ယင်းတိုက်ပွဲတွင် ကျဆုံးခဲ့သည့် မြန်မာစစ်သား ၆ ဦးကို ကေအိုင်အေမှ မြုပ်နှံ ပေးခဲ့ပြီး မြန်မာ အစိုးရစစ်တပ်မှ အနည်းဆုံး ၁၀ ဦး ကျဆုံးခဲ့ကြောင်းနှင့် သေနတ် ၂ လက် နှင့် အခြား ပစ္စည်းများ ကောက်ယူရရှိ ကြောင်းသိရသည်။
ယင်းနေရာတွင် တိုက်ပွဲ များ နေ့စဉ်ရက်ဆက် ဖြစ်ပွားနေသည်မှာ ၂ လကျော်ကြာပြီဖြစ်ပြီး မြန်မာအစိုးရ စစ်တပ်မှ တရာကျော် ကျဆုံးသွားခဲ့ပြီဖြစ်သည်။ မြန်မာအစိုးရ စစ်တပ်မှ တပ်ရင်း ၆ ရင်းမှ ယင်းနေရာ တ၀ိုက်တွင် နေရာယူထားပြီး စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိသည်။
နိုဝင်ဘာ ၂၃ ရက်နေ့တွင်ပင် ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ် နောင်ဇော် ကျေးရွာအနီးတွင် နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ ကြောင်းသိရသည်။ ယင်းတိုက်ပွဲ တွင် မြန်မာအစိုးရ စစ်တပ်မှ ၂ ဦးသေဆုံးကာ လေးဦးဒဏ်ရာရ ကြောင်းသိရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ဖကွန်မ် ကျေးရွာအနီး ဂါဒေါတွင် နံနက် ၉ နာရီခွဲမှ ညနေ ၅ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။ ယင်းနေရာတ၀ိုက်တွင် နိုဝင်ဘာလ ၁၃ ရက်ဝန်းကျင်မှ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
post by Kachinland News
No comments:
Post a Comment