ထိပ်ဆုံး သတင်း :
Home » » အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

11/14/2011 04:12:00 PMတွင်ရေးသည်

ကချင်ပြည်နယ် မန့်ဝိန်းကြီးကျေးရွာအုပ်စု လွယ်ဟို စေတောင်ရှိ အစိုးရ၏ မြေအောက်လှိုဏ်ခေါင်း တပ်စ ခန်းအား KIA မှ နိုဝင်ဘာ ၁၃ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး အပါအဝင် အစိုးရတပ်မှ ၅ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကြောင်း KIA ရှေ့တန်း စစ်ဘက်သတင်းရပ်ကွက် အဆိုအရသိရသည်။

“မနက် ၈ နာရီခွဲလောက်မှာ မိုင်းအရင်ကွဲတယ် ၁၀ နာရီလောက်မှာ တိုက်ပွဲစဖြစ်တယ် ၃ နာရီလောက်ကြာ တယ်။ အစိုးရတပ်ကဗိုလ်မှူးတစ်ဦးအပါ ၅ ဦးသေတယ် ၃ ဦးဒဏ်ရာရတယ်။ KIA ဘက်က အထိအခိုက်မရှိဘူး ” - ဟု သူက ဆိုသည်။
http://www.mongloi.org/burmese/images/stories/newspictures/2011/october/KIA_Soldiers.jpg

သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် နယ်မြေချင်းထိစပ်နေသော မန့်ဝိန်းကြီးကျေးရွာအုပ်စုကောင်းခါရွာ အနီး လွယ်ဟိုစေတောင် (ကျားခေါင်းတောင်)ကို ထွင်းဖေါက်၍ မြေအောက်လှိုဏ်ခေါင်း ဖေါက်ထားခြင်းဖြစ်ပြီး ゞင်းလှိုဏ် ခေါင်း အတွင်း အစိုးရတပ်များ အခြေချနေထိုင်ကြောင်းဒေသခံတစ်ဦးက ဆိုသည်။

“တောင်ကို လှိုဏ်ခေါင်းဖေါက်ပြီး တပ်စခန်းဆောက်ထားတာ  စစ်တပ်လည်းအမြဲတမ်းရှိနေတယ်။ ပြောနေ တာတော့ လက်နက်ခဲယမ်းတွေလည်း သိုလှောင်ထားတယ်ပေါ့။ မန့်ဝိန်းကြီးကနေ ၂ မိုင်လောက်ဝေးတဲ့ ကောင်းခါရွာနားမှာရှိ တယ်” ဟု သူကဆိုသည်။

ယနေ့နံနက်ပိုင်းက အဆိုပါ မန့်ဝိန်းကြီးဘက်သို့ အစိုးရစစ်ကား ၁၅ စီးခန့် နမ့်ခမ်းမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
ဆက်လက် မျှဝေရန်... :

0 comments ::

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့် ... !

မင်္ဂံလာပါ

close
cbox

မင်ဘာ ဝင်ပေးဖို့ ဖိတ်ခေါ်ပါတယ်

Ayar Myanmar Unicode Font
Zawgyi Font
Ayar Online Editor
Ayar Online Converter
Ayar Online Dictionary
Ayar Myanmar Unicode Group

like လေးနှိပ်ပြီး အားပေးခဲ့ပါ

ကျေးဇူးပြုပြီး 10 စက္ကန့် စောင့်ပါ ပိတ်ရန်
"၉၆၉"ဆိုတာဘာလဲ?ဘယ်သူတွေဖွဲ့တာလဲ?
ဘီဘီစီနှောက်ဆုံး အသံ လွှင့် အစီအစဉ်များ
နေ့အလိုက် အသံလွှင့် အစီအစဉ်များ နားထောင်လိုလျှင်
DVB နေ့စဉ် အစီအစဉ်များ
DVB တိုင်းရင်းသား ဘာသာ အစီအစဉ်များ
 
Support : Creating Website | Mas Template
Proudly powered by Blogger
Copyright © 2011. ဟတ်လှိုင်း မီဒီယာ တို့ လာရောက်သူအပေါင်း ကိုယ်စိတ်နှလုံး ကျန်းမာချမ်းသာကြပါစေဗျာ
Design by DauGyung lhaovo nao"