Tuesday, November 08, 2011

မဟာချိုင် ​ရေ​ဘေး​သင့်​ မြန်မာအလုပ်သမား​များ​ ​နေရပ်ပြန်နိုင်​ရေး​ မြန်မာသံရုံး​စီစဉ်​ပေး

ထိုင်း​ နိုင်ငံ၊​ စမွတ်စခွန်ခရိုင် မဟာချိုင်​ဒေသက ​နေရပ်ပြန်ချင်တဲ့​ ​ရေ​ဘေး​သင့်​ မြန်မာအလုပ်သမား​ ၁၀၀ ကို မြန်မာသံရုံး​ရဲ့​ အစီအစဉ်နဲ့​ ဒီ​နေ့​ ပြန်ပို့​ပေး​မယ်လို့​မြန်မာသံမှူး​ ဦး​နိုင်ထွန်း​က ​ပြောပါတယ်။
မြဝတီ – မဲ​ဆောက် တံတား​ပေါ်​ရောက်တဲ့​ထိ စီစဉ်ပို့​ဆောင်​ပေး​မှာလို့​ ဦး​နိုင်ထွန်း​က ​ပြောပါတယ်။
“တံတား​ ရောက်တဲ့​ထိ စီစဉ်​ဆောင်ရွက်ပြီး​ ပို့​ပေး​မှာပါ။ တံတား​ရောက်ရင် မြဝတီခရိုင် ဥက္ကဋ္ဌ ဦး​ဇော်လွင်ဦး​ဆီလည်း​ စာပို့​ပေး​ပါမယ်။ ဘယ်အချိန်က စထွက်တယ်။ ဘယ်အချိန်မှာ ​ရောက်လာပါမယ်။ တံတား​ပေါ်မှာ ဘယ်အချိန်ကြို​ပေး​ပါ။ ​နောက်ပြီး​တော့​ မဲ​ဆောက်အဝင်မှာ ရှိ​နေတဲ့​ ရဲစု​ပေါင်း​ဂိတ်(​တောင်ကြား​ဂိတ်) လို့​လည်း​ခေါ်တယ်။ရဲရှိတယ်၊​ လဝက​ပေါ့​နော် အဖွဲ့​တွေအတွက်ကိုလည်း​ ကျ​နော်က​မေတ္တာရပ်ခံတဲ့​စာကို ပြန်တဲ့​အဖွဲ့​တွေနဲ့​ တခါတည်း​ထည့်​ပေး​ပါမယ်။ ပြီး​ရင် သက်ဆိုင်ရာ ထိုင်း​အာဏာပိုင်ဘက်ကိုလည်း​ ကျ​နော်ဖုန်း​နဲ့​ညှိပြီး​တော့​မှ အခုလွှတ်လိုက်တဲ့​အဖွဲ့​ကို မစစ်​ဆေး​ဖို့​ အဲဒါကိုလည်း​ သက်ဆိုင်ရာနဲ့​ ညှိနှိုင်း​ပါမယ်။”

ရေ ဘေးဒုက္ခသည်မြန်မာအလုပ်သမားများ
မဟာချိုင်က ​ရေ​ဘေး​သင့်​မြန်မာအလုပ်သမား​တွေကို မဟာချိုင်မြို့​နယ်၊​ ကထုန်ဘန်နယ်​မြေမှာရှိတဲ့​ ဝတ်​ခေါင် ​မေး​ဒေး​ယား​ မြန်မာဘုန်း​တော်ကြီး​ ​ကျောင်း​မှာ ​လော​လောဆယ် လက်ခံ​စောင့်​ရှောက်ထား​ပြီး​ အလုပ်သမား​ ၃ဂဝခန့်​ ​ရောက်ရှိ​နေတယ်လို့​လည်း​ ဆိုပါတယ်။
နေရပ်မပြန်လိုကြတဲ့ ​ အလုပ်သမား​တွေအတွက် ယာယီ​နေထိုင်ခွင့်​ လက်မှတ်​တွေကို မြန်မာသံရုံး​က ထုတ်​ပေး​ထား​ပြီး​ စား​ဝတ်​နေ​ရေး​ကို မြန်မာသံရုံး​နဲ့​ မြန်မာအလုပ်သမား​အဖွဲ့​အစည်း​တွေကပဲ ကူညီ​ဆောင်ရွက်​ပေး​နေကြပါတယ်။
http://burmese.dvb.no/wp-content/uploads/2011/11/mahachai-flooding1.jpg
ရေ​ဘေး​ ဒုက္ခသည် မြန်မာအလုပ်သမား​တွေကို မြန်မာဘုန်း​တော်ကြီး​ ​ကျောင်း​တွေမှာ လက်ခံကူညီ​ပေး​နေ​ပေမယ့်​ အစား​အ​သောက်နဲ့​နေထိုင်​ရေး​အတွက် အ​ထောက်အပံ့​ပေး​ဖို့​ အများ​ကြီး​လိုအပ်​နေပြီး​ ​ထောက်ပံ့​ကူညီ​ပေး​ကြပါလို့​လည်း​ မြန်မာသံမှူး​က ​ပြောပါတယ်။

ဦးနိုင်ထွန်း
ရေကြီး​တဲ့​ ရက် ကြာလာတာနဲ့​အမျှ ​ရေ​ဘေး​သင့်​ မြန်မာအလုပ်သမား​အ​ရေအတွက် တိုး​လာဖို့​ရှိ​နေပြီး​ ​ထောင်နဲ့​ချီ​ရောက်လာရင် အခက်အခဲ အကြီး​အကျယ် ကြုံလာနိုင်တယ်လို့​လည်း​ ဆိုပါတယ်။
မဟာချိုင်​ ဒေသမှာ အ​အေး​ခန်း​စက်ရုံ အပါအဝင် စက်ရုံအလုပ်ရုံ​တွေမှာ အလုပ်လုပ်​နေကြတဲ့​ မြန်မာအလုပ်သမား​သိန်း​နဲ့​ချီရှိ​နေပြီး​၊​ အဲဒီ​ဒေသမှာ နိုဝင်ဘာ ၆ ရက်​နေ့​ကစပြီး​ ​ရေ​ဘေး​ဒုက္ခ ​တွေ့​ကြုံ​နေကြတာပါ။


No comments:

Post a Comment