ထိပ်ဆုံး သတင်း :
Home » » မြစ်ကြီးနား ပေါက်ကွဲမှု လူသေကြေမှုများ

မြစ်ကြီးနား ပေါက်ကွဲမှု လူသေကြေမှုများ

11/14/2011 04:21:00 PMတွင်ရေးသည်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမှာ တနဂင်္နွေနေ့ည ၈ နာရီကျော်က ဗုံးပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပြီး သေကြေ ထိခိုက်မှုတွေ ရှိတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

မြို့တွင်းက ကားကြီးဝင်းအနီး သီတာ ရပ်ကွက်မှာ ပေါက်ကွဲတာ ဖြစ်ပြီး ကနဦး သတင်းတွေအရ လူ အနည်းဆုံး ၄ ဦး သေနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်း ပြောဆိုပါတယ်။

ဒဏ်ရာရသူတွေလည်း ၂၀ နီးပါး ရှိကာ သူတို့ကိုတော့ မြစ်ကြီးနား ဆေးရုံ တင်ထားတယ်လို့ သိရပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/11/14/111114010803_kachin_map_226x170_bbc_nocredit.jpg
ကချင်ပြည်နယ် မြစ်ကြီးနား
ကချင်ရိုးရာ သိုင်းဆရာ ဦးဒီယောင် တန်ငွန်းရဲ့ အိမ်မှာ စတင်ပေါက်ကွဲတာ ဖြစ်ပြီး အဲဒီအိမ်မှာ မိဘမဲ့ကလေးတွေအပါအဝင် ကလေးအများအပြား ရှိနေတဲ့ အိမ်ဖြစ်ပြီး သေကြေဒဏ်ရာရသူ အများစုဟာ အဲဒီအိမ်က ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီအိမ်မှာ ပေါက်ကွဲပြီးနောက် ဘေးနားမှာ ရှိတဲ့ လောင်စာဆီ လှောင်ထားတဲ့ လောပန်း အိမ်နဲ့ နောက်တစ်အိမ်ကို အရှိန်ပြင်းပြင်းနဲ့ မီးလောင်ခဲ့တယ်လို့ နောက်ဆုံးလောင်ခဲ့တဲ့ အိမ်က အိမ်ရှင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

မနက်လင်းအားကြီးထိ မီးမငြိမ်းသေးဘူးလို့ သိရပါတယ်။

မြို့အပြင်ပိုင်းမှာလည်း ပေါက်ကွဲမှု ဖြစ်တဲ့အသံ ကြားရပြီး အသေးစိတ် ကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"