မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးကျောင်းမှ တိုင်းရင်းသူ တိုင်ရင်းသား ကျောင်းသားကျောင်းသူလေးများရဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲပါ။
ဒီဆုတောင်းပွဲမှာ မန္တလေးသား စာရေးဆရာများဖြစ်တဲ့ ဆရာညီပုလေး၊ ဆရာဆူးငှက်၊ ဆရာညီစေမင်း တို့ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။
ကချင်ပြည်နယ်မှာတော့ တဖက်နဲ့ တဖက် ငြိမ်းချမ်းရေးစကားတွေကို ပြောနေပေမယ့် စစ်အင်အားတွေ့ချဲ့ပြီး စစ်ဆင်ရေး လုပ်မယ့် အရိပ်အငွေ့တွေကို မြင်တွေ့နေရပါတယ်။
ဓာတ်ပုံ - ရဲဘော်သူရိန် / facebook
ရန်ပိုင်
ပြည်တွင်းစစ်ကို ရပ်ပေးပါ - မန္တလေးက လှူပ်ရှားမှု
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆုတောင်းနေကြသော ကံတက်ကုန်းမစိုးရိမ်ဘုန်းတေ
ာ်ကြီးကျောင်းမှ တိုင်းရင်းသား ကျောင်းသားကျောင်းသူလေးများ
နှင့် ဟောပြောသူ စာရေးဆရာများ..(ဓါတ်ပုံ-ရဲဘော် သူရိန် ဖေ့စ်ဘွတ်မှ ကူးယူဖော်ပြသည်)
ယနေ့ နေ့လယ်ပိုင်းက မန္တလေးမြို့က ကံတက်ကုန်း မစိုးရိမ် ဘုန်းတော်ကြီးကျောင်းတွင် တက်ရောက် ပညာသင်ကြားနေကြသော တိုင်းရင်းသား ကျောင်းသားကျောင်းသူလေးများ က မြန်မာနိုင်ငံ တွင် ပြည်တွင်းစစ်ကြီး အမြန်ဆုံးရပ်တန့်စေရန် ဆုတောင်းခဲ့ကြသည်။
ယနေ့နေ့လည်(၁)နာရီ ကံတက်ကုန်းမစိုးရိမ်ကျောင်းတိုက်တွင် စာရေးဆရာ ညီစေမင်း၊ ညီပုလေးနှင့် ဆူးငှက် တို့မှ ပြည်တွင်းငြိမ်းချမ်းရေးခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ အဆိုပါ ဟောပြောပွဲ အပြီးတွင် တိုင်းရင်းသား ကျောင်းသူ ကျောင်းသားများက အထက်ပါအတိုင်းဆုတောင်းခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အစိုးရ အကြီးအကဲများနှင့် နိုင်ငံရေး အတိုက်အခံ ခေါင်းဆောင်ကြား တွေ့ဆုံပြောဆိုမှုများ ရှိနေသော်လည်း တိုင်းရင်းသား ဒေသများတွင် ပြည်တွင်းစစ်မီးများ ပိုမိုလောင်မြိုက်လာနေသည်။
ထို့စစ်ပွဲများကြောင့် သူတို့ ကဲ့သို့ တိုင်းရင်းသား ကလေးငယ်များနှင့် အမျိုးသမီး၊ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ ပိုမိုဒုက္ခများလာ နိုင်သောကြောင့် စိတ်ပူပန်မိကြောင်း သို့အတွက် ယခုကဲ့သို့ ဆုတောင်းရုံမှ တပါး မတတ်နိုင်ကြောင်း ဆုတောင်းခဲ့သူ ကလေးငယ်တဦးက ပြောသည်။
မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ဒေသဘက်တွင် လက်ရှိ အစိုးရက ကားလမ်းများပိတ်ကာ စစ်ဆင်ရေးကို အရှိန်မြှင့်လုပ်ဆောင်ရန် ပြင်ဆင်နေသည်ကိုလည်း ဒေသခံများကြား စိုးရိမ်ပူပန်မှုများ တိုးလာနေသည်ဟု ဆိုသည်။
အလားတူ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အစိုးရကိုယ်စားလှယ်များကြား ငြိမ်းချမ်းရေး ဆွေးနွေးမှု များကို တဖက်က လုပ်ဆောင်နေသော်လည်း လက်တွေ့တွင်မှု စစ်ဆင်ရေး အရှိန်မြှင့်ရေး ပြင်ဆင်နေမှုများ သည် ဒေသခံများအား ပိုမိုစိုးရိမ်စရာ ဖြစ်နေကြောင်း ကချင် ဒေသခံတဦးက ဆိုသည်။
မြန်မာနိုင်တွင် ပြည်တွင်း ငြိမ်းချမ်းရေး မရမချင်း ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်နိုင်ရေးသည် မဖြစ်နိုင်ဟု နိုင်ငံရေးလေ့လာသူများက ထောက်ပြနေကြသည်။
post by Guiding Stars
0 comments ::
စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !