ထိပ်ဆုံး သတင်း :
Home » » ကျဆုံး/ဒဏ်ရာရ တပ်ဖွဲ့ဝင်များအား မိုင်ဂျာယန်ဆေးရုံသို့ပို့ဆောင်ရန် အတွက် ရွာသားများဝိုင်းဝန်းကူညီပေး

ကျဆုံး/ဒဏ်ရာရ တပ်ဖွဲ့ဝင်များအား မိုင်ဂျာယန်ဆေးရုံသို့ပို့ဆောင်ရန် အတွက် ရွာသားများဝိုင်းဝန်းကူညီပေး

11/11/2011 10:43:00 PMတွင်ရေးသည်

လွယ်ဂျယ်  နိုဝင်ဘာ  ၁၁
အစိုးရတပ်နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ ကချင်လွတ်မြောက်ရေးတပ်မတော် ကစစ်သားများထိခိုက် ကျဆုံးဒဏ်ရာ ရသူတွေ တစ်နေ့တစ်ခြားများပြားနေပါတယ်။ နိုဝင်ဘာ(၈)ရက်နေ့က တပ်မဟာ(၃)နယ်မြေ လောဒန်ရွာအနီးမှာဖြစ်ပွား ခဲ့တဲ့တိုက်ပွဲမှာ ကချင်လွတ်မြောက်ရေးတပ်မတော်အတွက် ရဲဝံ့စွာတိုက်ပွဲဝင်နေတဲ့ ဗိုလ်ကြီး(၁)ဦးနဲ့စစ်သည်(၃)ဦး တိုက်ပွဲမှာကျသွားပါတယ်။ အသက်မသေဘဲ ဒဏ်ရာရထားသူတွေကိုတော့-တောလမ်းအတိုင်း ရွာတွေ တစ်ရွာပြီး တစ်ရွာဖြတ်၊ လက်ဆင့်ကမ်းသယ်ခိုင်းပြီး မိုင်ဂျာယန်ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ လွယ်ဂျယ်ကလာတဲ့ သတင်းတွေ အရသိရပါတယ်။ ဒဏ်ရာပြင်းထန်လွန်းပြီး သေမဲ့ဆဲဆဲသူတွေကို မိုင်ဂျာယန်အထိ မသယ်တော့ပဲကျေးရွာတွေကို တာဝန်ပေးထားခဲ့ကြောင်း ကထူက တောင်ရွာသားတစ်ဦးဖြစ်တဲ့ အယ်လ်ကွန်တောင်ပြောပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizKu4lMkVtzFNQpClwbOyj2BZuFMwvs1-i78r4wmzzZZKuo8h0-5i-5GpK2uHVLefO7lvzO5fCZaH2t9-h0m-dPQmPLjApz78D5NJUENV7iZUcawAtYPMcKfBFltCvMpUYPdbcEf7X6HLa/s320/aa.png
သူကဆက်လက်ပြောပြရာမှာတော့``တိုက်ပွဲမှာဒဏ်ရာရ ၁၂ယောက်ရှိပါတယ်။၂ယောက်ကဒဏ်ရာ ပြင်းလို့ လော့မှန်ရွာနားမှာ ထားခဲ့ရတယ်။ ကျန်တဲ့သူတွေကို ကျနော်တို့ရွာသားတွေ က တောလမ်းအတိုင်းထမ်းပြီး တပ်ရင်း(၁၆)ကို ပို့ပေးရပါတယ်။ တပ်ရင်း(၁၆)က တော်တော်လေး ဝေးပါတယ်။ လော့မွန် ရွာ၊ စိန်လုံဂကျီနားက စီမားကောင်ရွာ၊ ခရိန်မုဒန်ရွာတွေကျော်ပြီး မှကျနော်တို့ ကထူကတောင်ရွာ ကို ရောက်လာတာပါ´´ လို့ ပြောပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော် အောင်နိုင်ရေးအတွက် ကျွန်တော်တို့လူနာသယ် တာဝန်ထမ်းခဲ့ ရပြီးအခု လိုမျိုး လူနာသယ်ပို့ခိုင်းတာနဲ့ပတ်သက်လို့ ပိုက်ဆံတစ်ပြားမှမပေးဖူးလို့ ကထူကတောင်ရွာသားတစ်ဦးက ပြောပါတယ်။``ကျနော်တို့ရွာတွေက တစ်ရွာကိုလူ၁၅ယောက် ပေးရပါတယ်။မပေးနိုင်ရင် တာဝန်မကျေဖူးလို့ သတ်မှတ် ခံရပါတယ်။ လူတွေလဲသတ်တော့ကြောက်တာပေါ့၊ ကြောက်တာနဲ့လိုက်ပို့ရတာ။ ပိုက်ဆံမပေးတဲ့အပြင် ထမင်းတောင် မကျွေးဖူး´´
            စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်အမိန့်နဲ့ ဘွမ်တောင်စခန်းကျသွားပြီး ကထဲကပတ်ဝန်းကျင်မှာရှိတဲ့ရွာတွေက ပြည်သူ့စစ်အမှုထမ်း အဖွဲ့ဝင်တွေမိုင်းတွေ ပိုထောင်နေရပါတယ်။  တိုက်ပွဲမှာကျသွားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ထွက်ပြေး သွားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လူအင်အားဖြည့်တင်းပေးဖို့ရွာတွေမှာ လူစုပြီးအစိုးရတပ်တွေအပေါ်မှာ ပြင်းပြင်း ထန်ထန် ပြန်တိုက်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ကေအိုင်အေမှာ တစ်နေ့ထက်တစ်နေ့ထွက်ပြေးတဲ့သူ ပိုများ လာနေကြောင်း၊ အသစ်ထပ်စုဆောင်းတဲ့သူတွေကို လိုင်ဇာဌာနချုပ်မှာပဲ လူအင်အားဖြည့်တင်းထားရကြောင်း၊ လွယ်ဂျယ်-မိုးမောက်လမ်းကြောင်း မကျဆုံးရေးအတွက် အပြင်းအထန် ကာကွယ်မှုတွေလုပ်နေရကြောင်း မိုင်ဂျာယန် ကလာတဲ့သတင်းတွေအရ သိရပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"