ထိပ်ဆုံး သတင်း :
Home » » အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦး​စီး​အဖွဲ့​ဝင်များ​ သ​ဘောတူ

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦး​စီး​အဖွဲ့​ဝင်များ​ သ​ဘောတူ

11/18/2011 02:46:00 PMတွင်ရေးသည်


အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ဖို့​ ပြည်နယ်နဲ့​တိုင်း​ အသီး​သီး​က ဗဟိုဦး​စီး​အဖွဲ့​တွေက သ​ဘောတူလိုက်ပြီလို့​ ဗဟိုဦး​စီး​အဖွဲ့​ဝင် တဦး​က ​ပြောပါတယ်။
ပါတီမှတ်ပုံတင် ​ရေး​ မတင်​ရေး​နဲ့​ပတ်သက်ပြီး​ ဆုံး​ဖြတ်ချက်ချဖို့​ ရန်ကုန်မြို့​က ပါတီဗဟိုဌာနချုပ်မှာ ပြည်နယ်နဲ့​ တိုင်း​အသီး​သီး​က ဗဟိုဦး​စီး​ အဖွဲ့​ဝင် ၁ဝဝ​ကျော် တက်​ရောက်ပြီး​ တဖွဲ့​ကို ၅မိနစ် ​ဆွေး​နွေး​ တင်ပြခွင့်​ပေး​ရာမှာ အများ​စုက သ​ဘောတူခဲ့​ကြတာပါ။
ပြည်နယ်နဲ့​ တိုင်း​ ၁၄ခုအနက် ၁၃ ခုက ပါတီမှတ်ပုံတင်​ရေး​ကို ​ထောက်ခံ ​ဆွေး​နွေး​ခဲ့​ကြပြီး​ ကချင်ပြည်နယ် ကိုယ်စား​လှယ်​တွေက​တော့​ ငြိမ်း​ချမ်း​မှု မရ​သေး​တဲ့​အတွက် ထပ်မံစဉ်း​စား​ဖို့​ အကြံပြု ​ဆွေး​နွေး​ခဲ့​တယ်လို့​ သိရပါတယ်။
ဒေါ်​အောင်ဆန်း ​စုကြည်က ပါတီမှတ်ပုံတင်​ရေး​နဲ့​ပတ်သက်ပြီး​ သ​ဘောထား​ မှတ်ချက် အရင်မ​ပေး​ဘဲ ပြည်နယ်နဲ့​တိုင်း​က ကိုယ်စား​လှယ်​တွေကို အရင် သ​ဘောထား​တောင်း​ ခံခဲ့​တာဖြစ်ပါတယ်။
ဆွေး​နွေး​ ပွဲမစခင်မှာ​တော့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆုံး​ဖြတ်တဲ့​နေရာမှာ မှန်ကန်တဲ့​စိတ်ဓာတ်နဲ့​ ပညာရှိပီပီ ချင့်​ချင့်​ချိန်ချိန် ​သေ​သေချာချာ အ​ခြေအ​နေကို မှန်မှန်ကန်ကန် သုံး​သပ်ပြီး​တော့​ အဂတိတရား​လေး​ပါး​ ကင်း​ဝေး​စွာနဲ့​ဆုံး​ဖြတ်ချက်ချပါလို့​ ​ပြောကြား​ခဲ့​ပါတယ်။
ပါတီမှတ်ပုံတင် ​ရေး​ မတင်​ရေး​နဲ့​ ပတ်သက်ပြီး​ တရား​ဝင်ဆုံး​ဖြတ်​ကြောင်း​ ​ကြေညာချက်ကို​တော့​ ဗဟိုအလုပ် အမှု​ဆောင်အစည်း​အ​ဝေး​အပြီး​ ထုတ်ပြန်မှာဖြစ်တယ်လို့​သိရပါတယ်။
 အဖွဲ့​ချုပ် ပါတီမှတ်ပုံတင်ရန် ဗဟိုဦး​စီး​အဖွဲ့​ဝင်များ​ သ​ဘောတူ (ဓာတ်ပုံ)



ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"