ထိပ်ဆုံး သတင်း :
Home » » ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ တနှစ်ပြည့်

ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာတဲ့ တနှစ်ပြည့်

11/14/2011 04:59:00 AMတွင်ရေးသည်

မြန်မာ့ဒီမိုကရေစီရေး ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ် ချုပ်က ပြန်လွတ်လာတာ တနဂင်္နွေနေ့မှာ တနှစ်ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

သူပြန်လွတ်လာပြီး တနှစ်တာ ကာလအတွင်း အစိုးရနဲ့ အခါအားလျော်စွာ တွေ့ဆုံဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ရာမှာ သမ္မတ ဦးသိန်းစိန်နဲ့ တကြိမ်၊ ပြန်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ လေးကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ မြန်မာ အစိုးရက နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ပေးခဲ့ သလို နိုင်ငံရေး အကျဉ်းသား တချို့ကိုလည်း ပြန်လွှတ်ပေးခဲ့ပါတယ်။
http://wscdn.bbc.co.uk/worldservice/assets/images/2011/09/30/110930120231_dassk_aung_kyi_226x170_reuters_nocredit.jpg
ပြန်လွတ်လာပြီး တနှစ်တာအတွင်း အစိုးရနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့
အခုအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ပါတီမှတ်ပုံတင်ဖို့ အလားအလာရှိနေပြီး၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရွေးကောက်ပွဲဝင်နိုင်ကြောင်း NLD ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောခဲ့ပါတယ်။

လူငယ်တွေရဲ့ ခံစားချက်နဲ့အမြင်

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က ပြန်လွတ်လာအပြီး သူ့ရဲ့ ဆောင်ရွက်မှုတွေက လူငယ်တွေရဲ့ ဘဝကို အတိုင်းအတာ တခုအထိ ရိုက်ခတ်စေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့နေ့က သူ့အိမ်ရှေ့မှာ ကိုယ်တိုင် သွားစောင့် ကြိုဆိုခဲ့တဲ့ မိန်းကလေးတဦးက အဲဒီနေ့မှာ ဒေါ်အောင်ဆန်း စုကြည်ကို ပထမဆုံး တွေ့မြင်ရလိုက်တာ ဖြစ်ပြီး၊ တွေ့လိုက်ရတယ်ဆိုရင်ပဲ မျှောင်လင့် ချက် အလင်းရောင် တခုကို မြင်လိုက်ရသလို ခံစားခဲ့ရကြောင်း ဘီဘီစီကို ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး နောက် လူငယ်တွေအနေနဲ့ လူပီသလာကြပြီး၊ အများကြီးတိုးတက်လာတယ်လို့ ထင်မြင်မိ ကြောင်း အဲဒီမိန်းကလေးက ဆက်ပြောပြ ပါတယ်။

http://wscdn.bbc.co.uk/worldservice/assets/images/2011/11/13/111113165942_dassk_226x170_bbc_nocredit.jpg
လူငယ်တွေရဲ့ ဘဝကိုလည်း အတိုင်းအတာ တခု အထိ ရိုက်ခတ်စေခဲ့ပါတယ်
NLD လူငယ်တဦးကလည်း ဒေါ်အောင်ဆန်းစုကြည် လွတ်လာတုန်းက သူ့မျက်နှာကို မြင်လိုက်ရတဲ့အချိန်မှာ ခွန်အားတရပ်လို့ ခံစားခဲ့ရကြောင်းနဲ့၊ သူတို့အတွက် မားမားမတ်မတ် ရပ်တည်ပေးမယ့် ခေါင်းဆောင် ပေါ်လာပြီဆိုတဲ့ စိတ်နဲ့ အတိုင်းအဆမရှိ ဝမ်းသာခဲ့ရ ကြောင်း ပြန်ပြောင်း ပြောပြပါတယ်။

အဲဒီနောက်ပိုင်းမှာတော့၊ အနှောင့်အယှက်ဖြစ်မှာ စိုးတဲ့အတွက် အရင်တုန်းက လက်မတွဲရဲ တဲ့ လူမှုရေးအဖွဲ့တွေဟာ NLD လူငယ်တွေနဲ့ ပူးပေါင်းဆောင်ရွက် နိုင်ခဲ့ကြောင်း ဘီဘီစီကို ပြောပြပါတယ်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"