ထိပ်ဆုံး သတင်း :
Home » » ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားမှု ပိုမို ပြင်းထန်းလာ

ကချင်ပြည်နယ် အတွင်း တိုက်ပွဲများ ဖြစ်ပွားမှု ပိုမို ပြင်းထန်းလာ

11/24/2011 10:33:00 PMတွင်ရေးသည်


KIA စစ်သားများ
နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ခ၀န်ပါဒေသ တွင် နေ့လည် ၁၁ နာရီ ၁၅ မိနစ် တွင် ကေအိုင်အေ တပ်မဟာ ၅ နှင့် မြန်မာအစိုးရ စစ်တပ် ခလရ ၁၂၁နှင့် အခြား တပ်ရင်း ၂ ရင်းတို့ပါဝင်သည့် တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် မြန်မာစစ်သား ၆ ဦးကို ကေအိုင်အေမှ မြုပ်နှံ ပေးခဲ့ပြီး မြန်မာ အစိုးရစစ်တပ်မှ အနည်းဆုံး ၁၀ ဦး ကျဆုံးခဲ့ကြောင်းနှင့် သေနတ် ၂ လက် နှင့် အခြား ပစ္စည်းများ ကောက်ယူရရှိ ကြောင်းသိရသည်။
ယင်းနေရာတွင် တိုက်ပွဲ များ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်မှာ ၂ လကျော်ကြာပြီဖြစ်ပြီး   မြန်မာအစိုးရ စစ်တပ်မှ တရာကျော် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ မြန်မာအစိုးရ စစ်တပ်မှ တပ်ရင်း ၆ ရင်းမှ ယင်းနေရာ တ၀ိုက်တွင် နေရာယူထားပြီး စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိသည်။
နိုဝင်ဘာ ၂၃ ရက်နေ့တွင်ပင် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်   နောင်ဇော်   ကျေးရွာအနီးတွင်   နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ယင်းတိုက်ပွဲ တွင် မြန်မာအစိုးရ စစ်တပ်မှ ၂ ဦးသေဆုံးကာ လေးဦးဒဏ်ရာရ ကြောင်းသိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ဖကွန်မ် ကျေးရွာအနီး ဂါဒေါတွင် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယင်းနေရာတ၀ိုက်တွင် နိုဝင်ဘာလ ၁၃ ရက်ဝန်းကျင်မှ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
post by Kachinland News
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"