​တွေနဲ့​ ငြိမ်း​ချမ်း​ရေး​ ရ​ရေး​ပါ။ ဦး​သိန်း​စိန် ​ဖြေတာက အ​တော်​လေး​ ဆိုး​ပါတယ်။ တိုင်း​ရင်း​သား​တွေ လက်နက်စွဲကိုင် ​တော်လှန်​နေတာဟာ အလုပ်အကိုင်မရှိလို့​ ထမင်း​မဝလို့​ ဖြစ်ရတယ်။ ထမင်း​ဝ​အောင် အလုပ်အကိုင်​တွေ ရှိလာ​အောင် စက်မှုဇုန်​တွေ ​ထောင်​ပေး​လိုက်ရင် ဒီပြဿနာ ​ပြေလည်သွား​မယ်ဆိုပြီး​ လက်လွတ်စပယ် ​ပြောဆိုခဲ့​တာ ဖြစ်ပါတယ်။ ​နောက်ပြီး​ လက်ရှိ ဖြစ်ပွား​နေတဲ့​ ​ကေအိုင်​အေနဲ့​ တိုက်ပွဲ​တွေနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ​ကေအိုင်​အေ ကသာ တဖက်သတ် ဆိုး​သွမ်း​နေလို့​ စစ်တပ်က ခုခံ​နေရတယ် ဆိုတဲ့​သ​ဘော ​ပြောပြန်ပါတယ်။ သူ့​စကား​လုံး​ အတိအကျဆိုရင် သူတို့​က လမ်း​တွေ​ပေါ်မှာ ​နေရာယူထား​၊​ ဘာယူထား​လုပ်​နေတယ်။ လုပ်​နေ​တော့​ တပ်ရဲ့​ အကူအညီ ​တောင်း​ရတယ်။ ​တောင်း​တော့​ တပ်က ခင်ဗျား​တို့​ ဖယ်​ပေး​ပါ။ လမ်း​တွေပြင်ဖို့​ ပြုဖို့​ပါဆို​တော့​ မရဘူး​။ မရ​တော့​ ရှင်း​ရင်း​လင်း​လင်း​နဲ့​ တိုက်ပွဲ​တွေဖြစ်​နေတာ၊​ ကျ​နော်တို့​ သူတို့​ကို အပြတ်​ပြောထား​တယ်။ ခင်ဗျား​တို့​ကို တိုက်လို့​ရှိရင် ရက်ပိုင်း​ နာရီပိုင်း​ တိုက်လို့​ ရတယ်၊​ ဒါ​ပေမယ့်​ မတိုက်ပါဘူး​ဆိုပြီး​ ​ပြောခဲ့​ပါတယ်။
ဒီစကား​ တွေကိုကြည့်​ရင် တိုင်း​ရင်း​သား​အခွင့်​အ​ရေး​၊​ လူ့​အခွင့်​အ​ရေး​ ကိစ္စ​တွေကို အသိအမှတ်မပြုတာ စစ်ဗိုလ်ချုပ်​ဟောင်း​ပီပီ စစ်မာန်တက်​နေတာ ​ပေါ်လွင်​နေပါတယ်။ နှစ်​ပေါင်း​ ၅၀၊​ ၆၀ တိုင်​အောင် တိုက်မနိုင်တဲ့​ တိုင်း​ရင်း​သား​ လက်နက်ကိုင်တပ်ဖွဲ့​တွေကို နာရီပိုင်း​ ရက်ပိုင်း​ တိုက်လို့​ရတယ် ဆိုပြီး​ ​ပြောလိုက်တာဟာ တိုင်း​ရင်း​သား​တွေကို ပိုပြီး​ မခံချိမခံသာ အမုန်း​ပွား​စေရုံကလွဲပြီး​ ဘာမှ ထူး​မလာ​စေပါဘူး​။
နောက်ထပ် အ​ရေး​ကြီး​တာ တခုဖြစ်တဲ့​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​ ဆက်ပြီး​ ​ဆွေး​နွေး​မလား​ ဆိုတာကိုလည်း​ တိကျတဲ့​ အ​ဖြေ မ​ပေး​ခဲ့​ပါဘူး​။ ဦး​သိန်း​စိန် ​ပြောတဲ့​စကား​ထဲမှာ သူတို့​က ​ပြောင်း​လဲလိုက်​တော့​မှ ​ဒေါ်​အောင်ဆန်း​စုကြည် ကိုယ်တိုင် လိမ္မာ လာသ​ယောင်​ယောင် အ​ပြောမျိုး​ ​ပြောထား​ပါ​သေး​တယ်။ တကယ်​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ နဂိုကတည်း​က ​တွေ့​ဆုံ​ဆွေး​နွေး​ရေး​ တိုင်း​ပြည်ပြဿနာကို ငြိမ်း​ချမ်း​စွာ အ​ဖြေရှာ​ရေး​ ​ပြောဆိုခဲ့​သူပါ။ အခု အရပ်ဝတ်အစိုး​ရက နည်း​နည်း​လေး​ဆွေး​နွေး​လာတာနဲ့​ကို ​ဒေါ်​အောင်ဆန်း​စုကြည်က တိုင်း​ပြည်နဲ့​ ပြည်သူ​တွေအ​ပေါ်ထား​တဲ့​ သူ့​ရဲ့​ ​စေတနာကို ပြလိုက်တာပါ။ ဦး​သိန်း​စိန် အစိုး​ရ လိုက်​လျောတာထက် အများ​ကြီး​ပိုတဲ့​ ​စေတနာကို ပြ​နေတာသာ ဖြစ်ပါတယ်။
ခြုံပြီး​ ပြောရရင် သမ္မတ ဦး​သိန်း​စိန်အ​နေနဲ့​ ထိုင်​နေရင် အ​ကောင်း​သား​ဆိုတာလို သူ့​မိန့်​ခွန်း​နား​ထောင်ပြီး​ ပြည်သူ​တွေ ချီး​ကျူး​နေတာ​တွေတင် ရပ်မထား​ဘဲ သတင်း​စာရှင်း​ပွဲ လုပ်ပြီး​ သ​ဘောထား​ အမှန်​တွေ ​ပြောလိုက်​တော့​မှ ပြည်သူ​တွေ စိတ်ပျက်လက်ပျက် ဖြစ်ကုန်တာ ဘာမှ မဆန်း​ပါဘူး​။ စစ်ဗိုလ်ချုပ်​ဟောင်း​ တ​ယောက်ရဲ့​ နဂို ဇာတိရုပ် ​ပေါ်လာတယ်ဆိုပြီး​ ​ဝေဖန်တာ​တွေကိုလည်း​ မှား​တယ်လို့​ မဆိုနိုင်ပါ​ကြောင်း​ တင်ပြလိုက်ရပါတယ်။ 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"