Monday, November 14, 2011

အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု လွယ်ဟို စေတောင်ရှိ အစိုးရ၏ မြေအောက်လှိုဏ်ခေါင်း တပ်စ ခန်းအား KIA မှ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး အပါအဝင် အစိုးရတပ်မှ ၅ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း KIA ရှေ့တန်း စစ်ဘက်သတင်းရပ်ကွက် အဆိုအရသိရသည်။

“မနက် ၈ နာရီခွဲလောက်မှာ မိုင်းအရင်ကွဲတယ် ၁၀ နာရီလောက်မှာ တိုက်ပွဲစဖြစ်တယ် ၃ နာရီလောက်ကြာ တယ်။ အစိုးရတပ်ကဗိုလ်မှူးတစ်ဦးအပါ ၅ ဦးသေတယ် ၃ ဦးဒဏ်ရာရတယ်။ KIA ဘက်က အထိအခိုက်မရှိဘူး ” - ဟု သူက ဆိုသည်။
http://www.mongloi.org/burmese/images/stories/newspictures/2011/october/KIA_Soldiers.jpg

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသော မန့်ဝိန်းကြီးကျေးရွာအုပ်စုကောင်းခါရွာ အနီး လွယ်ဟိုစေတောင် (ကျားခေါင်းတောင်)ကို ထွင်းဖေါက်၍ မြေအောက်လှိုဏ်ခေါင်း ဖေါက်ထားခြင်းဖြစ်ပြီး ゞင်းလှိုဏ် ခေါင်း အတွင်း အစိုးရတပ်များ အခြေချနေထိုင်ကြောင်းဒေသခံတစ်ဦးက ဆိုသည်။

“တောင်ကို လှိုဏ်ခေါင်းဖေါက်ပြီး တပ်စခန်းဆောက်ထားတာ  စစ်တပ်လည်းအမြဲတမ်းရှိနေတယ်။ ပြောနေ တာတော့ လက်နက်ခဲယမ်းတွေလည်း သိုလှောင်ထားတယ်ပေါ့။ မန့်ဝိန်းကြီးကနေ ၂ မိုင်လောက်ဝေးတဲ့ ကောင်းခါရွာနားမှာရှိ တယ်” ဟု သူကဆိုသည်။

ယနေ့နံနက်ပိုင်းက အဆိုပါ မန့်ဝိန်းကြီးဘက်သို့ အစိုးရစစ်ကား ၁၅ စီးခန့် နမ့်ခမ်းမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။

No comments:

Post a Comment