Tuesday, November 08, 2011

ကချင်ပြည်နယ် အထက်ပိုင်းဖြစ်တဲ့ ဆဒုံး လဖိုင်သို့ စစ်အစိုးရ စစ်ကြောင်းများချီတက်

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1T7PhDah7P0XeAFZhkZ-N6Vc1xIlQzoX8ggXpwgX7zuwKJh3XcmEfnmFuXdc9MqjOw7MYnIAetW8aAu9a0YZ-q1DY4AFmgVmBSiWb-XoUNtzlpq3gqxFFfUTFagjIr6nwLCU8-Z0s9lpL/s1600/2.jpg
စစ်အစိုးရ စစ်ကြောင်း ... ဆဒုံး ကန်ပိုင်တီး ကားလမ်းမကြီး
ဝါးရှောင်ကျေးရွာကနေ စစ်အစိုးရ စစ်တပ် တပ်မ (၈၈) ဟာ တနင်္ဂနွေနေ့ ည (၈) နာရီကျော်တွင် ဝိုင်းမော် ကန်ပိုင်တီ ကားလမ်းမကြီး အတိုင်း စစ်အင်အား (၂၀၀-၃၀၀) လောက် ညအမောင်ကိုကျော် ဖြတ်ကာ ဆဒုံး လဖိုင်ဘက်သို့ ချီတက်သွားခဲ့ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။ တဆက်တည်းမှာဘဲ မနက်မိုးလင်း ပြီးတော့လည်း စစ်အင်အား (၃၀၀-၄၀၀) ဝန်းကျင် စစ်အစိုးရ စစ်တပ်ဟာ လက်နက်မျိုးစုံ၊ မြင်း၊ စစ်ကားကြီး (တုန်ဖုန်း) တို့ဖြင့် ပြန်လည် ချီတက်သွားကြောင်း၊ မြင်း  အကောင် (၄၀) ကျော် မှာတော့ စစ်အသုံး ပစ္စည်းများ၊ စားနပ်ရိက္ခာများ သယ်ဆောင်သွားကြောင်း ဆက်လက်သိရှိရပါတယ်။ ယင်းတို့ဖြင့် ညနေပိုင်း ကနေ စတင်ပြီး ဝါးရှောင် ဂေါ်ဆက်ယာန် အထက်မှာရှိတဲ့ ဘွမ်တောင်တွင် K.I.A နှင့် စစ်အစိုးရ စစ်တပ်တို့ အကြား တိုက်ပွဲ စတင်လိုက်ပြီ ဖြစ်ကြောင်း သိရှိရပါတယ်။

ဝိုင်းမော် ကန်ပိုင်တီ ကားလမ်းမ ကြီးကိုတော့ တနင်္ဂနွေနေ့ ကတည်းက ပြည်သူများ သွားလာလို့ မရအောင် စစ်အစိုးရ စစ်တပ်တို့မှ ပိတ်ထားလိုက်ကြောင်း သိရှိရပါတယ်။ ဝိုင်းမော် မုတ်ကျိတ်မှာ လည်း စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း သိရှိရပါတယ်။ စစ်အစိုးရ စစ်တပ်နှင့် K.I.A တို့အကြား တိုက်ပွဲကျယ်ပြန့်လာမှု ကြောင့် ကျေးရွာနေ ပြည်သူလူထုမှာ စိုးရိမ်နေကြရကြောင်း သိရှိ ရပါတယ်။
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWf_SwlcOWNMY2Vptx1xT6k_wMDpZ3WybX58Rz9VQHAwBbITANPkJr-sErc5NxynB3n7WZKE9OYVxO3i5njUP2qOq8GdrLFXiPkD_Q2G_WkG_Ggfk3tqVIA8XlhVLU6PMfluBN6LDDnz39/s1600/4.jpg
ဝိုင်းမော် ကန်ပိုင်တီ လမ်းမကြီး အတိုင်း ဆဒုံး လဖိုင်သို့ ချီတက်သွားနေတဲ့ စစ်အစိုးရ စစ်ကြောင်း
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXux2YgyhEmF5UAQbCJ1qlYo3SlYKJfkmB2Qd1lYp8D9nC8HOayVpVondwTMunttdmdvZyuxwwOEoQNJiUnTcYH6TsCeGuhNW4UBo68-1ijciWBSmjw1Miiqqhmv5yrTEA8uciMUIsKY5D/s1600/1.jpg
စစ်အစိုးရ စစ်ကြောင်း

No comments:

Post a Comment