Tuesday, November 08, 2011

အန်အယ်လ်ဒီ မှတ်ပုံတင် မတင် နိုဝင်ဘာ ၁၈ ရက်တွင် ဆုံး​ဖြတ်မည်

အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီ မှတ်ပုံတင် မတင်ကိစ္စကို လာမယ့်​ နိုဝင်ဘာ ၁၈ ရက်​နေ့​မှာ ပြည်နယ်တိုင်း​အဖွဲ့​ချုပ် ဗဟိုအလုပ်အမှု​ဆောင် (စီစီ) ​တွေနဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​ပြီး​ ဆုံး​ဖြတ်ချက်ချသွား​မယ်လို့​ သိရပါတယ်။
 http://burmese.dvb.no/wp-content/uploads/2011/11/nld1.jpg

ဒီ​နေ့​ မနက်ပိုင်း​က တက္ကသိုလ်ရိပ်သာလမ်း​နေအိမ်မှာ ပြုလုပ်တဲ့​ အဖွဲ့​ချုပ်ဗဟိုအလုပ်အမှု​ဆောင်အစည်း​အ​ဝေး​က​နေ ခုလိုဆုံး​ဖြတ်ချက်ချခဲ့​တာလို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။
“ဆုံး​ ဖြတ်ချက်က စီစီရဲ့​ သ​ဘောတူညီချက်ယူပြီး​မှ ဆုံး​ဖြတ်ဖို့​ ဆုံး​ဖြတ်ခဲ့​ကြတယ်။ အဲဒါ စီစီ​တွေကို လာမယ့်​ ၁၈ ရက်​နေ့​ မနက် အစည်း​အ​ဝေး​အတွက် ကျ​နော်တို့​ စတင်ပြီး​ ​ခေါ်​နေပါတယ်။ မှတ်ပုံတင်​ရေး​နဲ့​ပတ်သက်လို့​ ကျ​နော်တို့​ အဓိကအား​ဖြင့်​ နိုင်ငံ​ရေး​ပါတီမှတ်ပုံတင်ခြင်း​ ပြင်ဆင်ချက်ဥပ​ဒေ ထွက်လာတယ်​လေ။ အဲဒီ ပြင်ဆင်ချက်ဥပ​ဒေမှာ ပါတဲ့​ ပြင်ဆင်ချက်များ​ဟာ ကျ​နော်တို့​နဲ့​ သ​ဘောတူတဲ့​၊​ ကျ​နော်တို့​ လိုလား​တဲ့​ အချက်​တွေလည်း​ ဖြစ်ပါတယ်။ ဒါ​ကြောင့်​ မှတ်ပုံတင်​ရေး​အတွက် ကျ​နော်တို့​ စီစီ​ခေါ်ပြီး​ အဆုံး​အဖြတ်ပြုမှာပါ။ ”
ပြီး​ခဲ့​တဲ့​ ၂၀၁၀ ​ရွေး​ကောက်ပွဲတုန်း​က ပါတီမှတ်ပုံတင်သင့်​ မတင်သင့်​ကိစ္စ ဗဟိုအလုပ်အမှု​ဆောင်နဲ့​ ပြည်နယ်တိုင်း​အမှု​ဆောင်​တွေ စည်း​ဝေး​ပြီး​ မဲခွဲ ဆုံး​ဖြတ်ခဲ့​တုန်း​က ပါတီမှတ်ပုံမတင်​ရေး​ကို ၉၅ ရာခိုင်နှုန်း​နဲ့​ အပြတ်အသတ် ဆုံး​ဖြတ်အတည်ပြုခဲ့​ကြပါတယ်။

No comments:

Post a Comment