Monday, November 14, 2011

မြန်မာ အစိုးရစစ်တပ် ဓာတုလက်နက် အသုံးပြုမူ အရေအတွက် ပိုစိတ်လာ


မြန်မာအစိုးရစစ်တပ်သုံး လက်နက်ကြီး ကျည်ဆံ
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် မြန်မာအစိုးရ စစ်တပ်မှ ဓာတု လက်နက် အသုံးပြုမှု အရေအတွက် ပိုမိုများပြား လာကြောင်း သိရသည်။
အောက်တိုဘာ ၂၈ ရက်နေ့ မြစ်ကြီးနား လိုင်ဇာကားလမ်း ပေါ်ရှိ ဂါးရာယန်နှင့် ရွေညောင်ပင်ရွာ ကြား ဖြစ်ပွားသည့် တိုက်ပွဲတွင် လက်နက်ကြီးများနှင့် ရောနှော ပစ်ခတ် ပြီး စတင်အသုံးပြုခဲ့သည်။
နိုဝင်ဘာလ ၁၀၊ ၁၁  ရက်နေ့၊ တာပိန်ရေအားလျပ်စစ် အနီးရှိ ဆန်ဂန်ကျေးရွာ တ၀ိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲတွင် လည်း အသုံးပြုခဲ့သည်။
နိုဝင်ဘာ ၁၁၊ ၁၂ ရက်နေ့ ဗန်းမော်- လွယ်ဂျယ်ကားလမ်း လော့ဒန်ကျေးရွာ တ၀ိုက်တွင် ဖြစ်ပွားသည့် တိုက်ပွဲများတွင် ၁၃ ကြိမ်အသုံးပြုခဲ့ကြောင်းသိရသည်။
ယင်းဓါတုလက်နက် ထိခိုက်ခံရသူများသည် ကနဦးတွင် အသက်ရှုရာတွင် ပူစပ်ပူလောင်ဖြစ်ပြီး နောက်ပိုင်းတွင် ခေါင်းမူး၊ယားယံ၊အော့အန်၊ သတိလစ်သည့် ဝေဒနာများ ခံစားရကြောင်းသိရသည်။
မြန်မာအစိုးရသည် ဇန်န၀ါရီလ ၁၃ ရက် ၁၉၉၃ ခုနှစ်တွင် ဓါတုလက်နက် ထိန်းချုပ် ဖျက်သိမ်းရေး ဆိုင်ရာ သဘောတူညီချက်တွင် သဘောတူလက်မှတ်ရေးထိုးထားသည်။ ယင်းစာချုပ်တွင်လက်မှတ်ရေးထိုးထားသည့် နိုင်ငံ ၁၉ နိုင်ငံရှိသည်။

No comments:

Post a Comment