Tuesday, November 08, 2011

ရွေးကောက်ပွဲ မဝင်လို့ NLD လူထု ထောက်ခံမှုပိုရ

NLD ပါတီအနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ မဝင်တာဟာ မှန်တဲ့ဆုံးဖြတ်ချက်ဖြစ်ပြီး လူထုထောက်ခံမှု ပိုရတယ်လို့ ပါတီ ဒုတိယဥက္ကဌ ဦးတင်ဦးက ဘီဘီစီကို ပြောပါတယ်။

လက်ရှိနိုင်ငံရေး အခြေအနေနဲ့ပတ်သက်လို့ အစိုးရသစ်နဲ့ ဒေါ်စုတို့တွေ့ဆုံမှုဟာ အရင်လက်ထက်ကနဲ့စာရင် ပိုအပြုသဘော ဆောင်ပြီး လိုက်လျောမှု တချို့ရှိတယ်လို့ဆိုပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2010/10/01/101001170231_tin_oo_226x170_nocredit.jpg
NLD ဒုတိယဥက္ကဌ ဦးတင်ဦး
အဓိကအားဖြင့် ပြောထားတဲ့အတိုင်း သီတင်းကျွတ်မှာ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွှတ်တာ၊ နိုင်ငံရေးကြောင့် အကျဉ်းကျသူတွေ နိုင်ငံရေးလုပ်ခွင့် ရွေးချယ်ခံခွင့် ရှိတာတွေဟာ လိုက်လျောမှု ဖြစ်တယ်လို့ပြောပါတယ်။

ဒါ့အပြင် ၂၀ဝ၈ခုနှစ် အခြေခံဥပဒေဟာ ဒီမိုကရေစီအတွက် အငြင်းပွားစရာ အချက်တွေ ပါရှိပေမဲ့ ညှိနှိုင်းအဖြေရှာယူရင် ရနိုင်တယ်လို့ သူယူဆကြောင်း ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့မှာ လက်ရှိနိုင်ငံရေး အခြေအနေကို ဦးတင်ဦးက သုံးသပ်သွားပါတယ်။

No comments:

Post a Comment