ထိပ်ဆုံး သတင်း :
Home » » အစိုး​ရစစ်​ကြောင်း​ ​ပေါ်တာများ​ကို အဓမ္မခိုင်း​စေ

အစိုး​ရစစ်​ကြောင်း​ ​ပေါ်တာများ​ကို အဓမ္မခိုင်း​စေ

11/24/2011 10:29:00 PMတွင်ရေးသည်

ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်) ကို ထိုး​စစ်ဆင်တိုက်ခိုက်​နေတဲ့​ အစိုး​ရစစ်​ကြောင်း​တွေဟာ ​ပေါ်တာအထမ်း​သမား​တွေကို အဓမ္မခိုင်း​စေ​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​ လာတဲ့​ ​ပေါ်တာ​တွေက ​ပြောပါတယ်။
ဝိုင်း​ မော်မြို့​နယ် အ​ရှေ့​ဘက် နန့်​ဆန်ယန်​ဒေသအတွင်း​ လှုပ်ရှား​နေတဲ့​ ခလရ ၁၂၁၊​ ခမရ ၃၈၄၊​ ၃၈၈ ပူး​ပေါင်း​စစ်​ကြောင်း​တခုမှာ ​ပေါ်တာအထမ်း​သမား​ ၃ဝ ​ကျော်ကို အသုံး​ပြု​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​လာတဲ့​ ​ပေါ်တာတဦး​ဖြစ်သူ ကိုခင်​မောင်ဇင်က ​ပြောပါတယ်။
“မနက် ၄၊​ ၅ နာရီက​နေ ည​နေ ၅ နာရီခွဲအထိ အနည်း​ဆုံး​လျှောက်ရတယ်။ တခါတ​လေ မိုး​ချုပ်မှ အိပ်တယ်။ ကတုတ်ကျင်း​တွေလည်း​ တူး​ပေး​ရတယ်။ ​နေရာရှင်း​ပြီး​မှ အိပ်ရတယ်၊​ ​တောထဲမှာ။ သစ်ပင်​တွေလှဲ အဲလိုမျိုး​။ ကျ​နော်တို့​ ရိက္ခာ​တွေ ပစ္စည်း​တွေ အကုန်ထမ်း​ရတယ်။ လူနာ​တွေ၊​ ပစ္စည်း​တွေက အချိန် ပိဿာ ၂ဝ၊​ ၃ဝ ​လောက်ရှိမယ်။ မထမ်း​နိုင်တဲ့​ခါ သူတို့​ပစ်သတ်တာ များ​တယ်။ ကျ​နော် အ​တွေ့​အကြုံအရ ​ပေါ်တာ ပစ်သတ်တာ ၂ ​ယောက်​လောက် ​တွေ့​တယ်။ ကျ​နော်​ရှေ့​မှာပဲ ခလရ ၁၂၁ က ပစ်သတ်တာ။
ကိုခင်​ မောင်ဇင်ဟာ နန့်​ဆန်ယန်​ရွှေ​မှော်အတွင်း​ လုပ်ကိုင်​နေစဉ် ​အောက်တိုဘာ ၁၉ ရက်က ​ရွှေ​မော်ထဲကို ဝင်​ရောက်လာတဲ့​ အစိုး​ရတပ် စစ်​ကြောင်း​ရဲ့​ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရသူပါ။
အလား​တူ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရပြီး​ ထွက်​ပြေး​လာသူ ကိုမင်း​သူက “နှိပ်စက်တာက​တော့​ မျိုး​စုံပဲ။ သူတို့​ခိုင်း​တာ မလုပ်လို့​က​တော့​ ကန်တာတို့​၊​ ​သေနတ်ဒင်နဲ့​ ​ဆောင့်​တာတို့​ ဒါမျိုး​တွေက​တော့​ ရိုး​နေပြီ။ အဆိုး​ဆုံး​က​တော့​ မထမ်း​နိုင်ဘူး​၊​ မလုပ်နိုင်ဘူး​ဆိုရင် ​သေနတ်နဲ့​ တခါတည်း​ ပစ်သတ်ခဲ့​တာ။ ကျ​နော်တို့​ မလိုက်နိုင်ဘူး​လို့​ မ​ပြောရဲဘူး​။ ကျ​နော်တို့​ကို နန့်​ဆန်ယန်မှာ ဖမ်း​ဖမ်း​ချင်း​ တ​ယောက်သတ်လိုက်တယ်။ ​နောက်တ​ယောက်က​တော့​ နန့်​ဆန်ယန်အထွက် ​တောင်ကုန်း​မှာပဲ မထမ်း​နိုင်လို့​ ပစ်သတ်လိုက်တယ်။ ​နောက်တ​ယောက်က လမ်း​မှာထွက်​ပြေး​လို့​ ပစ်သတ်ခဲ့​တယ်။ ၃ ​ယောက်​လောက် ​သေသွား​ပြီ အရပ်သား​တွေ။ ကချင်ပြည်နယ်သား​တွေ​ကော၊​ ​အောက်ပိုင်း​က​တွေလည်း​ပါတယ်။ ထွက်​ပြေး​လို့​ ပစ်သတ်ခံရတဲ့​ထဲမှာ ရန်ကုန်သား​တ​ယောက်ပါတယ်။ သူက အသက်၂၀ ဝန်း​ကျင်ပဲ ရှိ​သေး​တယ်။”
အခုလ ၂၁ ရက်​နေ့​က ကချင်ပြည်နယ် မိုး​မောက်မြို့​နယ်၊​ အင်ဒပ်ဘွန်မှာ ​ကေအိုင်​အေနဲ့​ အစိုး​ရစစ်​ကြောင်း​တို့​ တိုက်ပွဲအပြင်း​အထန် ဖြစ်ပွား​နေစဉ် ကိုခင်​မောင်ဇင်နဲ့​ ကိုမင်း​သူတို့​အပါအဝင် ​ပေါ်တာ ၄ ဦး​လည်း​ ထွက်​ပြေး​လာပြီး​ ​ကေအိုင်​အေထိန်း​ချုပ် နယ်​မြေထဲကို ဒီက​နေ့​မနက်က ​ရောက်ရှိလာတာပါ။ 
post by DVB
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"